ဂါနာချို၊ မာတီနက်ဇ်တို့ အခြေအနေ၊ ဘယ်လင်ဟမ်ကို ဝင်ကြိုးစားခြင်း၊ မာရှယ် အနာဂတ်၊ အိုဆင်ဟမ်နဲ့ မန်ယူ သတင်းထူးများ
ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်လည်း ပြိုင်ပွဲထဲမှာ ပါဝင်လာပြီ ဖြစ်ကြောင်း The Times သတင်းက ဖော်ပြလာပါတယ်။ အင်္ဂလန်သားကို မန်ချက်စတာစီးတီးနဲ့ပီအက်စ်ဂျီတို့က ချိတ်ဆက်နေပါတယ်။
မန်ယူ အငှား ခေါ်ထားတဲ့ တိုက်စစ်မှုး ဗက်ဟောက်စ်ဟာ လုံလောက် ကောင်းမွန်မှု မရှိသလို ဆက် ခေါ်ထားဖို့လည်း အရည်အသွေး သက်သေပြနိုင်ခြင်း မရှိဘူးလို့ တိုက်စစ်သမားဟောင်းကြီး ဆာဟာ က သုံးသပ် ခဲ့ပါတယ်။
ဘရူနို ဖာနန်ဒက်စ်ဟာ ပွဲထဲမှာ အားလုံးထက် ရှေ့ကို ခြေ၂လှမ်း ပိုရောက်ပြီး ကြိုမြင်တတ်သူ ဖြစ်တယ်လို့ ရွိုင်ကိန်းက ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ယူနိုက်တက် တောင်ပံ ကစားသမားလေး ဂါနာချို ကတော့ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီး ဘောကန် ဖိနပ်တွေ ပြန်လည် ဝတ်ဆင်နိုင်ပြီ ဖြစ်ကြောင်းကို ပရိသတ်တွေထံ အသိပေးသွားခဲ့ ပါတယ် ။
ယူနိုက်တက် ခံစစ်မှူး လီဆန်ဒရိုမာတီနက် ကတော့ ခြေချောင်းရိုးကျိုး ဒဏ်ရာကို ခွဲစိတ်ကုသမှု အောင်မြင် ခဲ့တယ်လို့ သိရ ပါတယ် ။ ဒီရာသီမှာ ယူနိုက်တက် အတွက် ခြေစွမ်းပြ နေတဲ့ မာတီနက် ဟာ အဆိုပါ ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာပါ ။
အဲရစ်တန်ဟက်က တိုက်စစ်မှုး မာရှယ်ကို နောက်ရာသီမှာလည်း အသင်းမှာ ဆက်ရှိအောင် ထိန်းထားလိုကြောင်း ဝန်ခံလာပါတယ်။ ဒါပေမယ့် မာရှယ်ရဲ့ ကြံ့ခိုင်မှု အနေအထားကြောင့် အခြေအနေ ကို စောင့်ကြည့်ရဖွယ် ရှိပါတယ်။
ယူနိုက်တက်၊ ပီအက်စ်ဂျီတို့နဲ့ သတင်းကြီးနေတဲ့ တိုက်စစ်မှူး အိုဆင်ဟမ်က သူ့ရဲ့ အနာဂတ်ကိစ္စက အလျင်စလို ဖြစ်မနေကြောင်း ထုတ်ပြောလာပြီး သူဟာ ဥရောပ အကောင်းဆုံး အသင်းတစ်သင်းအတွက် ကစားပေးခွင့်ရနေတယ်လို့ ထုတ်ပြောပါတယ်။
ချန်ပီယံရှစ်ကလပ် ဆန်းဒါးလန်းမှာ အငှားသွား ကစားရင်း ဂိုးသွင်းခြေစွမ်းပြနေတဲ့ အာမက် ဒီယာလို ကို ယူနိုက်တက် ရောင်းချမယ် ဆိုရင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရမှာ ဖြစ်တယ်လို့ ဆန်းဒါးလန် နည်းပြ တိုနီက ဆိုပါတယ်။

ဖောရက်စ်နဲ့ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်း လုပ်စဉ် ဆာဘစ်ဇာ ဒဏ်ရာ ရသွားတာကြောင့် ဝင်ကစားရတဲ့ အပေါ် အဲရစ်ဆန်ကတော့ ပြသနာ မရှိကြောင်းနဲ့ ဘယ်အချိန်မဆို ပါဝင် ကစားဖို့ အသင့် ပြင်ထားကြောင်း ဆိုခဲ့ပါတယ်။
ဖောရက်စ်နဲ့ ပွဲမှာလည်း ယူနိုက်တက်က ဂိုး မပေးခဲ့ရတာကြောင့် ဒီဂီယာရဲ့ ဒီရာသီ clean sheet ရတဲ့ ပွဲက ၁၄ ပွဲ ထိ ရှိနေပြီး ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆု အတွက် ထိပ်ဆုံးကနေ အလားအလာကောင်းနေပါတယ်။