အလာလမ်းမှာ အက်ဆီးဒင့် ဖြစ်ခဲ့ပေမယ့် အဲဗာတန်နဲ့ ပွဲ အရောက် လာကြည့်သွားတဲ့ မန်ယူ ဂန္တဝင်ကြီး
မန်ချက်စတာယူနိုက်တက် ဂန္ထဝင် ဘရိုင်ယန်ရော့ဘ်ဆင်ဟာ ပြီးခဲ့တဲ့ စနေနေ့က မန်ယူ – အဲဗာတန် ပွဲအား လာရောက်ကြည့်စဉ် ယာဉ်မတော်တဆမှုတွင် ပါဝင်သွား ခဲ့တယ် လို့ သိရပါတယ်။
အသက်၆၆နှစ်ရှိပြီ ဖြစ်တဲ့ မန်ယူနိုက်တက်ရဲ့ ကျောနံပါတ် ၇ပိုင်ရှင်ဟောင်းဟာ မာစီဒီး S350dကို မောင်းပြီး အိုးထရက်ဖို့ဒ်ကွင်းသို့ လာစဉ် သူ့ကားကို နောက်မှ ကားတစ်စီးရဲ့ဝင်တိုက်ခြင်းခံခဲ့ရပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဘရိုင်ယန်ရော့ဘ်ဆင်ရဲ့ကားနောက်ပိုင်းဟာ ယင်းယာဉ်တိုက်မှုကြောင့် ပျက်စီးသွားခဲ့တာလည်းတွေ့ရပါတယ်။
ယင်းနောက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များရောက်လာပြီး ယာဉ်တိုက်မှုဖြစ်ပျက်ထားတဲ့ယာဉ်များကို ဖယ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
ရော့ဘ်ဆင်ဟာကစားသမားဘဝတုန်းက Captain Marvel အမည်ဖြင့် နာမည်ကျော်ကြားခဲ့သူဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် စကားပြောနေခဲ့တာလည်းတွေ့ရပါတယ်။
သူဟာ လက်ရှိမှာလည်း ယူနိုက်တက်အသင်းတွင် သံတမန်အဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။
အထက်ပါအဖြစ်အပျက်မှာမန်ချက်စတာရှိ Princess Parkway တွင်ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ဘရိုင်ယန် ရော့ဘ်ဆင်ဟာ ယာဉ်မတော်တဆမှု ဖြစ်ပျက်ခဲ့ပေမဲ့လည်း အိုးထရက်ဖို့ဒ်ကွင်းသို့ အရောက်သွားခဲ့ပြီး ယူနိုက်တက်ရဲ့ အဲဗာတန်ကို၂-ဝဂိုးဖြင့် အနိုင်ရတဲ့ပွဲကိုကြည့်ရှုခဲ့တာတွေ့ရပါတယ်။
ရော့ဘ်ဆင်ဟာ ယူနိုက်တက်တွင် ၁၃နှစ်ကြာ ကစားတုန်းက၄၇၀ပွဲကစားခဲ့ကာ ဂိုး၁၃၀ သွင်းယူပေးခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဂရိတ်တားမန်ချက်စတာရဲတပ်ဖွဲ့က အထက်ပါ အသေးစားယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး တစုံတရာ မှတ်ချက်မပေးသေးပါဘူး။

ZG – မန္ခ်က္စတာယူႏိုက္တက္ ဂႏၴဝင္ ဘ႐ိုင္ယန္ေရာ့ဘ္ဆင္ဟာ ျပီးခဲ့တဲ့ စေနေန႔က မန္ယူ – အဲဗာတန္ ပြဲအား လာေရာက္ၾကည့္စဥ္ ယာဥ္မေတာ္တဆမႈတြင္ ပါဝင္သြား ခဲ့တယ္ လို႔ သိရပါတယ္။
အသက္၆၆ႏွစ္ရွိျပီ ျဖစ္တဲ့ မန္ယူႏိုက္တက္ရဲ႕ ေက်ာနံပါတ္ ၇ပိုင္ရွင္ေဟာင္းဟာ မာစီဒီး S350dကို ေမာင္းၿပီး အိုးထရက္ဖို႔ဒ္ကြင္းသို႔ လာစဥ္ သူ႔ကားကို ေနာက္မွ ကားတစ္စီးရဲ႕ဝင္တိုက္ျခင္းခံခဲ့ရပါတယ္။
ဘ႐ိုင္ယန္ေရာ့ဘ္ဆင္ရဲ႕ကားေနာက္ပိုင္းဟာ ယင္းယာဥ္တိုက္မႈေၾကာင့္ ပ်က္စီးသြားခဲ့တာလည္းေတြ႕ရပါတယ္။
ယင္းေနာက္ပိုင္းတြင္ ရဲတပ္ဖြဲ႕ဝင္မ်ားေရာက္လာၿပီး ယာဥ္တိုက္မႈျဖစ္ပ်က္ထားတဲ့ယာဥ္မ်ားကို ဖယ္ရွားမႈျပဳလုပ္ခဲ့ပါတယ္။
ေရာ့ဘ္ဆင္ဟာကစားသမားဘဝတုန္းက Captain Marvel အမည္ျဖင့္ နာမည္ေက်ာ္ၾကားခဲ့သူျဖစ္ၿပီး ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ စကားေျပာေနခဲ့တာလည္းေတြ႕ရပါတယ္။
သူဟာ လက္ရွိမွာလည္း ယူႏိုက္တက္အသင္းတြင္ သံတမန္အျဖစ္ တာဝန္ထမ္းေဆာင္ေနသူလည္းျဖစ္ပါတယ္။
အထက္ပါအျဖစ္အပ်က္မွာမန္ခ်က္စတာရွိ Princess Parkway တြင္ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။ဘ႐ိုင္ယန္ ေရာ့ဘ္ဆင္ဟာ ယာဥ္မေတာ္တဆမႈ ျဖစ္ပ်က္ခဲ့ေပမဲ့လည္း အိုးထရက္ဖို႔ဒ္ကြင္းသို႔ အေရာက္သြားခဲ့ၿပီး ယူႏိုက္တက္ရဲ႕ အဲဗာတန္ကို၂-၀ဂိုးျဖင့္ အႏိုင္ရတဲ့ပြဲကိုၾကည့္ရႈခဲ့တာေတြ႕ရပါတယ္။
ေရာ့ဘ္ဆင္ဟာ ယူႏိုက္တက္တြင္ ၁၃ႏွစ္ၾကာ ကစားတုန္းက၄၇၀ပြဲကစားခဲ့ကာ ဂိုး၁၃၀ သြင္းယူေပးခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ဂရိတ္တားမန္ခ်က္စတာရဲတပ္ဖြဲ႕က အထက္ပါ အေသးစားယာဥ္တိုက္မႈႏွင့္ ပတ္သက္ၿပီး တစုံတရာ မွတ္ခ်က္မေပးေသးပါဘူး။