မန်ယူအသင်း အလုံးစုံပြောင်းလဲရေး နောက်ထပ် ခြေလှမ်း အဖြစ် နည်းပြ တန်ဟက် လှုပ်ရှားပါတော့မယ်

ပြီးခဲ့တဲ့ရက်က ဆီဗီလာကို နှစ်ကျော့ပေါင်းရလဒ် ၅-၂ နဲ့ရှုံးပြီး ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့နောက် မန်ယူအသင်း ဟာ အသင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့ ကစားသမားတွေကို ထုတ်ရောင်းတော့မှာဖြစ်ပြီး လာမယ့် နွေရာသီ ဈေးကွက်ထဲမှာ စီနီယာ ကစား သမား ၁၂ ယောက်လောက် ပါသွားနိုင်တယ်လို့ သတင်းထွက်လာပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကို အလုံးစုံ ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့် သွားနေတဲ့ နည်းပြ အဲရစ်တန်ဟတ်ဟာ လူငယ်ကစားသမားတွေနဲ့အတူ အသင်းကို စုဖွဲ့လိုနေပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါပြေကာင့် အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယား၊ ဂိုးသမား ဒီဂီယာနဲ့အတူ ဒဏ်ရာတွေနဲ့ လုံးပန်းနေရတဲ့ မာရှယ်တို့ကို နွေဈေး ကွက် အရောင်းစာရင်းထဲမှာ ထည့်လိုက်ပြီလို့သိရပါတယ်။

နွေဈေးကွက်မှာ ရောင်းထုတ်ပစ်မယ့် ကစားသမားစာရင်း အပြည့်အစုံကို နည်းပြ အဲရစ်တန်ဟတ်နဲ့ ဘောလုံးဒါရိုက်တာ ဂျွန်မာတပ်ဖ်တို့က ဆီဗီလာကို ၃-၀ ဂိုးနဲ့ ရှုံးတဲ့ ပွဲမတိုင်ခင်ကတည်းက ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်တယ်လို့ Mirror သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြပါတယ်။

နည်းပြတန်ဟတ်ဟာ အသင်းလိုက်တွဲဖက်ပြီး ကစားနိုင်တဲ့ ဂိုးသမားတစ်ယောက်ကို လိုချင်နေတာဖြစ်ပြီး လက်ရှိ ဂိုးသမား ဒီဂီယာက အဲဒီအပိုင်းမှာ အားနည်းချက်တွေ ရှိနေသလို အဲဒါကိုလည်း ဆီဗီလာနဲ့ပွဲမှာ တွေ့ခဲ့ရပါတယ်။

ဒီဂီယာဟာ လာမယ့် နွေရာသီကိုရောက်ရင် စာချုပ်သက်တမ်း ကုန်မှာဖြစ်ပြီး လက်ရှိမှာတော့ ယူနိုက်တက်က စကားပြောတာမျိုးတွေ လုပ်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မန်ယူဟာ တစ်ပတ် လုပ်ခလစာ ပေါင် ၃၇၅၀၀၀ ကိုတော့ ပေးမယ့်သဘောမျိုး မရှိတော့ပါဘူး။

ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်တဲ့နေရာမှာ ဂိုးသမားတစ်ယောက်ရဲ့ ကဏ္ဍကလည်း ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို နည်းပြတန် ဟတ်ဟာ မန်စီးတီးရဲ့ အီဒါဆင်၊ လီဗာပူးရဲ့ အလစ်ဆန်တို့ကို ဥပမာ ယူနေ သူဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်ချင်တယ်ဆိုရင် အလားတူ ဂိုးသမားမျိုး ခေါ်ဖို့ လိုအပ်နေတယ်ဆိုတာကို နယ်သာလန်သားတစ်ယောက် နားလည် သဘောပေါက်ထားပါတယ်။

အင်္ဂလန်သတင်းဌာနတွေ အဆိုအရ ကွင်းလယ်လူတွေဖြစ်တဲ့ ဖရက်ဒ်၊ တွမ်မီနေးတို့လည်း အရောင်းစာရင်းထဲမှာ ပါနေတယ်လို့ သိရပါတယ်။

နောက်ပြီး အဲဒီ ရှင်းထုတ် မယ့် စာရင်းထဲမှာ တိုက်စစ်မှူး အီလန်ဂါ၊ ဗန်ဒီဘိခ်၊ ဘရန်ဒန်ဝီလီယံ၊ အဲရစ် ဘိုင်လီနဲ့ တဲလက်စ်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။