လက်ရှိမှာ ဖာနန်ဒက်စ် ထက် သာနေတာ မက်ဆီ တစ်ယောက်ပဲ ရှိတယ် လို့ ဖာဒီနန် ချက်ကျလက်ကျ ထောက်ပြ

မန်ယူအသင်း နောက်ခံလူဟောင်းကြီး ရီယို ဖာဒီနန်ကတော့ လက်ရှိ ခေတ်ပြိုင် ကစားသမားတွေအနက် မက်ဆီ တစ်ယောက်ထဲသာလျှင် မန်ယူ ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ထက် ပိုမို ကောင်းမွန်သူ ဖြစ်တယ်ဆိုပြီး ပေါ်တူဂီသားအား အမွှန်းတင် ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

ဖောရက်စ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ကြောက်ခမန်းလိလိ ကန်သွင်းချက်တွေအပြင် ဖန်တီးပေးပို့မှုတွေပြုလုပ်ပြသခဲ့တဲ့ ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းတွေက အထူးတလည် ချီးကျူးနေစရာ မလိုပေမယ့် ဖာဒီနန်ကတော့ ဖာနန်ဒက်စ်ကို ယှဉ်နိုင်တဲ့ ကစားသမားတစ်ယောက်မှ ပရီးမီးယားလိဂ်မှာ ရှိမနေကြောင်း ရည်ညွန်းပြောဆိုသွားခဲ့တာ တွေ့ရပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဖာဒီနန်က “ သူ့ရဲ့ ဖန်တီးမှုတွေ၊ ပေးပို့မှုတွေကို ကောင်းကောင်းယှဉ်နိုင်တာဆိုလို့ မက်ဆီတစ်ယောက်ထဲပဲ ရှိပါတယ်၊ သူက မက်ဆီရဲ့ အဆင့်အတန်းမျိုး ရောက်ရှိသွားပြီလို့ ပြောချင်တာမျိုးမဟုတ်ပါဘူး၊ ဘယ်သူမှလည်း မက်ဆီနဲ့ ဖာနန်ဒက်စ်ကို တန်းတူ သွားညှိလို့မရနိုင်ပါဘူး။

ကျွန်တော် ပြောပြချင်တာက လက်ရှိ မက်ဆီတစ်ယောက်ထဲသာလျှင် ဖာနန်ဒက်စ်ရဲ့ အထက်မှာ ရပ်တည်နေတာပါ၊ ဖာနန်ဒက်စ် တစ်ယောက် နောက်ထပ် တစ်ဆင့် ထပ်တက်နိုင်ဖို့အတွက်ဆိုရင် အဲရစ်ဆင်တို့လို သမ္ဘာကျပြီးသား ကစားသမားတွေရဲ့ ကူညီပံ့ပိုးပေးမှု လိုအပ်နေပါတယ်၊ သူတို့က အံ့အားသင့်ဖွယ်ကောင်းတဲ့ အသင်းဖော်တွေပါ ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းထံ စတင်ရောက်ရှိလာပြီးနောက် သွင်းဂိုး ၆၀ နဲ့ ဖန်တီးမှု ၅၂ ကြိမ်အထိ ပြုလုပ်ထားနိုင်တဲ့ ဖာနန်ဒက်စ်ဟာ အဆိုပါ အချိန်မှ စတင်ရေတွက်ပါက ဥရောပထိပ်သီးလိဂ် ၅ ခုရဲ့ ဂိုးပါဝင်ပတ်သက်မှု အများဆုံး ကစားသမားစာရင်းမှာ ဒုတိယနေရာချိတ်နေပါတယ်။

အဆိုပါအချိန်အတောအတွင်း မက်ဆီကတော့ သွင်းဂိုး ၈၁ ဂိုးနဲ့အတူ ဖန်တီးမှု ၅၉ ကြိမ်အထိ ပြုလုပ်ထားနိုင် တာကြောင့် ထိပ်ဆုံးမှာ ရပ်တည်နေတာ တွေ့ရပါတယ်။

မန်ယူအသင်းထံ ပြောင်းရွှေ့လာပြီးကတည်းက အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရနေတဲ့ ဖာနန်ဒက်စ် ဟာ မန်ယူအသင်းရဲ့ အနာဂတ် အသင်းခေါင်းဆောင်အဖြစ်ပါ သက်မှတ်ခြင်း ခံထားရသူ တစ်ယောက် ဖြစ်ပြီး ယခုအဆင့်ထက် ပိုမို မြင့်တက်လာစေဖို့ အသင်းဖော်တွေဖြစ်တဲ့ အဲရစ်ဆင်နဲ့ ကာဆာမဲရိုးတို့က ဝန်းရံပေးဖို့ လိုအပ်နေကြောင်းလည်း ဖာဒီနန်က တစ်ပါထဲ ထောက်ပြသွားခဲ့ပါတယ်။