ခြေစွမ်း စုတ်ပြတ်နေတဲ့ ဗန်ဒိုက်က မန်ယူရဲ့ ဗီဒစ် ထက် ပိုကောင်းတယ် ဇွတ် ပြောလာတဲ့ ကာရေဂါ

ဒီရာသီ အမှားတွေ များ ခြေစွမ်း ညံ့ဖျင်းသွားခဲ့တဲ့ လီဗာပူး နောက်ခံလူ ဗန်ဒိုက်ကို လီဗာပူး ကစားသမားဟောင်းကြီး ဂျေမီ ကာရေဂါ က ကာကွယ်ပြောဆို ပေးခဲ့ပြီး ဗန်ဒိုက် ဟာ မန်ယူ နောက်ခံလူဟောင်း နီမန်ဂျာ ဗီဒစ်ထက် အများကြီး ပိုကောင်းတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဗန်ဒိုက်ဟာ မနေ့ညက အာဆင်နယ်နဲ့ ၂ဂိုးစီ သရေကျခဲ့တဲ့ ပွဲအတွင်း သူ့ခြေစွမ်းကြောင့် ဝေဖန်ခံခဲ့ရပြီး ပထမ ပေးဂိုးမှာလဲ သူ့တာဝန်မကင်းခဲ့တာ ဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဗန်ဒိုက်ဟာ ဘောလုံးကို ရှင်းထုတ်ဖို့ ကြိုးစားရင်းနဲ့ မတော်တဆ မာတီနယ်လီရဲ့ လမ်းကြောင်းထဲ ဘောလုံး ရောက်သွားခဲ့ပြီးတော့ ဂိုးပေးလိုက်ရတာပါ။

ဗန်ဒိုက်ရဲ့ ခြေအဆင့်အတန်း ကျဆင်းမှုတွေကြောင့် ဝေဖန်မှုများစွာ ရှိခဲ့ပေမယ့် ကာရေဂါကတော့ ဗန်ဒိုက်ဟာ လိဂ်မှာအကောင်းဆုံး ဗဟိုနောက်ခံလူ ဖြစ်နေဆဲပါလို့ ပြောဆိုခဲ့ပါတယ်။

“ထိပ်တန်း ဗဟိုနောက်ခံလူ ဖြစ်ခဲ့တဲ့ မန်ယူက ဗီဒစ် ထက် ဗန်ဒိုက်က အများကြီးပိုကောင်းပါတယ်။ ဒါပေမယ့် တောရက်စ်နဲ့ ရင်ဆိုင်ရတုန်းက သူ့ရဲ့ စွမ်းဆောင်ရည်ကို မေ့သွားပြီလား။

ကစားသမားအားလုံးလိုပဲ ရီယိုဖာဒီနန်နဲ့ ဂျွန်တယ်ရီတို့လဲ သူတို့ကစားသမားဘဝမှာ ဆိုးရွားတဲ့ ရာသီတွေကို ကြုံခဲ့ရဖူးပါတယ်။ အခု ဗန်ဒိုက်လဲ အဲ့လိုကြုံနေရတယ်။ ပရီးမီးယားလိဂ် သမိူင်းမှာ အသင်းပေါ်ကို ဗန်ဒိုက်လိုမျိုး လွှမ်းမိုးအကျိုးပြုပေးနိူင်တဲ့ ဗဟိုနောက်ခံလူ မရှိပါဘူး” လို့ ကာရေဂါက ဆိုခဲ့တာ ဖြစ်ပါတယ်။

ZG – ဒီရာသီ အမွားေတြ မ်ား ေျခစြမ္း ညံ့ဖ်င္းသြားခဲ့တဲ့ လီဗာပူး ေနာက္ခံလူ ဗန္ဒိုက္ကို လီဗာပူး ကစားသမားေဟာင္းၾကီး ေဂ်မီ ကာေရဂါ က ကာကြယ္ေျပာဆို ေပးခဲ့ၿပီး ဗန္ဒိုက္ ဟာ မန္ယူ ေနာက္ခံလူေဟာင္း နီမန္ဂ်ာ ဗီဒစ္ထက္ အမ်ားႀကီး ပိုေကာင္းတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဗန္ဒိုက္ဟာ မေန႔ညက အာဆင္နယ္နဲ႔ ၂ဂိုးစီ သေရက်ခဲ့တဲ့ ပြဲအတြင္း သူ႔ေျခစြမ္းေၾကာင့္ ေဝဖန္ခံခဲ့ရၿပီး ပထမ ေပးဂိုးမွာလဲ သူ႔တာဝန္မကင္းခဲ့တာ ျဖစ္ပါတယ္။

ဗန္ဒိုက္ဟာ ေဘာလုံးကို ရွင္းထုတ္ဖို႔ ႀကိဳးစားရင္းနဲ႔ မေတာ္တဆ မာတီနယ္လီရဲ႕ လမ္းေၾကာင္းထဲ ေဘာလုံး ေရာက္သြားခဲ့ၿပီးေတာ့ ဂိုးေပးလိုက္ရတာပါ။

ဗန္ဒိုက္ရဲ႕ ေျခအဆင့္အတန္း က်ဆင္းမႈေတြေၾကာင့္ ေဝဖန္မႈမ်ားစြာ ရွိခဲ့ေပမယ့္ ကာေရဂါကေတာ့ ဗန္ဒိုက္ဟာ လိဂ္မွာအေကာင္းဆုံး ဗဟိုေနာက္ခံလူ ျဖစ္ေနဆဲပါလို႔ ေျပာဆိုခဲ့ပါတယ္။

“ထိပ္တန္း ဗဟိုေနာက္ခံလူ ျဖစ္ခဲ့တဲ့ မန္ယူက ဗီဒစ္ ထက္ ဗန္ဒိုက္က အမ်ားႀကီးပိုေကာင္းပါတယ္။ ဒါေပမယ့္ ေတာရက္စ္နဲ႔ ရင္ဆိုင္ရတုန္းက သူ႔ရဲ႕ စြမ္းေဆာင္ရည္ကို ေမ့သြားၿပီလား။

ကစားသမားအားလုံးလိုပဲ ရီယိုဖာဒီနန္နဲ႔ ဂြၽန္တယ္ရီတို႔လဲ သူတို႔ကစားသမားဘဝမွာ ဆိုး႐ြားတဲ့ ရာသီေတြကို ႀကဳံခဲ့ရဖူးပါတယ္။ အခု ဗန္ဒိုက္လဲ အဲ့လိုႀကဳံေနရတယ္။ ပရီးမီးယားလိဂ္ သမိူင္းမွာ အသင္းေပၚကို ဗန္ဒိုက္လိုမ်ိဳး လႊမ္းမိုးအက်ိဳးျပဳေပးႏိူင္တဲ့ ဗဟိုေနာက္ခံလူ မရွိပါဘူး” လို႔ ကာေရဂါက ဆိုခဲ့တာ ျဖစ္ပါတယ္။