Do or Die ကစားရမယ့် ဒီည ဆီးဗီးလာနဲ့ ပွဲမှာ တန်ဟက် ခင်းကျင်းလာနိုင်တဲ့ ၄-၂-၃-၁ ဗျူဟာ အခင်းအကျင်း

ဆီးဗီးလာ အသင်းကို ကို မနိုင်ရင် ယူရိုပါလိဂ်ကနေ ထွက်ရမယ်ဆိုတာ သိထားတဲ့ အဲရစ်တန်ဟက်ဟာ ဒီညပွဲမှာ အတောင့်တင်းဆုံး ပွဲထွက်လူစာရင်းကို ထုတ်သုံးလာမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာတုန်းက ၂ဂိုးအသာ ရထားတဲ့ အခွင့်အရေးကို ဖြုန်းတီးပစ်ခဲ့ပြီး own goal တွေ ပေးလိုက်ရတာပါ။ ဒီတစ်ကြိမ်မှာတော့ ယူနိုက်တက်ဟာ တူညီတဲ့ အမှားတွေ ထပ်လုပ်ခွင့်ရှိတော့မှာ မဟုတ်ပါဘူး။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ပထမအကျော့အပြီး မာလာစီယာဟာ ဒဏ်ရာ ပြဿနာ ရှိခဲ့သလို လုရှောကလည်း ဒဏ်ရာ ပြဿနာ ရှိထားခဲ့လို့ ဒီယိုဂို ဒါလော့က ဘယ်နောက်တန်းမှာ ကစားခဲ့ပြီး သူ့ရဲ့ပထမဆုံး ပရီးမီးယားလိဂ် ဂိုးတောင် ရခဲ့ပါသေးတယ်။

ဒါပေမယ့်လို့ ဆီးဗီးလာ ပွဲကြိုမှာတော့ ကြံ့ခိုင်မှု ရုန်းကန်နေရတဲ့ လုရှော၊ မာလာစီယာ၊ ဆာဘစ်ဇာနဲ့ ရက်ဖိုဒ့်တို့ လေ့ကျင့်ရေး ပြန်ဝင်ခဲ့ကြပြီ ဖြစ်ကာ ဆီးဗီးလာကို ခြိမ်းခြောက်ဖို့ မျှော်လင့်ထားတာထက် ပိုတောင့်တင်းတဲ့ လူစာရင်းကို ထုတ်သုံးလာနိုင်ပါပြီ။

ဒီပွဲအတွက် နည်းပြတန်ဟက်ဟာ ဂိုးသမားနေရာမှာ ဒီဂီယာကိုပဲ ဆက်ပြီး ပွဲထုတ်ဦးမှာပါ။ခံစစ်အတွက် ဘယ်အစွန်မှာ ဒါလော့ကို ဆက်လက် နေရာပေးခြင်းနဲ့အတူ ဘစ်ဆာကာ၊ မက်ဂွဲရား၊ လင်ဒီအော့နဲ့ ဒါလော့တို့ကို အသုံးပြုနိုင်တယ်။

ဘရူနို ပွဲပယ်ခံထားရတာကြောင့် အထိုင် ကွင်းလယ်မှာ ကာဆီမီရိုနဲ့ အဲရစ်ဆင်တို့ တွဲဖက်ရနိုင်ပါတယ်။ နံပါတ် ၁၀ နေရာ ကစားရမယ့်သူကတော့ ဒဏ်ရာ အခြေအနေ အပေါ် မူတည်မှာပါ။

ဖောရတ်နဲ့ပွဲမှ ဆာဘစ်ဇာက သွေးပူလေ့ကျင့်ခန်းချိန်အတွင်း ဒဏ်ရာရသွားခဲ့ပေမယ့် တန်ဟက်က ကြိုတင် ကာကွယ် တဲ့အနေနဲ သူ့ကို လူစာရင်းကနေ ထုတ်လိုက်ပါတယ်။ ဒီပွဲမှာ သူပါလာလိမ့်မယ်လို့ မျှော်လင့်ရပေမယ့် မပါလာရင်တော့ နံပါတ် ၁၀ နေရာမှာ မက်တော်မီနေးထက် ဖရက် ကစားရဖို့ များပါတယ်။

မားကပ် ရက်ဖို့ဒ်ဟာ ဒီပွဲအမီ ပြန်ကောင်းလာပေမယ့် ပွဲထွက်မှာ မပါနိုင်သေးဘဲ အရံခုံ ထိုင်ရမှာဖြစ်ပါတယ်။ ဘယ် တောင်ပံနေရာမှာ ဆန်ချို့၊ ညာတောင်ပံမှာ အန်တိုနီတို့ကို ဆက်လက်မြင်တွေ့ရဖို့ မျှော်လင့်ရပါတယ်။ အထောင်မှာတော့ မာရှယ် မဟုတ်ရင် ဗက်ဟော့စ် ဖြစ်လာဖို့ ရှိပါတယ်။