လူမစုံတဲ့ ကြားက ဖောရက်စ်ကို အဝေးကွင်းမှာ မန်ချက်စတာ ယူနိုက်တက် ဘယ်လို အနိုင်ယူခဲ့သလဲ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက နော်တင်ဟမ် ဖောရက်စ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရာ ၂-ဝ နဲ့ အနိုင်ရခဲ့ပါတယ်။

မန်ယူ က ဒီ ပွဲမှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဝန်ဘစ်ဆာကာနဲ့ ဒါလော့တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ဆန်ချိုနဲ့ မာစီယယ်လ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ မန်ယူတို့ ဖိကစားခဲ့ပြီး ပွဲချိန် ၃ မိနစ်ကတည်းက မက်ဂွိုင်းယားကတော့ အဝါထိခဲ့သလို တိုက်စစ်က မာစီယယ်လ်ကို အားကိုးနေရတာနဲ့ တခြား ကွင်းလယ်လူတွေရဲ့ အဆုံးသတ်ပုံတွေက သိပ်ပြီး အားရစရာ မရှိတာတွေက ဖောရက်စ်တို့ကို အခွင့်ကောင်း သိပ်မယူနိုင်ဘဲဖြစ်နေခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ပွဲချိန် ၃၂ မိနစ်မှာတော့ မန်ယူတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဖောရက်စ်ခံစစ်အမှားကနေ မာစီယယ်လ် လုယူပေးတာကို ဘရူနို ဖာနန်ဒက်စ်က သူ့ရဲ့ ပြေးလမ်းကြောင်းထဲ ထည့်ပေးခဲ့ရာမှာ ပြင်သစ်သားရဲ့ အနိမ့်ဘော ကန်ချက်ကို ဂိုးသမား နာဗက်စ် ပုတ်ထုတ်နိုင်ခဲ့ပေမယ့် နောက်က လိုက်လာတဲ့ အန်တိုနီက ပိတ်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။

ပထမပိုင်းမှာ ယူနိုက်တက်တို့က အခွင့်အရေးတွေကို ထပ်မံလွဲချော်နေခဲ့တာကြောင့် ဖောရက်စ်တို့ကို တစ်ဂိုး-ဂိုးမရှိ ရလဒ်နဲ့သာ အနိုင်ရနေခဲ့ပြီး ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး အပြောင်းအလဲမလုပ်ဘဲ ဒီလူတွေနဲ့ပဲ ဆက်ကစားနေခဲ့ပါတယ်။

ပွဲချိန် ၅၆ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ထောင့်ကန်ဘောကနေ အတိုပေးပြီး ကန်သွင်းတဲ့ လှပသေသပ်လွန်းတဲ့ ကန်ချက်က ဂိုးသမား နာဗက်စ်ရဲ့ ကြုံသလို ပုတ်ထုတ်ခဲ့တဲ့ လက်ဖျားနဲ့ထိပြီး ဘားကို မှန်ပြီးမှ ပြန်ထွက်သွားခဲ့လို့ ယူနိုက်တက်ပရိသတ်တွေ တောက်ခေါက်ခဲ့ကြရပြီး ဒီတစ်ကြိမ်ကတော့ တော်တော်လေး နစ်နာခဲ့ရတာပါ။

ဖောရက်စ်တို့ဘက်က ဖရွိုင်လာနဲ့ အဝိုနီယီတို့အစား မန်ဂါလာနဲ့ ဆာရစ်ချ်တို့ကို လဲကစားခဲ့သလို မန်ယူဘက်ကတော့ မာစီယယ်လ်နဲ့ အဲရစ်ဆန်တို့အစား ဗက်ဂ်ဟော့စ်နဲ့ ဖရက်ဒ်တို့က ဝင်လာခဲ့ကြပြီး တန်ဟတ်ရဲ့ လူတွေအနေနဲ့ ကြိုးစားခဲ့ကြပေမယ့် ဂိုးများမယ့်ကံတော့ မပါခဲ့ဘူးလို့ပဲ ဆိုရမှာဖြစ်ပြီး ဂိုးသမား နာဗက်စ်ကလည်း အကြိမ်ကြိမ် ကယ်နေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ ဒုတိယ ဦးဆောင်ဂိုးကို ယူနိုက်တက်တို့ပဲ သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ အန်တိုနီက ကွင်းလယ်ထဲ တစ်ကိုယ်တော် ဆွဲဝင်လာခဲ့ပြီး ဖောရက်စ်နောက်ခံလူတွေကြားကနေ ဧရိယာထဲကို ခင်းပေးခဲ့တာကို အလိုက်သင့် ပြေးဝင်သွားနိုင်ခဲ့တဲ့ ဒါလော့က ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အဆုံးသတ်နိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့က နော့တင်ဟမ်ဖောရက်စ်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် စနေနေ့က ရှုံးထားခဲ့တဲ့ နယူးကာဆယ်လ်တို့ကို ကျော်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာကို မန်ယူ ပြန် သိမ်းပိုက်လိုက်သလို ၃ မှတ်ပြန်ဖြတ်လိုက်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အခြေအနေ ပိုလှလာခဲ့ပါတယ်။