မန်ယူ နည်းပြ တန်ဟက် ပြောသွားတဲ့ တိုက်စစ်မှုး မားကပ် ရပ်ရှ်ဖို့ဒ် ရဲ့ ဒဏ်ရာ အခြေအနေ
မနေ့ညက အဲဗာတန်ကို နိုင်တဲ့ ပွဲ ပြီးနောက် မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်က တိုက်စစ် ကစားသမားရပ်ရှ်ဖို့ဒ်ရဲ့ အနေအထားကို စောင့်ကြည့်ရမှာဖြစ်ပြီး အခုလောလောဆယ်မှာတော့ သူ့ ဒဏ်ရာက အခြေအနေ သိပ်မကောင်းဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
အဲဗာတန်အသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်အသင်းအတွက် တွမ်မီနေး မာစီယဲလ်တို့က ဂိုးတွေသွင်းယူခဲ့ကြပြီး ရပ်ရှ်ဖို့ဒ်ဟာ ဂိုးမသွင်းနိုင်ပေမယ့် (၇၁)မိနစ်မှာ မာစီယဲလ် ဂိုးရအောင် ဂိုးဖန်တီးပေးခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါပေမဲ့လည်း (၇၈)မိနစ်မှာ အဲရစ်ဆင် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ရပ်ရှ်ဖို့ဒ်က ခြေထောက်မြှောက်ပြီးတော့ လှမ်းထိန်းဖို့ ကြိုးစားတာကနေ ပေါင်ခြံဒဏ်ရာ ရရှိခဲ့ပြီး ဆေးအဖွဲ့က သူ့ကို ဆေးကုပေးခဲ့ပေမယ့် ပွဲ ဆက်လက် မကစားနိုင်တဲ့ အတွက် နည်းပြ အဲရစ်တန်ဟက်က ရပ်ရှ်ဖို့ဒ်ကို ဗက်ဟော့တ်နဲ့လူစားလဲခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ကွင်းထဲကနေ ခြေထော့နင်းနဲ့ထွက်လာပြီး အဝတ်လဲခန်းထဲ တစ်ခါတည်းတန်းဝင်သွားတာကြောင့် ယူနိုက်တက် ပရိသတ်တွေက ရပ်ရှ်ဖို့ဒ်ရဲ့ဒဏ်ရာ ပြင်းထန်မှာကို စိုးရိမ်တကြီးဖြစ်နေကြပါတယ်။
အဲဗာတန်နဲ့ ပွဲအပြီးမှာ အဲရစ်တန်ဟက်က “ရပ်ရှ်ဖို့ဒ်ရဲ့အနေအထားကို ကျွန်တော်တို့ စောင့်ကြည့်ရမှာဖြစ်ပြီး အခြေအနေတော့ သိပ်မကောင်းပါဘူး။ အဓိကပြဿနာက ပွဲတွေ ဆက်တိုက်ကစားနေရတာကြောင့် ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအပေါ် ထိခိုက်စေပြီး (၆)ရက်အတွင်း (၃)ပွဲအထိ ကစားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ အင်္ဂလန်လက်ရွေးစင်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက် အသင်း အတွက် မယုံနိုင်လောက်အောင် ခြေစွမ်းပြ ဂိုးတွေသွင်းယူနေပြီး ပြိုင်ပွဲစုံ(၄၆)ပွဲကစား၊ (၂၈)ဂိုးသွင်းယူခဲ့သလို ဂိုးဖန်တီးမှု (၉)ကြိမ်အထိပြုလုပ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့်(၄)အတွင်း ဝင်ဖို့အတွက်သာမက လက်ကျန်ဖလားပြိုင်ပွဲတွေဖြစ်တဲ့ ယူရိုပါလိဂ်နဲ့ FA ဖလားချန်ပီယံဆုတွေ ရယူနိုင်ဖို့ ရုန်းကန်နေရချိန်မှာ ရပ်ရှ်ဖို့ဒ်တစ်ယောက် ဒဏ်ရာရသွားတာက အသင်းနဲ့ နည်းပြအဲရစ်တန်ဟက်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာပါတယ်။

