ဒီရာသီ အဆုံးအဖြတ်ပေးမယ့် အသင်းသား ၂ဦး၊ အင်္ဂလန်က လစ်မယ့် ဂရင်းဝုဒ်၊ နူနက်စ်၊ မာရှယ်တို့နဲ့ မန်ယူ သတင်းထူးများ စုစည်းမှု

မေဆန် ဂရင်းဝုဒ် က အင်္ဂလန်ကို စွန့်ခွာပြီး တခြား နိုင်ငံမှာ ကစားသမားဘဝ ပြန်လည် စတင်ဖို့ စိတ်အား ထက်သန်နေပါတယ်။ အင်္ဂလန်သား တိုက်စစ်သမား ကို အေစီမီလန်က စိတ်ဝင်စားနေပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဒီရာသီ အကောင်းဆုံး ၁၁ ယောက် အသင်း အတွက် ဆန်ကာတင်ထဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းသား ၄ဦး ထိ ပါဝင်နေပါတယ်။ ၎င်းတို့ကတော့ ရက်ဖို့ဒ်၊ မာတီနက်ဇ်၊ ကာစီမီရိုနဲ့ လုခ်ရှော တို့ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီရာသီ မန်ယူအသင်း အားထားနေရသူတွေ ဖြစ်တဲ့ ဂိုးသမား ဒီဂီယာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကတော့ ဆန်ကာတင်ကနေ အံ့အားသင့်ဖွယ် ချန်ထားခံခဲ့ရပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း လူးဝစ် ဆာဟာ က မာရှယ် အနေနဲ့ အသင်းရဲ့ ဦးစားပေး တိုက်စစ်မှူး ဖြစ်နိုင်ဖို့ နောက်ရာသီမှာ Body Language နဲ့ ရန်လိုစိတ်အပြည့် ကစားဟန်တွေ တိုးတက်လာဖို့ လိုအပ်ကြောင်း ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အပတ်က နောက်ခံလူ ၉ ဦးရှိပြီး ဒီတပတ်မှာ ၄ ဦးသာ ကျန်တော့ကာ ပြိုင်ပွဲ ၃ ခုမှာ ပါဝင် ယှဉ်ပြိုင် နေရကြောင်း နည်းပြ တန်ဟက်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဝုဗ်ကွင်းလယ် ကစားသမား မက်သီရပ်စ် နူနက်စ် ကို မျက်စိကျနေပြီး နွေမှာ ခေါ်ယူဖို့ လှုပ်ရှားဖွယ် ရှိနေပါတယ်။ ၎င်းကို လီဗာပူး၊ နယူးကာဆယ် အပြင် ဘာစီလိုနာကပါ ချိတ်ဆက်နေတာပါ။

ဂိုးသမား ဒီဂီယာကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ သက်တမ်းတိုး စာချုပ်ကမ်းလှမ်းမှုကို အတော် စိတ်ကျေနပ်မှု မရှိ ဖြစ်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်က စာချုပ်သစ်မှာ လစာကို သိသိသာသာ လျှော့ချထားခဲ့တာပါ။

ယူနိုက်တက်ဟာ ဆန်းဒါးလန်းထံ အငှားချထားတဲ့ အာမက် ဒီယာလို ကို ပြန်ခေါ်ပြီး နောက်ရာသီမှာ တန်ဟက်က နေရာပေးဖို့ ရည်ရွယ်ထားကြောင်း မန်ချက်စတာ ညနေခင်းသတင်းက ဆိုပါတယ်။

FiveThirtyEight ရဲ့ စူပါကွန်ပျူတာကတော့ ယူရိုပါလိဂ်မှာ ယူနိုက်တက်က ဆီမီးတက်နိုင်ခြေ ၆၀%၊ ဗိုလ်လုပွဲ တက်နိုင်ခြေ ၃၅ % ရှိပေမယ့် ဗိုလ်စွဲနိုင်ခြေကတော့ ၁၉% သာ ရှိတယ်လို့ ဆိုထားပါတယ်။

ယူရိုပါလိဂ် ဗိုလ်စွဲနိုင်ခြေ အများဆုံး အဖြစ် ဖီယွန်နု အသင်းက ရွေးချယ်ခံထားရပြီး ၂၁% ချန်ပီယံ ဖြစ်နိုင်ခြေ ရှိတယ် ဆိုထားတာကြောင့် ယူနိုက်တက်နဲ့တော့ သိပ် မကွာဘူး ဖြစ်နေပါတယ်။

သရဲနီဟောင်းကြီး ဂယ်ရီ နဗီးလ် က ဗဟို ခံစစ်မှူး 2 ဦး ဖြစ်ကြတဲ့ ဟယ်ရီ မက်ဂွားယား နဲ့ ဗစ်တာ လင်ဒီလော့ဖ် တို့ရဲ့ ခြေစွမ်းဟာ ယူနိုက်တက်ရဲ့ ဒီရာသီကို အဆုံးအဖြတ် ပေးလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုလိုက်ပါတယ်။