ယူရိုပါလိဂ် ဆီမီးဖိုင်နယ် တက်သွားတဲ့ ၄သင်းမှာ မန်ယူ ကန်ထုတ်ထားတဲ့ လူဟောင်းတွေ ၇ ဦးထိ ပါဝင်နေ

တန်ဟက်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ကနေ ထွက်သွားရပြီဖြစ်ပေမယ့် ဆီမီးဖိုင်တက်ရောက်နိုင်တဲ့ အသင်းတိုင်းမှာ မန်ယူ နည်းပြဟောင်းနဲ့ကစားသမားဟောင်းတွေ ပါဝင်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကြာသပတေးနေ့က ဆီဗီလာနဲ့ ကွာတားဖိုင်နယ်၊ ဒုတိယအကျော့ပွဲမှာ (၃-ဝ)ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် (၅-၂)ဂိုးနဲ့ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီး ဖလား(၃)လုံးချန်ပီယံအိပ်မက် အဆုံးသတ်သွားခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါောကာင့် လက်ကျန်ဖလားဖြစ်တဲ့ FA ဖလားမှာ ဗိုလ်စွဲဖို့သာ အာရုံစိုက်ရတော့မှာပါ။ မန် ယူနိုက်တက်အသင်းဟာ ၂၀၁၇ နောက်ပိုင်း ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ပြိုင်ပွဲ ရှုံးထွက်အဆင့်တွေမှာ စပိန်ကလပ်တွေကို ရှုံးနိမ့်ပြီး (၆)နှစ် ဆက်တိုက် ပြိုင်ပွဲက ထွက်ခဲ့ရတဲ့အပြင် ဆီဗီလာအသင်းနဲ့ (၅)ကြိမ်ဆုံတွေ့ခဲ့တာမှာ နိုင်ပွဲမရှိဘဲ (၂)ပွဲသရေ၊ (၃)ပွဲရှုံးခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်တို့ ဒီရာသီ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကနေ လှည့်ပြန်ခဲ့ရပေမယ့် သူတို့ရဲ့ နည်းပြဟောင်းနဲ့ ကစားသမားဟောင်း အပါအဝင် စုစုပေါင်း(၇)ဦးဟာ ဆီမီးဖိုင်နယ်အဆင့် ရောက်ရှိခဲ့ပါတယ်။

မန်ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားအသင်းဟာ ဆီမီးဖိုင်နယ်မှာ လေဗာကူဆင်နဲ့ ဆုံတွေ့ရမှာဖြစ်ပြီး ရိုးမားအသင်းမှာ ယူနိုက်တက် ကစားသမားဟောင်းတွေဖြစ်တဲ့ စမောလင်း၊ မာတစ်တို့ ပါဝင်ကစားနေပါတယ်။

ရိုးမားအသင်းနဲ့ ဆုံတွေ့မယ့် လေဗာကူဆင်အသင်းမှာတော့ ယူနိုက်တက် အကယ်ဒမီထွက် နောက်ခံလူ ဖိုဆူမန်ဆာ ပါဝင်ကစားနေပြီး အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ ဖိုဆူမန်ဆာဟာ ယူနိုက်တက် စီနီယာအသင်းအတွက် ၂၀၁၆ ကနေ ၂၀၂၁ ခုနှစ်အထိ (၅)နှစ်အတွင်း ပွဲပေါင်း(၃၀)သာကစားခဲ့ရသလို ၂၀၁၆-၁၇ ရာသီမှာ မော်ရင်ဟိုနဲ့ လက်တွဲခဲ့ဖူးပါတယ်။

၂၀၁၆-၁၇ ရာသီနောက်ပိုင်း ဥရောပရဲ့အဓိကပြိုင်ပွဲ တစ်ခုမှာ ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်တက်ခွင့်ရခဲ့တဲ့ စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အောင်မြင်မှု အများဆုံးဖြစ်တဲ့ ဆီဗီလာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းမှာ မန်ချက်စတာ ယူနိုက်တက် နာမည်ကျော်ကစားသမားဟောင်း နှစ်ဦးဖြစ်တဲ့ ဒီမာရီယာနဲ့ ပေါ့ဘာတို့ ကစားနေပြီး ဆီဗီလာအသင်းမှာတော့ ယူနိုက်တက်နောက်ခံလူ တဲလက်စ် အငှားနဲ့ကစားနေပါတယ်။

တဲလက်စ်ဟာ ယူနိုက်တက်အသင်းမှာ ပေ့ါဘာနဲ့အတူ ကစားခဲ့ဖူးတာကြောင့် အခု အသင်းဖော်ဟောင်းနဲ့ ပြိုင်ဘက်တွေ အဖြစ် ပြန်လည်ရင်ဆိုင်ရမှာပါ။