ZG – မေန႔ညက အဲဗာတန္ကို နိုင္တဲ့ ပြဲ ျပီးေနာက္ မန္ခ်က္စတာ ယူႏိုက္တက္ နည္းျပ အဲရစ္တန္ဟက္က တိုက္စစ္ ကစားသမားရပ္ရွ္ဖို႔ဒ္ရဲ႕ အေနအထားကို ေစာင့္ၾကည့္ရမွာျဖစ္ၿပီး အခုေလာေလာဆယ္မွာေတာ့ သူ႔ ဒဏ္ရာက အေျခအေန သိပ္မေကာင္းဘူးလို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။
အဲဗာတန္အသင္းကို (၂-ဝ)ဂိုးနဲ႔ အႏိုင္ရတဲ့ ပရီးမီးယားလိဂ္ပြဲမွာ ယူႏိုက္တက္အသင္းအတြက္ တြမ္မီေနး မာစီယဲလ္တို႔က ဂိုးေတြသြင္းယူခဲ့ၾကၿပီး ရပ္ရွ္ဖို႔ဒ္ဟာ ဂိုးမသြင္းႏိုင္ေပမယ့္ (၇၁)မိနစ္မွာ မာစီယဲလ္ ဂိုးရေအာင္ ဂိုးဖန္တီးေပးခဲ့ပါတယ္။
ဒါေပမဲ့လည္း (၇၈)မိနစ္မွာ အဲရစ္ဆင္ ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ရပ္ရွ္ဖို႔ဒ္က ေျခေထာက္ေျမႇာက္ၿပီးေတာ့ လွမ္းထိန္းဖို႔ ႀကိဳးစားတာကေန ေပါင္ၿခံဒဏ္ရာ ရရွိခဲ့ၿပီး ေဆးအဖြဲ႕က သူ႔ကို ေဆးကုေပးခဲ့ေပမယ့္ ပြဲ ဆက္လက္ မကစားႏိုင္တဲ့ အတြက္ နည္းျပ အဲရစ္တန္ဟက္က ရပ္ရွ္ဖို႔ဒ္ကို ဗက္ေဟာ့တ္နဲ႔လူစားလဲခဲ့ပါတယ္။
ရပ္ရွ္ဖို႔ဒ္ဟာ ကြင္းထဲကေန ေျခေထာ့နင္းနဲ႔ထြက္လာၿပီး အဝတ္လဲခန္းထဲ တစ္ခါတည္းတန္းဝင္သြားတာေၾကာင့္ ယူႏိုက္တက္ ပရိသတ္ေတြက ရပ္ရွ္ဖို႔ဒ္ရဲ႕ဒဏ္ရာ ျပင္းထန္မွာကို စိုးရိမ္တႀကီးျဖစ္ေနၾကပါတယ္။
အဲဗာတန္နဲ႔ ပြဲအၿပီးမွာ အဲရစ္တန္ဟက္က “ရပ္ရွ္ဖို႔ဒ္ရဲ႕အေနအထားကို ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး အေျခအေနေတာ့ သိပ္မေကာင္းပါဘူး။ အဓိကျပႆနာက ပြဲေတြ ဆက္တိုက္ကစားေနရတာေၾကာင့္ ကစားသမားေတြရဲ႕ ႀကံ့ခိုင္မႈအေပၚ ထိခိုက္ေစၿပီး (၆)ရက္အတြင္း (၃)ပြဲအထိ ကစားဖို႔ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။
အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အဂၤလန္လက္ေ႐ြးစင္ကစားသမား ရပ္ရွ္ဖို႔ဒ္ဟာ ဒီရာသီမွာ ယူႏိုက္တက္ အသင္း အတြက္ မယုံႏိုင္ေလာက္ေအာင္ ေျခစြမ္းျပ ဂိုးေတြသြင္းယူေနၿပီး ၿပိဳင္ပြဲစုံ(၄၆)ပြဲကစား၊ (၂၈)ဂိုးသြင္းယူခဲ့သလို ဂိုးဖန္တီးမႈ (၉)ႀကိမ္အထိျပဳလုပ္ခဲ့ပါတယ္။
ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္မွာ အဆင့္(၄)အတြင္း ဝင္ဖို႔အတြက္သာမက လက္က်န္ဖလားၿပိဳင္ပြဲေတြျဖစ္တဲ့ ယူ႐ိုပါလိဂ္နဲ႔ FA ဖလားခ်န္ပီယံဆုေတြ ရယူႏိုင္ဖို႔ ႐ုန္းကန္ေနရခ်ိန္မွာ ရပ္ရွ္ဖို႔ဒ္တစ္ေယာက္ ဒဏ္ရာရသြားတာက အသင္းနဲ႔ နည္းျပအဲရစ္တန္ဟက္အတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာပါတယ္။