ရက်ဖို့ဒ် အပြင် ရာသီကုန်ထိ နားရမယ့် ကစားသမား ၂ဦး ထပ်ပေါ်လာလို့ မန်ယူအသင်း အခက်တွေ့ပါပြီ
ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြီးဆုံးဖို့ နောက်ဆုံး ၉ ပွဲအလိုမှာ မန်ချက်စတာ ယူနိုက်တက်ဟာ ဒဏ်ရာ ပြဿနာတွေကို ဆက်တိုက် ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
တိုက်စစ်မှူး ရက်ဖိုဒ့်ကို သီတင်းပတ် အတော်ကြာ လက်လွတ်ရမှာမို့ ခေါင်းခဲနေရဆဲ အခြေအနေမှာ နောက်ထပ် ကစားသမား ၂ဦးကို ရာသီကုန်ထိ ဆုံးရှုံးရပြန်ပါတယ်။
(Read More နှိပျပွီး သတငျးကို အဆုံးထိ ဆကျလကျ ဖတျရှုနိုငျပါတယျ။)

အိုးထရတ်ဖိုဒ့် ကွင်းအတွင်း ဆီးဗီးလာနဲ့ ၂-၂ သရေကျခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲအတွင်း နောက်ထပ် အသင်းသား ၂ ဦး ဒဏ်ရာရခဲ့တာပါ။
နောက်ခံလူ မာတီနက်စ်ဟာ ရာသီကုန်ထိ နားရတော့မှာဖြစ်ကြောင်းနဲ့ နည်းပြတန်ဟက်က သီတင်းပတ် အချို့ပဲ နားရမယ်လို့ မျှော်လင့်ထားတဲ့ နောက်ထပ် ခံစစ်မှူး ဗာရန်းကလည်း အဆိုပါပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ရာသီကုန်ထိ နားရတော့မယ်လို့ The Athletic သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒါကြောင့် လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် နော်တင်ဟမ်နဲ့ပွဲမှာတော့ မန်ယူအသင်း ခံစစ်မှာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်အတွဲကို မြင်ရဖို့ ရှိနေပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ မက်ဂွိုင်းယားဟာ ဘရိုက်တန်နဲ့ ကစားမယ့် အက်ဖ်အေဖလား ပွဲအတွက် ပွဲပယ်ခံထားရတာကြောင့် ဝင်ဘာလေမှာ ကစားမယ့် အဲဒီပွဲအတွက်တော့ မန်ယူနောက်တန်းမှာ လုခ်ရှောကို မြင်ရဖို့ ရှိနေပါတယ်။
မန်ယူအသင်း ဟာ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်းဝင်ခွင့်၊ ယူရိုပါလိဂ်မှာ ကွာတားဖိုင်နယ်၊ အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ် အဆင့်တွေကို ရောက်ရှိနေတာမို့ အဓိက ခံစစ်မှူး ၂ ဦး ဒဏ်ရာရခြင်းက ကလပ်အတွက် ကြီးမားတဲ့ ရိုက်ခတ်မှု ဖြစ်လာဖွယ် ရှိနေပါတယ်။
မာတီနက်စ်ကို ရာသီကုန်ထိ လက်လွတ်ရပြီ ဆိုတာကို မန်ချက်စတာ ယူနိုက်တက် က တရားဝင် စာထုတ်သွားခဲ့ပါတယ်။ ဗာရန်းကိုလည်း ဒဏ်ရာက အမြန်ဆုံး သက်သာပါစေလို့ ဆုတောင်းပေးခဲ့ပေမယ့် သူ့ကိုတော့ ပွဲအချို့မှာ သုံးနိုင်ဖို့ အသင်းက မျှော်လင့်နေဆဲပါ။