သရဲနီတွေ ဂိုးပြတ်နိုင်မယ် ဟောကိန်းထုတ်ထားတဲ့ ခရစ်ဆက်တန်ရဲ့ စပါး – မန်ယူ ပွဲ သုံးသပ်ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီတပတ်မှာတော့ လန်ဒန်မြို့ခံကလပ် တော့တင်ဟမ် စပါး အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲချိန်ကတော့ မနက်ဖြန် ကြာသပတေးနေ့ည ၁း၄၅ နာရီမှာ ဖြစ်ပါတယ်။

စပါးအသင်းဟာ ဒီပွဲ မတိုင်ခင် နယူးကာဆယ်နဲ့ အရှက်တကွဲ ရှုံးပွဲကြောင့် ယာယီနည်းပြ စတယ်လီနီ ကို ထုတ်ပယ်ပြီး နောက်ထပ် ယာယီ နည်းပြ အဖြစ် ရိုင်ယန် မေဆန် ကို ခန့်အပ်ထားပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က တော့တင်ဟမ် စပါးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ထိပ်တိုက်တေ့ွမယ့် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ကျနော်က ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် နိုင်မယ့်ဘက်ကို ခန့်မှန်းထားပါတယ်။ စပါးဟာ နယူးကာဆယ်ကို ရှုံးနိမ့်ပြီးနောက် သူတို့ရဲ့ ယာယီနည်းပြ စတယ်လီနီကို ရာထူးကနေ ထုတ်ပယ်ခဲ့ကာ အခြေအနေတွေ ရှုပ်ထွေး နေပါတယ်။

အကယ်လို့ ပထမ ၂၁ မိနစ် နှုန်းအတိုင်း နယူးကာဆယ်က စပါးဘက် ဆက်ပြီး ဂိုးသွင်းနေမယ်ဆိုရင် ၂၂-၀ လောက်ထိကို ပြတ်သွားနိုင်ပါတယ်။ မြင်ဖူးသမျှ အရွဲဆုံး ပွဲကို ကစားအပြီး စပါးတို့ ဒီပွဲမှာ တုန့်ပြန်လာနိုင်မလား? ကျနော်တော့ မယုံပါဘူး။

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ဘရိုက်တန်ကို ကျော်ဖြတ်နိုင်တာ ယူနိုက်တက်တို့ ကံကောင်းခဲ့တာလို့ မြင်ပါတယ်။ ယူနိုက်တက်က နယူးကာဆယ်တို့လိုတော့ ဂိုးအများကြီး သွင်းယူနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တော်တင်ဟမ်က ခံစစ်ပိုင်း ဂိုး မပေးရအောင် ထိန်းနိုင်မယ်လို့ မထင်ဘူး။

တနင်္ဂနွေနေ့ ပွဲကလောက် မဆိုးလောက်ဘူးဆိုပေမယ့် ဒီအခြေအနေမှာ စပါးတို့ ပြန်လာနိုင်ဦးမယ်လို့ မထင်ပါဘူး။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန် ရဲ့ ခန့်မှန်းရလဒ် ကတော့ တော့တင်ဟမ် စပါး ၁-၃ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။