အိုဒွိုင်းကို မခေါ်တဲ့ ဆောက်ဂိတ်၊ ဟာဇက်ကို ငြင်းလိုက်တဲ့ ယူနိုက်တက်နဲ့ ယနေ့ နံနက်ခင်း သတင်းတိုများ
အင်္ဂလန် နည်းပြဆောက်ဂိတ်ကတော့ ချဲလ်ဆီး တောင်ပံကစားသမား အိုဒွိုင်းကို လက်ရွေးစင်မှာ ရွေးချယ်ခဲ့ခြင်း မရှိတာနဲ့ ပတ်သက်ပြီး အိုဒွိုင်းအနေနဲ့ လက်ရွေးစင်ထက်စာရင် ယူ-၂၁ အသင်းမှာ ကစားတာက ပိုပြီး ခြေစွမ်းပြနိုင်မဲ့ အခွင့်အရေးဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
တော့တင်ဟမ်စပါးအသင်းဟာ ဖီအိုရင်တီးနား ကြယ်ပွင့် ဗလာဟိုဗစ် ကို ခေါ်ယူရေးမှာ အခွင့် သာနေကြောင်း သိရပါတယ်။ ၎င်းကို ဂျူဗင်တပ်ကလည်း အလိုရှိခဲ့ပေမယ့် နောက်ဆုတ်သွားခဲ့တာပါ။
ဗီလာရီးရဲလ်အသင်းဟာ နယူးကာဆယ်ရဲ့ ချိတ်ဆက်မှု ရှိနေတဲ့ နည်းပြ အူနိုင်း အမ်မရီကို လက်လွှတ်ရရင် အစားထိုးဖို့ ဘာစီလိုနာ နည်းပြဟောင်း ဗယ်ဗာဒီကို အလိုရှိနေပါတယ်။

ဘာစီလိုနာ တောင်ပံကစားသမား ဒမ်ဘီလီဟာ ဒိုင်နမိုကိဗ်နဲ့ ပွဲစဉ်မှာ ၂၅ မိနစ်လောက် ဝင်ရောက် ကစားပြီးနောက် တံကောက်ကြော ဒဏ်ရာ ထပ်မံရရှိသွားခဲ့ပြန်ပါတယ်။ ဒမ်ဘီလီ ဟာ ဒူးဒဏ်ရာကနေ ပြန်ကောင်းလာတာ ရက်ပိုင်းသာ ရှိပါသေးတယ်။
အဲဗာတန်နည်းပြ ဘင်နီတက်ဇ် က ဇန်နဝါရီမှာ Box-to-box ကစားသမားနဲ့ တောင်ပံကစားသမားတစ်ဦး အားဖြည့်သွားဖို့ စီစဉ်နေပါတယ်။
အင်တာမီလန် ကွင်းလယ်ကစားသမား နီကို ဘာရယ်လာဟာ စီးရီးအေကလပ်နဲ့ပဲ သက်တမ်းတိုး စာချုပ် ချုပ်ဆိုတော့မှာ ဖြစ်တယ်လို့ သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။
လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ ဂုရု မိုက်ကယ်အက်ဝပ်ကို လိုက်ပ်ဇစ် အသင်းက အားကစား ဒါရိုက်တာ အဖြစ် ခန့်အပ်ဖို့ ချဉ်းကပ်နေပေမယ့် အက်ဝပ်က လက်မခံထားဘူးလို့ သိရပါတယ်။ ၎င်းက ရာသီကုန်မှာ လီဗာပူးနဲ့ စာချုပ် ကုန်ဆုံးတော့မှာပါ။
မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် ဇန်နဝါရီမှာ အီဒင်ဟာဇက်ကို ခေါ်ယူဖို့ အခွင့် ရှိခဲ့ပေမယ့် တခါတည်း ငြင်းပယ်ခဲ့ကြောင်း စပိန် သတင်းတွေက ဖော်ပြလာပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လ်ဂျီယံသားကို ရောင်းချလိုနေပြီ ဖြစ်ပါတယ်။

