ဒီရာသီမှာ ဒီ ကစားသမား ၃ ယောက် အတူ ပွဲထွက်ကစားတိုင်း မန်ယူ လုံးဝ မရှုံးခဲ့ပါဘူး

မန်ချက်စတာယူနိုက်တက် အသင်းဟာ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ နော်တင်ဟမ်ဖော်ရက်စ်ကို မနေ့ညက အဝေးကွင်းမှာ ၂-ဝ နဲ့ အနိုင်ယူပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ချက် အားကောင်းလာပါပြီ။

နော်တင်ဟမ်ဖော်ရက်စ်နဲ့ပွဲမတိုင်ခင် လေ့ကျင့်ခန်းအစီအစဉ်မှာ ဆာဘစ်ဇာ ပေါင်ခြံဒဏ်ရာရရှိသွားတာကြောင့် နည်းပြ အဲရစ်တန်ဟက်က ဘရူနိုဖာနန်ဒက်စ်ကို No 10 Role ၊ အဲရစ်ဆင်နဲ့ ကတ်စ်မဲရိုးတို့ကို Double Pivot အဖြစ် ပုံမှန် အတိုင်း အသုံးပြုခဲ့ပြီး လူမှန်နေရာမှန်ဖြစ်သွားတဲ့အတွက် ယူနိုက်တက်ကွင်းလယ်စွမ်းဆောင်ရည်က ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အခုနိုင်ပွဲကြောင့် ဒီရာသီ ပြိုင်ပွဲစုံမှာ ယူနိုက်တက်အတွက် ဘရူနိုဖာနန်ဒက်စ်၊ အဲရစ်ဆင်၊ ကတ်စ်မဲရိုးတို့ ပွဲထွက် ကစားရင် ရှုံးပွဲ လုံးဝ မရှိတဲ့မှတ်တမ်းကောင်းကိုလည်း ဆက်ထိန်းနိုင်ခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်၊ အဲရစ်ဆင်၊ ကတ်စ်မဲရိုးတို့ ပွဲထွက်ကစားတဲ့ (၁၇)ပွဲမှာ ယူနိုက်တက်တို့ (၁၅)ပွဲအထိအနိုင်ရပြီး (၂)ပွဲသရေကျခဲ့သလို အနိုင်ရာခိုင်နှုန်းက (၈၈%)အထိရှိခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ တိုက်စစ်ကို အကောင်းဆုံးပံ့ပိုးနိုင်ပြီး သူ့ရဲ့ ပြင်းထန်အားပါတဲ့ကန်ချက်ကို ဂိုးသမားနာဗတ်စ် ပုတ်ထုတ်ခဲ့လို့သာ ဂိုးမရတာပါ။

နော်တင်ဟမ်ဖော်ရက်စ်နဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်က ပြိုင်ဘက်အသင်းရဲ့ Final Third Zone ထဲကို ဘောလုံးပေးပို့မှု (၄၈)ကြိမ်၊ ပင်နယ်တီ ဧရိယာအတွင်း ဘောလုံးပေးပို့မှု (၁၅)ကြိမ်၊ ဘောလုံးဖြတ်တင်ပေးမှု (၉)ကြိမ်၊ ပြိုင်ဘက် အသင်း ပယ်နယ်တီဧရိယာထဲမှာ ဘောလုံးထိချက်(၈)ကြိမ်၊ အခွင့်အရေးဖန်တီးနိုင်မှု (၆)ကြိမ်၊ ဂိုးပေါက်တည့်မှု (၃)ကြိမ် ရှိခဲ့ပါတယ်။

ဒါ့အပြင် အဲရစ်ဆင်နဲ့ ကတ်စ်မဲရိုးတို့ကလည်း ကွင်းလယ် Tempo ကို ဟန်ချက်ညီအောင် ကစားသွားခဲ့ပြီး အဲရစ်ဆင်ဟာ တိကျတဲ့ဘောလုံးပေးပို့မှု (၈၉%)၊ ပြိုင်ဘက်အသင်းရဲ့ Final Third Zone ထဲကို ဘောလုံးပေးပို့မှု အကြိမ်(၃၀)၊ ဘောလုံးဖြတ်တင်မှု (၅)ကြိမ်၊ အရေးပါတဲ့ဘောလုံးပေးပို့မှု (၃)ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

မန်ချက်စတာ က်တက်အသင်းဟာ လာမယ့်ကြာသပတေးနေ့ကျရင် ဆီဗီလာနဲ့ ယူရိုပါလိဂ် အဝေးကွင်းပွဲ ကစားရမှာဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ်ကြောင့် ဘရူနိုဖာနန်ဒက်စ် မပါဝင်နိုင်တဲ့အတွက် ထိုးနှက်ချက် ဖြစ်လာမှာပါ။

ဒါပေမဲ့ လာမယ့်တနင်္ဂနွေကျရင် ဘရိုက်တန်နဲ့ကစားမယ့် FA ဖလား ဆီမီးဖိုင်နယ်ပွဲမှာ ဘရူနိုဖာနန်ဒက်စ်၊ ကတ်စ်မဲရိုး၊ အဲရစ်ဆင်တို့ လူစုံတက်စုံ ပါဝင်လာဖို့ရှိတဲ့အတွက် အခုမှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။