ကမ္ဘာ့ အကောင်းဆုံး ဆိုတဲ့ထိပါ ချီးကျူးသံတွေ ညံနေတဲ့ မန်ယူ နောက်ခံလူ ဝမ် ဘစ်ဆာကာ

လက်စတာနဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား ဂျိမ်းစ်မက်ဒီဆင်က အက်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အတွင်း မန်ယူနိုက်တက် ခံစစ်ပိုင်းအတွက် ခြေစွမ်းကောင်း ပြသနိုင်ခဲ့တဲ့ နောက်ခံအစွန်လူ အာရွန် ဘစ်ဆာကာ ကို ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးလို့ ချီးကျူးသွားခဲ့ပါတယ်။

ဘစ်ဆာကာဟာ ဒီပွဲစဉ်မှာ ယူနိုက်တက်အတွက် မိနစ်(၁၀၀)နီးပါးအထိ ကစားသွားခဲ့ပြီး ဘရိုက်တန်ရဲ့ အဓိက တိုက်စစ် သွေးကြောဖြစ်တဲ့ မိတိုမာကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သလို ဘောလုံးယှဉ်လုမှုတွေ အားလုံးမှာလည်း အောင်မြင်နိုင်ခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဘောလုံး ပြန်ဆယ်မှု (၇)ကြိမ် ရယူနိုင်ခဲ့ပြီး dribbles တွေလည်း အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တဲ့ ဘစ်ဆာကာ ရဲ့ ဒီပွဲ စွမ်းဆောင်မှုက တကယ့်ကို လက်ဖျားခါလောက်စရာပါ။

ဒါကြောင့် သူရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သတ်ပြီး အသင်းပရိသတ်တွေအပြင် ကစားသမားတချို့ကပါ ဘစ်ဆာခါကို ချီးကျူးလာကြပါတယ်။

“ဘစ်ဆာကာ က တစ်ဦးချင်း တွေ့ဆုံမှု ခံစစ်အပိုင်းမှာဆိုရင် မယုံနိုင်စရာကောင်းလောက်အောင်ပါပဲ။ ကမ္ဘာ့ အကောင်းဆုံးဆိုတဲ့ အတန်းတစ်ခုမှာတောင် ပါနေနိုင်ပါတယ်။ ဒါကြောင့် တောင်ပံ ကစားသမား တော်တော်များများက သူနဲ့ ထိပ်တိုက် ရင်ဆိုင်ရတဲ့ အခါမျိုးတွေမှာ အကြံကုန်သွားရသလို ဖြစ်သွားတတ်ပါတယ်” လို့ မက်ဒီဆင်က ဘစ်ဆာကာ ကို ချီးကျူးသွားခဲ့ပါတယ်။

ဒါ့အပြင် ဘစ်ဆာကာ ရဲ့ စီနီယာကြီးဖြစ်သူ ရီယိုဖာဒီနန်ကပါ ခုလို ချီးကျူးခဲ့ပြန်ပါတယ်။

“ကျွန်တော့်အတွက်တော့ ဘစ်ဆာကာ က ထူးချွန်တဲ့ ကစားသမားလို့ ထင်ပါတယ်။ မိတိုမာကလည်း ဒီရာသီမှာ ကျွန်တော် သတိထားမိနေတဲ့သူပါ။ သူက သူနဲ့ ကစားရတဲ့ အသင်းတိုင်းအတွက် ကြီးမားတဲ့ ပြသာနာတွေကို ပေးစွမ်းနိုင်တဲ့သူ။

ဘစ်ဆာကာနဲ့ ရင်ဆိုင်ရတဲ့ ပွဲမှာတော့ ဘစ်ဆာခါက သူ့အတွက် အဟန့်အတား ဖြစ်စေရတယ်။ ဘစ်ဆာကာက ဒီနေ့ပွဲမှာ သူက ထိပ်တန်းအဆင့်ရှိပြီး ပုံစံကောင်း ပြသနေတဲ့ ကစားသမားတွေကို ဘယ်လို ထိန်းချုပ်နိုင်လဲဆိုတာ သက်သေပြသွားခဲ့ပါတယ်” လို့ ချီးမွမ်းသွားခဲ့ပါတယ်။