ဒီည ဝင်ဘာလေမှာ မန်ယူက ဘရိုက်တန်ကို ရှုံးပြီး FA ပြိုင်ပွဲက ထွက်ရဦးမယ်လို့ ဆက်တန် အခိုင်အမာ သုံးသပ် ခန့်မှန်း
ဒီနေ့ တနင်္ဂနွေနေ့ည ဝင်ဘာလေကွင်းကြီးမှာတော့ ဘရိုက်တန်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲ ယှဉ်ပြိုင် ကစားကြမှာပါ။
မနေ့က စနေနေ့ညက ပွဲမှာတော့ မန်စီးတီးက ရှက်ဖီးကို ၃-၀ နဲ့ နိုင်ကာ ဗိုလ်လုပွဲ တက်ရောက်ပြီး စောင့်နေပြီ ဖြစ်ပါတယ်။ ဘရိုက်တန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ဒီနေ့ ည ၁ဝ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်ကတော့ မန်ချက်စတာ ယူနိုက်တက် က ဘရိုက်တန်ကို မနိုင်ဘူး လို့ ယူဆထားပြီး ခုလို သုံးသပ် ခန့်မှန်းလာပါတယ်။
” မန်ချက်စတာ ယူနိုက်တက် က ပြီးခဲ့တဲ့ အပတ် ဖောရက်စ်ကို နိုင်တဲ့ပွဲမှာ အတော် ကောင်းကောင်း ကစားခဲ့တယ်။ အဲရစ် တန်ဟက် အသင်းက ဒဏ်ရာတွေကြောင့် နည်းနည်းတော့ ထိခိုက်မှု ရှိမယ် ထင်ပြီး ကျနော်က သရေလောက်ပဲ ထင်ခဲ့တာပါ။ အဲဒီပွဲ ခန့်မှန်းက မှားခဲ့တယ်။
ဘရူနို ဖာနန်ဒက်စ် က သူတို့ကို ကွင်းထဲမှာ လွှမ်းမိုးအောင် ကူညီပေးခဲ့တယ်။ မားကပ် ရက်ဖို့ဒ် ပြန်လာတာကလည်း အင်အားကြီး တစ်ရပ် ဖြစ်မှာပါ။ ဒါပေမယ့် ဖောရက်စ် အတော် ခြေစွမ်း ညံ့ခဲ့တာကြောင့် ယူနိုက်တက် တကယ်တမ်း ဘယ်လောက် ကောင်းသလဲ ဆိုတာ အကဲဖြတ်ဖို့ ခက်ခဲနေဆဲပါ။ ဘရိုက်တန်က လုံးဝ မတူညီတဲ့ အခြေအနေ ရှိနေတယ်။
ဘရိုက်တန်ရဲ့ ပြီးခဲ့တဲ့ အပတ်က ချယ်ဆီးနဲ့ ပွဲကို ကျနော် ကြည့်ခဲ့တယ်။ ဟုတ်တယ် ချယ်ဆီးက လောလောဆယ် ခက်ခဲတဲ့ ကာလ ရင်ဆိုင်နေရပါတယ်။ ဒီ ဇာဘီရဲ့ အသင်းက သူတို့ကို လုံးဝ ချေမှုန်းပစ်ခဲ့တာ။
ဘရိုက်တန်ကလည်း အဲဒီပွဲမှာ ကစားသမားတချို့ နာသွားခဲ့တယ်။ တိုက်စစ်မှုး အီဗန် ဖာဂူဆန်နဲ့ နောက်ခံလူ ဗက်မန်းတို့ ပထမပိုင်းထဲမှာတည်းက လူစားလဲခဲ့ရတယ်။ သူတို့က ဒီ ဝင်ဘာလေက ပွဲမှာလည်း ဆက် လွဲဖွယ် ရှိပါတယ်။ ဒါပေမယ့် သက်ရောက်မှု ကြီးကြီးမားမားတော့ ရှိမယ် မထင်ဘူး။
သူတို့ ချယ်ဆီးနဲ့ ပွဲတုန်းက ပုံစံအတိုင်း ဆက်သွားရုံပါ၊ ဒီပွဲအတွက်လည်း ကစားပုံ ပြောင်းလဲမယ် မထင်ဘူး။ သူတို့က ယူနိုက်တက် အတွက် သိပ်တောင့်တင်းလွန်းနေလိမ့်မယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ် ကတော့ ဘရိုက်တန် ၃-၂ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။