ဆီဗီလာကို လက်ဆောင်ဂိုးတွေ ပေးပစ်ခဲ့တဲ့ ဒီဂီယာနဲ့ ပတ်သတ်ပြီး နည်းပြ တန်ဟက် ဘာပြောသလဲ

မနေ့ညက ယှဉ်ပြိုင်ကစားတဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာတော့ ဆီဗီလာအသင်းဟာ မန်ချက်စတာ ယူနိုက်တက်ကို ၃-၀ နဲ့ နိုင်ပြီး နှစ်ကျော့ပေါင်း ၅-၂ နဲ့ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီ ဖြစ်ပါတယ်။

ပထမအကျော့မှာ ၂-၂ သရေကျထားတာကြောင့် နောက်တစ်ဆင့်ကို တက်ရောက်ရေး အနိုင်ရဖို့လိုချိန်မှာ ယူနိုက်တက်က အမှားတွေကနေ ဂိုးပေးခဲ့ရပြီး ပြိုင်ဘက်ရဲ့ လွှမ်းမိုးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ပွဲအစ ၈ မိနစ်မှာတင် ဂိုးသမား ဒီဂီယာကနေ မက်ဂွဲရားကို အံ့ဩလောက်အောင်ကို ညံ့ဖျင်းလှတဲ့ ဘောလုံးပေးမှုကနေ ကြားဖြတ် ယူခံရခြင်းရပြီး ဦးဆောင်ဂိုး ပေးခဲ့ရတာပါ။ ပထမပိုင်းမှာ နည်ပြတန်ဟက်ရဲ့ အသင်းက ဂိုးပေါက်တောင် မတည်နိုင် ခဲ့သလို ဆီးဗီးလာရဲ့ ဒုတိယဂိုး လူကျွံကြောင်း VAR က ဆုံးဖြတ်ပေးလို့ ကံကောင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာ တိုက်စစ်ပိုင်း ခြိမ်းခြောက်ဖို့ ရက်ဖိုဒ့်ကို ထည့်သွင်းပေမယ့်လို့ တကယ်တမ်း ဂိုးရတာက ဆီဗီလာပဲဖြစ်ပြီး ထောင့်ကန်ဘောကို လူးဝစ် ဘာဒီရဲ့ ပုခုံးနဲ့ထိမှုဟာ ဒီဂီယာရဲ့ ထောင့်ထဲကို ဝင်သွားခဲ့တာပါ။ ပွဲပြီးခါနီးမှာလည်း ဒီဂီယာရဲ့ ဝမ်းနည်းဖွယ်ရာ မိနစ်တွေက မပြီးသေးဘဲ တတိယဂိုး ထပ်ပေးခဲ့ရပါတယ်။

ညကပွဲမှာ ဆီဗီလာ ကို သူ့အမှားကနေ လက်ဆောင်ပေးခဲ့တဲ့ ဂိုး ၂ဂိုးတောင် ရှိခဲ့တာ ဖြစ်လို့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဂီယာ ကို နံပါတ် ၁ ပွဲထွက် ဂိုးသမား အဖြစ် ဆက်လက် နေရာပေးဦးမှာလားလို့ နည်းပြ တန်ဟက်အား ပွဲ အပြီးမှာ မေးခွန်းထုတ်ခဲ့ကြပါတယ်။

ထိုမေးခွန်းကို တန်ဟက်က ” ဒီဂီယာ က ပရီးမီးယားလိဂ်မှာ clean sheet အများဆုံး ရထားတဲ့ ဂိုးသမား တစ်ယောက်ပါ။ ဒါဟာ သူ ဘယ်လောက် လုပ်နိုင် ကိုင်နိုင်စွမ်း ရှိသလဲ၊ အရည်အချင်းရှိသလဲ ဆိုတာ ပြသပြီးသား ဖြစ်တယ်လေ။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။

ဒီဂီယာရဲ့ အားနည်းချက်ဟာ ဆုံးဖြတ်ချက်ပိုင်း ညံ့ဖျင်းသလို၊ ဘောလုံးပေးပို့မှု ဖြန့်ဝေမှုတွေကလည်း ကိုယ့် အသင်း ကိုယ် ပြန်ဒုက္ခပေးသည်ထိ အခြေအနေ ဆိုးလာခဲ့ပါတယ်။

အရေးကြီး အဆုံးအဖြတ် ပွဲစဉ် စတင်လို့ ၁ဝ မိနစ် မပြည့်ခင်မှာပင် ဂိုးပေးလိုက်ရတဲ့ အမှား ကျူးလွန်ခဲ့တဲ့ ဒီဂီယာ ကို မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ကိုယ်တိုင်လည်း အတော် စိတ်ပျက်နေကြပါတယ်။