မန်ယူကို ဒီည အိုးထရက်ဖို့ဒ်မှာတည်းက ဖြုတ်မယ်လို့ ပွဲကြို စိန်ခေါ်တဲ့ ဆီဗီလာ အသင်းခေါင်းဆောင်
ဆီဗီလာ အသင်းခေါင်းဆောင် ရာကီတစ် ကတော့ မန်ချက်စတာ ယူနိုက်တက် ဒီည အိုးထရက်ဖို့ဒ်မှာ ကစားမယ့် ပထမ အကျော့ ပွဲတည်းက အနိုင်ကစားပြီး ဖြုတ်ချဖို့ စိတ် ဆုံးဖြတ်ထားပါတယ်။
ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့ ပွဲစဉ်ကို ဒီည အိုးထရက်ဖို့ဒ်မှာ ကစားမှာ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်က အိမ်ရှင် အားသာချက် ရှိထားပါတယ်။
(Read More နှိပျပွီး သတငျးကို အဆုံးထိ ဆကျလကျ ဖတျရှုနိုငျပါတယျ။)

ဒါပေမယ့် ရာကီတစ်ကတော့ ဒီပကျော့ကို လျှော်ထားပြီး ဒုတိယအကျော့ စပိန်မြေမှ ရုန်းမှာထက် ဒီညပွဲမှာတည်းက အနိုင် ကစားမယ်လို့ ဆိုလာခဲ့တာပါတယ်။
” မန်ချက်စတာ ယူနိုက်တက် က အောင်ပွဲရဖို့ ရေပန်းစားတဲ့ အသင်းပါ။ ဒါပေမယ့် ယူရိုပါလိဂ်မှာ ဆီဗီလာကလည်း အစဉ်အလာ သမိုင်းကြောင်း ကောင်းတဲ့ အသင်း ဖြစ်တယ်၊ ဒါကို ကျနော်တို့ ဆက်လက် ထိန်းထားချင်ပါတယ်။
ထရိန်နင်မှာ ဆိုရင် ကျနော်တို့ က တကယ်ကို ကြိုးစား လေ့ကျင့်ထားတယ်။ မန်နေဂျာကလည်း ဒီပွဲမှာ ကောင်းကောင်း လုပ်နိုင်မယ် ဆိုတဲ့ ယုံကြည်ချက်လည်း ရှိနေပုံပါ။ ယူရိုပါလိဂ်မှာ တကယ် အရေးပါတဲ့ ပွဲ ကစားကြပါမယ်။
ဒီပြိုင်ပွဲက ကျနော်တို့ ပြိုင်ပွဲ၊ ဒီပွဲကနေ အိမ်ပြန်ပြီး ထပ် ကြိုးစားမယ် ဆိုတဲ့ အကြံမျိုး ကျနော် မကြိုက်ဘူး။ ဒီပွဲမှာ တခါတည်း အနိုင် ကစားမှာ။ ” လို့ ဆီဗီလာ အသင်းခေါင်းဆောင်က ဆိုပါတယ်။
ဆီဗီလာအသင်းဟာ ဒီရာသီမှာ ယူရိုပါလိဂ်ဖလားကို စံချိန်တင် အဖြစ် ၇ ကြိမ်မြောက် ရယူဖို့ ပစ်မှတ်ထားနေပြီး ယခင်ကလည်း ဆက်တိုက် အောင်ပွဲခံခဲ့သူတွေ ဖြစ်ပါတယ်။