ဘရိုက်တန် Vs မန်ယူ အက်ဖ်အေ ဆီမီးဖိုင်နယ် ပွဲစဉ် အတွက် ပေါမာဆန်ရဲ့ သုံးသပ် ခန့်မှန်းချက် ထွက်နေပါပြီ
ဒီ အပတ် စနေ၊ တနင်္ဂနွေနေ့မှာတော့ ဝင်ဘာလေကွင်းကြီးမှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် က ဘရိုက်တန် အသင်းနဲ့ တွေ့ဆုံနေပြီး တနင်္ဂနွေနေ့ ည ၁ဝ နာရီမှာ ယှဉ်ပြိုင်မှာပါ။ ဒီ ဆီမီး ဖိုင်နယ်ပွဲစဉ် အတွက် ဂန်းနားဟောင်းကြီး ပေါမာဆန်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ယူနိုက်တက်ရဲ့ ခံစစ်မှာ ဒဏ်ရာပြဿနာ အနည်းငယ်ရှိနေပြီး ဖာဂူဆန်၊ ဝဲဘက်တို့လို ကစားသမားတွေကို ရင်ဆိုင်ရမှာပါ။ ဒါပေမယ့် ကွင်းလယ်ကို ပိုပြီး စိုးရိမ်ရပါမယ်။ ဘာလို့လဲဆိုတော့ ဘရိုက်တန်က ဘောလုံးပေးပို့မှုမှာ သိပ်ကို ထူးချွန်ပါတယ်။
ဖာဂူဆန်က ကစားသမားကောင်းတစ်ယောက်ဆိုပေမယ့် သူတို့က ဘောလုံးကို ကွင်းလယ်ဖြတ်ပြီး ကစားမယ့်အစား တောင်ပံက မီတိုမာဆီပေးဖို့ ကြိုးစားပါလိမ့်မယ်။ သူတို့တွေ ပြီးခဲ့တဲ့အပတ်က ချယ်ဆီးကို အပြတ်အသတ်နိုင်ခဲ့တယ်။ ဒါပေမယ့် အခန့်မသင့်ရင် ရှုံးသွားနိုင်ခြေရှိပါတယ်။
ဘရိုက်တန်က ဖွင့်ဆော့တယ်။ သူတို့ ဘောလုံးရထားရင် ယူနိုက်တက်က တားဆီးနိုင်ပေမယ့် ယူနိုက်တက် ဘောလုံးရထားရင် သူတို့ တားဆီးနိုင်ပါ့မလားဆိုတာ မသေချာပါဘူး။
ယူနိုက်တက်မှာ အတွေ့အကြုံတွေ အများကြီးရှိတယ်။ ဒီအဆင့်ကို သူတို့ အကြိမ်များစွာ ရောက်ခဲ့ဖူးပါတယ်။ ဘရိုက်တန် ကတော့ တခါမှ မရောက်ခဲ့ဖူးဘူး။ ဒီပွဲကို ယူနိုက်တက်ရှုံးရင် အံ့ဩမိမှာပါ။
ဘရိုက်တန်ကို ဘက် မကန်ချင်ပေမယ့် ဒီတစ်ပတ်တော့ ယူနိုက်တက်ကို ထောက်ခံရပါလိမ့်မယ်။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်။ ။ ဘရိုက်တန် ၁-၂ မန်ချက်စတာ ယူနိုက်တက်