ရောင်းမထုတ်ဘဲ မန်ယူမှာ ဆက်ထိန်းထားသင့်တဲ့ အသင်းသား ကို ဘာဘာတော့ဗ် ဖော်ထုတ်
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်းကြီး ဘာဘာတော့ဗ်က ဒဏ်ရာကင်းစင်နေတဲ့ မာရှယ် က မန်ယူ အသင်း အတွက် ကြီးမားတဲ့ ပိုင်ဆိုင်မှုတစ်ခုဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
မာရှယ်ဟာ နည်းပြ တန်ဟက်ရဲ့ အပြည့်အဝ ယုံကြည်မှုနဲ့ဆိုရင် အကောင်းဆုံးကစားပုံကို ပြုလုပ်ပြနိုင်တာကြောင့် မန်ချက်စတာမှာ ဆက်နေသင့်တယ်လို့ ဘာဘာတော့ဗ်က ပြောကြားခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ချက်စတာယူနိုက်တက်ဟာ ယခုနွေရာသီမှာ ထိပ်တန်း အထောင်တိုက်စစ်မှူးကို ခေါ်ယူချင်နေတာကြောင့် မာရှယ် က ငွေကြေးရှာဖွေဖို့အတွက် ရောင်းထုတ်ခံရဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဘာဘာတော့ဗ်ကတော့ မာရှယ် ဟာ အသင်းကို လုပ်ပေးနိုင်တာ အများကြီးရှိနေသေးတာကြောင့် တန်ဟက်အနေနဲ့ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားသင့်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်သူဆက်နေတာ မြင်တွေ့ချင်ပါတယ်။ ကျွန်တော် အန်သိုနီနဲ့ မိုနာကိုမှာ ကစားခဲ့ပြီး သူက သူ ပြသ နေတာထက် ပိုကောင်းတာကို ပြသနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာ ကျွန်တော် သိတယ်။ သူ လိုအပ်တဲ့ တစ်ခုတည်းသော အရာက ဒဏ်ရာပြဿနာကင်းအောင်နေဖို့နဲ့ နည်းပြက သူ့ကို ယုံကြည်မှုရှိတယ်ဆိုတာကို သိဖို့လိုတာပါ”
“သူက ပွဲစဉ်အတွင်း လူစားလဲခံရနိုင်ခြေမရှိဘဲ ဒါမှမဟုတ် နောက်ပွဲမှာ ချန်လှပ်ခံရနိုင်ခြေမရှိဘဲ ထူးဆန်းတဲ့အမှားကို လုပ်နိုင်တယ်ဆိုတာကို သိဖို့လိုတယ်။ သူ့အနေနဲ့ နည်းပြဆီက အပြည့်အဝ ယုံကြည်မှုလိုအပ်ပြီး အဲဒါမှ သူ အမြင့်မားဆုံး စွမ်းဆောင်ရည်နဲ့ ကစားနိုင်မှာပါ။
မာရှယ် ဒဏ်ရာကနေသက်သာပြီး ပြန်ကစားပေးကတည်းက သူ့ဆီကနေ မြင်တွေ့ခဲ့ရတာတွေနဲ့ပတ်သက်ပြီး စိတ်ကျေနပ် မိပါတယ်။ ကျွန်တော် သူ မန်ချက်စတာယူနိုက်တက်မှာ ဆက်နေတာ မြင်ချင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
မာရှယ်ဟာ အမျိုးမျိုးသော ဒဏ်ရာပြဿနာတွေကြောင့် ရာသီအချိန်အများစုကို လွဲချော်ခဲ့သူဖြစ်ပြီး အဲဒါကြောင့် မားကပ်စ် ရက်ရှ်ဖို့ဒ်အပေါ်မှာ ဂိုးသွင်းတာဝန်တွေက စုပြုံကျခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ရက်ရှ်ဖို့ဒ် ဒဏ်ရာရရှိသွားတာကြောင့် မာရှယ် ဟာ ယခုလမှာ အသင်းအတွက် ပြန်လည် ပါဝင် ကစားပေးခဲ့တာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲစလုံးမှာ ပွဲထွက်ပါဝင်ကစားပေးနေပါတယ်။