တိုက်စစ်သမားတိုင်း အတူ ကစားချင်လောက်အောင် တော်တီးတော်လွန်းတဲ့ မန်ယူ အသင်းသား အား ရွိုင်ကိန်း ချီးကျူး
မန်ချက်စတာ ယူနိုက်တက်က မနေ့ညက နော်တင်ဟမ် ဖောရက်စ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရာ ၂-ဝ နဲ့ အနိုင်ရခဲ့ပါတယ်။
ဒီပွဲမှာ ရွိုင်ကိန်းက အားလုံးထက် ရှေ့ ခြေနှစ်လမ်း ကြိုရောက်နေသလို ကို တော်တီးတော်လွန်း တဲ့ ယူနိုက်တက် အသင်းသား အဖြစ် ဘရူနို ဖာနန်ဒက်စ်ကို ချီးကျူးစကား ပြောဆိုခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဖာနန်ဒက်စ်နဲ့ ပတ်သက်ပြီး ရွိုင်ကိန်းက ” သူ သိပ်တော်ပါတယ်။ သူက သိပ်တော်တဲ့ ကစားသမား တစ်ယောက်ပါ။ သူ ဂိုးမရတာအတွက် စိတ်ပျက်နေမှာဖြစ်ပေမယ့် ဧရိယာထဲ ဘောလုံးထည့်နိုင်တဲ့ အရည်အချင်းကောင်း ပြသခဲ့ပါတယ်။
တိုက်စစ်သမား တစ်ယောက်အတွက် အိပ်မက်က ဖာနန်ဒက်စ်ရဲ့ ဘောလုံးထည့်ပေးမှုမျိုး လက်ခံရဖို့ပါပဲ။ ဒီနေ့မှာ သူ အတော်လေး ကောင်းခဲ့တယ်။ အဲရစ်ဆန်နဲ့ တွဲဘက်ကစားမှု ကောင်းသလို အနားက အသင်းဖော်တွေနဲ့အတူ တွဲလုံး ညီညီ ကစားခဲ့တယ်။ သူက စစ်မှန်တဲ့ အရည်အချင်းကို ပြခဲ့ပါတယ်။
ယူနိုက်တက် မနိုင်တဲ့ ပွဲတွေမှာ ကျနော်တို့ သူ့ကို အတော်လေး ဝေဖန်ခဲ့ကြတယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် သူက ကွာလတီပိုင်း အရရော ကွင်းထဲမှာ အမြင်ရှိတာကပါ အားလုံးထက် ရှေ့ ခြေနှစ်လမ်းလောက် သာ နေတဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်။ ဒီ ကစားသမားက တကယ့် အရည်အသွေးကောင်းတွေ ရှိတာပါ။ ” လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။
ဖာနန်ဒက်စ် ဟာ နောက်ဆုံး လုပ်ထားတဲ့ အင်တာဗျူးမှာ သရဲနီဟောင်းတွေဖြစ်တဲ့ နဗီးနဲ့ ရွိုင်ကိန်းတို့ကို ဝေဖန် ထားတာပါ။ ရွိုင်ကိန်းကတော့ သူ့ကို ပြန်ဝေဖန်တဲ့ ပေါ်တူဂီသား ကို စိတ်ကွက်ပုံမရဘဲ စွမ်းဆောင်ရည်ကောင်းကို အသိအမှတ် ပြုခဲ့တာ ဖြစ်ပါတယ်။
ဖောရက်စ်နဲ့ ပွဲမှာ ဖာနန်ဒက်စ် က ထူးချွန် ခြေစွမ်း ပြသခဲ့ပြီး ကွင်းအတွင်း ၉.၆ ကီလိုမီတာ ပြေးလွှားခဲ့um ဘောလုံးပေးမှု ၄၂ ကြိမ် အခွင့်အရေး ဖန်တီးမှု ၅ ကြိမ် လုပ်ခဲ့တာ ဖြစ်ပါတယ်။