အဂၤလန္နညး္ျပေဆာက္ဂိတ္ကေတာ့ ခ်ဲလ္ဆီး ေတာင္ပံကစားသမား အိုဒိြဳငး္ကို လက္ေရြးစင္မွာ ေရြးခ်ယ္ခဲ့ျခင္း မရွိတာနဲ႔ ပတ္သက္ၿပီး အိုဒိြဳင္းအေနနဲ႔ လက္ေရြးစင္ထက္စာရင္ ယူ-၂၁ အသင္းမွာ ကစားတာက ပိုၿပီး ေျခစြမ္းျပႏုိင္မဲ့ အခြင့္အေရးျဖစ္ေၾကာငး္ ဖြင့္ဟခဲ့ပါတယ္။
ေတာ့တင္ဟမ္စပါးအသင္းဟာ ဖီအိုရင္တီးနား ၾကယ္ပြင့္ ဗလာဟိုဗစ္ ကို ေခၚယူေရးမွာ အခြင့္ သာေနေၾကာင္း သိရပါတယ္။ ၄င္းကို ဂ်ဴဗင္တပ္ကလည္း အလိုရွိခဲ့ေပမယ့္ ေနာက္ဆုတ္သြားခဲ့တာပါ။
ဗီလာရီးရဲလ္အသင္းဟာ နယူးကာဆယ္ရဲ႕ ခ်ိတ္ဆက္မႈ ရွိေနတဲ့ နည္းျပ အူနိုင္း အမ္မရီကို လက္လႊတ္ရရင္ အစားထိုးဖို႔ ဘာစီလိုနာ နည္းျပေဟာင္း ဗယ္ဗာဒီကို အလိုရွိေနပါတယ္။
ဘာစီလုိနာ ေတာင္ပံကစားသမား ဒမ္ဘီလီဟာ ဒိုင္နမိုကိဗ္နဲ႔ ပြဲစဥ္မွာ ၂၅ မိနစ္ေလာက္ ၀င္ေရာက္ ကစားၿပီးေနာက္ တံေကာက္ေၾကာ ဒဏ္ရာ ထပ္မံရရွိသြားခဲ့ျပန္ပါတယ္။ ဒမ္ဘီလီ ဟာ ဒူးဒဏ္ရာကေန ျပန္ေကာင္းလာတာ ရက္ပိုင္းသာ ရွိပါေသးတယ္။
အဲဗာတန္နည္းျပ ဘင္နီတက္ဇ္ က ဇန္နဝါရီမွာ Box-to-box ကစားသမားနဲ႔ ေတာင္ပံကစားသမားတစ္ဦး အားျဖည့္သြားဖို႔ စီစဥ္ေနပါတယ္။
အင္တာမီလန္ ကြင္းလယ္ကစားသမား နီကိုို ဘာရယ္လာဟာ စီးရီးေအကလပ္နဲ႕ပဲ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုေတာ့မွာ ျဖစ္တယ္လို႔ သတင္းေထာက္ ရိုမန္နိုက ေဖာ္ထုတ္ထားပါတယ္။
လီဗာပူးအသင္းရဲ႕ အေျပာင္းအေရႊ႕ ဂုရု မိုက္ကယ္အက္၀ပ္ကို လိုက္ပ္ဇစ္ အသင္းက အားကစား ဒါရုိက္တာ အျဖစ္ ခန္႔အပ္ဖို႔ ခ်ဥ္းကပ္ေနေပမယ့္ အက္၀ပ္က လက္မခံထားဘူးလို႔ သိရပါတယ္။ ၄င္းက ရာသီကုန္မွာ လီဗာပူးနဲ႕ စာခ်ဳပ္ ကုန္ဆံုးေတာ့မွာပါ။
မန္ခ်က္စတာ ယူနိုက္တက္ဟာ လာမယ့္ ဇန္နဝါရီမွာ အီဒင္ဟာဇက္ကို ေခၚယူဖို႔ အခြင့္ ရွိခဲ့ေပမယ့္ တခါတည္း ျငင္းပယ္ခဲ့ေၾကာင္း စပိန္ သတင္းေတြက ေဖာ္ျပလာပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ ဘယ္လ္ဂ်ီယံသားကို ေရာင္းခ်လိုေနျပီ ျဖစ္ပါတယ္။