တကွက်တည်း တတ်ပါတယ် ဆိုတဲ့ အန်တိုနီ ကို ဘယ်သူ တားနိုင်သလဲ လို့ နည်းပြ တန်ဟက် မေးခွန်းထုတ်
မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက် ကတော့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ တောင်ပံ ကစားသမား အန်တိုနီကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
အန်တိုနီဟာ ယူနိုက်တက်အတွက် ၁ဂိုးသွင်း၊ ၁ဂိုးဖန်တီးခဲ့ကာ ခြေစွမ်းပြခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ အနိုင် ၃ မှတ် ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်နေတာ ကြာပြီဖြစ်တဲ့ အန်တိုနီက အောက်တိုဘာလနောက်ပိုင်း ဂိုးပေါက် ပြန်တွေ့ခဲ့တာ ဖြစ်ပြီး သူ့ခြေစွမ်းကို တန်ဟက် က တော်တော်လေး ကျေနပ်အားရနေပုံရပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အန်တိုနီကို နာမည်ကျော်ဟော်လန် တောင်ပံကစားသမားဟောင်း ရော်ဘင်နဲ့လည်း ခိုင်းနှိုင်းခဲ့ကာ ညာခြေကိုပါ အသုံးပြုနိုင်ရင် ဒီထက်မက ပိုကောင်းလာလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
“အန်တိုနီက သူ့ညာခြေကိုလည်း အသုံးချနိုင်ပါတယ်၊ ဒီထက်ပိုပြီးတော့ သူ လုပ်ရမှာပါ၊ သူက ဧရိယာ အပြင်ဘက် ကိုလည်း ထွက်နိုင်သလို အတွင်းထဲကိုလည်း ဝင်နိုင်တယ်၊ အတွင်းဘက်မှာဆိုရင် သူ ကစားတာပိုပြီးတော့ ကောင်းပါတယ်၊ အာဂျန်ရော်ဘင်၊ အန်တိုနီက လှည့်ကွက်တခုပဲ လုပ်နိုင်တယ်လို့ သူတို့ကတော့ ပြောနေကြတာပဲ ”
“ဒါပေမယ့် အဲဒီလှည့်ကွက်လေးတခုကိုက အရမ်းကောင်းမွန်ပြီး ဘယ်သူတဦးတယောက်မှ သူ့ကို မတားဆီးနိုင်ပါဘူး၊ သူသာ နည်းလမ်း ၂ ခုလုံးကို အသုံးပြုနိုင်မယ်ဆိုရင် ပိုပြီးတော့ ကွဲပြားတဲ့၊ အပြောင်းအလဲတွေကို မြင်တွေ့ရမှာပါ” လို့ တန်ဟက်ဂျ်က ချီးကျူးပြောဆိုသွားခဲ့ပါတယ်။
မန်ချကစ်တာ ယူနိုက်တက်ကတော့ ဒီပွဲကို အနိုင်ရရှိခဲ့တာကြောင့် အဆင့် ၃ နေရာကို ပြန်ရောက်လာခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အခွင့်အရေးကောင်းတွေ ရရှိခဲ့ပါတယ်။ မန်ယူက လာမယ့်ပွဲအဖြစ် သူတို့ဟာ ဆီဗီလာနဲ့ ယူရိုပါလိဂ် ကွာတား ဖိုင်နယ် ဒုတိယအကျော့ကို စပိန်မြေမှာ ကစားရဖို့ရှိပါတယ်။