မန်ယူက လန်ဒန်သွားပြီး စပါးကို ဂိုးပြတ်သွင်းမယ်လို့ ဟောကိန်း ထုတ်လိုက်တဲ့ ဆရာကြီး ပေါမာဆန်

ဒီ ကြားရက်မှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ လန်ဒန်မြို့ခံအသင်း တော့တင်ဟမ် စပါး အသင်းနဲ့ ပရီးမီးယားလိဂ်မှာ ထိပ်တိုကတွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲချိန်ကတော့ မနက်ဖြန် ကြာသပတေးနေ့ည ၁း၄၅ နာရီမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က စပါးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ထိပ်တိုက်တေ့ွမယ့် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

” ဒီပွဲက ပြောရခက်တဲ့ ပွဲစဉ်ပါ။ အရင်အပတ်က စပါးတို့ အရမ်းကို အခြေအနေ ဆိုးထားပါတယ်။ သူတို့ ဂရုစိုက်ဖို့ လိုပါတယ်။ ဒီပွဲကို ရှုံးမယ်ဆိုရင် လာမယ့်ရာသီ ဥရောပမှာ ကစားခွင့် ဆုံးရှုံးမှာ ဖြစ်ပါတယ်။

နယူးကာဆယ်ကို ရှုံးလိုက်တာကြောင့် ကိန်းက သူ့ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်ပြီး ကလပ်မှာ ဆက်နေမယ်လို့ ကျနော်တော့ မထင်တော့ပါဘူး။ ဒီပွဲက ပွဲကြီးဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ အနီးကို ကပ်နိုင်မယ့် ပွဲစဉ် ဖြစ်ပါတယ်။ စပါးမှာ ကိန်းဆက်နေတာကို မြင်လိုပေမယ့် ဒီရှုံးပွဲက နောက်ဆုံးပဲ ဖြစ်ပါလိမ့်မယ်။

နှစ်သင်းလုံးက တူညီတဲ့ နည်းလမ်းနဲ့ ကစားနေတယ်။ ခံစစ်ကို အထိုင်ချပြီး ကောင်တာ တိုက်စစ် ပြန် ဆင်တယ်။ မန်ချက်စတာ ယူနိုက်တက်က ပွဲကို အပြတ်ဖြတ်နိုင်ပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာ သူတို့က အရေးမသာပေမယ့် သက်သောင့်သက်သာ ကစားပြခဲ့ပြီး ဖိုင်နယ် ရောက်ခဲ့တယ်။

စပါးမှာ နည်းပြ မရှိတာကို စိတ်ပူမိပါတယ်။ နယူးကာဆယ်ကို အရေးနိမ့်ထားမှုကို သူတို့ ပြန်လာနိုင်မယ် မထင်ပါဘူး။ ယူနိုက်တက်က ကောင်တာတွေမှာ သိပ်ကောင်းပြီး ဒီပွဲကို အနိုင်ရသင့်ပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ် ကတော့ စပါး ဝ-၂ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။