သူ့ကစားသမားဘ၀ တစ်ခါမှ မနိုင်ဖူးတဲ့ အသင်းကို ဒီအပတ် ရှုံးကြွေးတွေ ဆပ်ပစ်တော့မယ့် ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒီဂီယာဟာ သူ့ကစားသမားဘ၀ တစ်ခါမှမနိုင်ဖူးတဲ့ နှစ်သင်းထဲက တစ်သင်း ဖြစ်တဲ့ ဆီဗီလာနဲ့ရင်ဆိုင်ဖို့အတွက် လေ့ကျင့်ပြင်ဆင်နေပါတယ်။

စပိန်သားဂိုးသမားဟာ ကစားသမားဘဝ တလျောက် အက်သလက်တီကိုနဲ့ မန်ယူတို့အတွက် ကလပ်ပွဲပေါင်း ၅၆၇ ပွဲကစားပေးခဲ့တာပါ။ သူ့ကစားသမားဘဝမှာ တစ်ခါမှ မနိုင်ဖူးတာဆိုလို့ ၂ သင်းသာရှိပြီး ဆီဗီလာအပြင် ရီးရဲလ်ဖြစ်ပါတယ်။

ရီးရဲလ်နဲ့ ကစားသမားဘဝ တွေ့ဆုံမှု မှတ်တမ်းမှာတော့ ၁ ပွဲသရေနဲ့ ၇ ပွဲရှုံးထားတာပါ။

ကစားသမားဘ၀ ဆီဗီလာနဲ့ တွေ့ဆုံမှုတွေမှာတော့ ၇ ပွဲမှာ ၂ ပွဲသရေနဲ့ ၅ ပွဲရှုံးထားပါတယ်။ အက်သလက်တီကိုမှာ ရှိစဉ် ဆီဗီလာနဲ့ ၄ ကြိမ်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး နောက် ၃ ကြိမ်ကတော့ မန်ယူရောက်မှပါ။

ကစားသမားဘ၀ ပထမဆုံးရာသီ ကတည်းက ဆီဗီလာဟာ သူ့ကို ဒုက္ခပေးခဲ့တဲ့အသင်းဖြစ်ပြီး အဲဒီတုန်းက အက်သလက်တီကိုနဲ့ ဆုဖလားရနိုင်မယ့်အခွင့်အရေး လွဲချော်ခဲ့ရပါတယ်။

မန်ယူရောက်တော့လည်း ဆီဗီလာနဲ့တွေ့ဆုံမှု ၃ ပွဲမှာ ၂ ပွဲရှုံးခဲ့ပြီး အဲဒီထဲမှာ ၂၀၂၀ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ရှုံံးပွဲလည်း ပါဝင်ခဲ့တာပါ။

အခုတစ်ပတ်မှာတော့ ဒီဂီယာရဲ့မန်ယူအသင်းဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ဆီဗီလာကို အိုးလ်ရက်ဖို့်ဒ်မှာ အရင်ဧည့်ခံရမှာဖြစ်ပြီး နောက်တစ်ပတ်မှာတော့ ဒုတိယအကျော့အဖြစ် စပိန်သွားကန်ရမှာ ဖြစ်ပါတယ်။

ဆီဗီလာဟာ ဒီရာသီပြည်တွင်းမှာ ရုန်းကန်နေရတာကြောင့် ဂိုးသမား ဒီဂီယာအတွက် လက်စားချေနိုင်မယ့် အကောင်းဆုံး အချိန်နဲ့ အခွင့်အလမ်း ဖြစ်နေတာပါ။

ZG – မန္ခ်က္စတာ ယူနိုက္တက္ ဂိုးသမား ဒီဂီယာဟာ သူ႔ကစားသမားဘ၀ တစ္ခါမွမႏိုင္ဖူးတဲ့ ႏွစ္သင္းထဲက တစ္သင္း ျဖစ္တဲ့ ဆီဗီလာနဲ႔ရင္ဆိုင္ဖို႔အတြက္ ေလ့က်င့္ျပင္ဆင္ေနပါတယ္။

စပိန္သားဂိုးသမားဟာ ကစားသမားဘဝ တေလ်ာက္ အက္သလက္တီကိုနဲ႔ မန္ယူတို႔အတြက္ ကလပ္ပြဲေပါင္း ၅၆၇ ပြဲကစားေပးခဲ့တာပါ။ သူ႔ကစားသမားဘဝမွာ တစ္ခါမွ မႏိုင္ဖူးတာဆိုလို႔ ၂ သင္းသာရွိၿပီး ဆီဗီလာအျပင္ ရီးရဲလ္ျဖစ္ပါတယ္။

ရီးရဲလ္နဲ႔ ကစားသမားဘဝ ေတြ႕ဆုံမႈ မွတ္တမ္းမွာေတာ့ ၁ ပြဲသေရနဲ႔ ၇ ပြဲရႈံးထားတာပါ။

ကစားသမားဘ၀ ဆီဗီလာနဲ႔ ေတြ႕ဆုံမႈေတြမွာေတာ့ ၇ ပြဲမွာ ၂ ပြဲသေရနဲ႔ ၅ ပြဲရႈံးထားပါတယ္။ အက္သလက္တီကိုမွာ ရွိစဥ္ ဆီဗီလာနဲ႔ ၄ ႀကိမ္ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ေနာက္ ၃ ႀကိမ္ကေတာ့ မန္ယူေရာက္မွပါ။

ကစားသမားဘ၀ ပထမဆုံးရာသီ ကတည္းက ဆီဗီလာဟာ သူ႔ကို ဒုကၡေပးခဲ့တဲ့အသင္းျဖစ္ၿပီး အဲဒီတုန္းက အက္သလက္တီကိုနဲ႔ ဆုဖလားရႏိုင္မယ့္အခြင့္အေရး လြဲေခ်ာ္ခဲ့ရပါတယ္။

မန္ယူေရာက္ေတာ့လည္း ဆီဗီလာနဲ႔ေတြ႕ဆုံမႈ ၃ ပြဲမွာ ၂ ပြဲရႈံးခဲ့ၿပီး အဲဒီထဲမွာ ၂၀၂၀ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္ရံႈံးပြဲလည္း ပါဝင္ခဲ့တာပါ။

အခုတစ္ပတ္မွာေတာ့ ဒီဂီယာရဲ႕မန္ယူအသင္းဟာ ယူ႐ိုပါလိဂ္ ကြာတားဖိုင္နယ္ ပထမအေက်ာ့အျဖစ္ ဆီဗီလာကို အိုးလ္ရက္ဖို႔္ဒ္မွာ အရင္ဧည့္ခံရမွာျဖစ္ၿပီး ေနာက္တစ္ပတ္မွာေတာ့ ဒုတိယအေက်ာ့အျဖစ္ စပိန္သြားကန္ရမွာ ျဖစ္ပါတယ္။

ဆီဗီလာဟာ ဒီရာသီျပည္တြင္းမွာ ႐ုန္းကန္ေနရတာေၾကာင့္ ဂိုးသမား ဒီဂီယာအတြက္ လက္စားေခ်ႏိုင္မယ့္ အေကာင္းဆုံး အခ်ိန္နဲ႕ အခြင့္အလမ္း ျဖစ္ေနတာပါ။