ကာစီမီရို နေရာ အစားထိုးဖို့ မန်စီးတီး အကယ်ဒမီထွက် ကြယ်ပွင့်လေးကို နည်းပြ တန်ဟက် မျက်စိကျနေ
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်က လက်ရှိ အသင်းမှာ အားထားနေရတဲ့ ကွင်းလယ် ခံစစ်သမား ကာစီမီရို နေရာ အတွက် အစားထိုး ပစ်မှတ်ကို ချိန်ရွယ်ထားပြီ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ကာစီမီရိုကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်ဟာ အိုးထရက်ဖို့ဒ်မှာ အထင်ကြီးဖွယ် ပွဲဦးထွက်ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
ကာစီမီရိုဟာ ပွဲထွက်လူစာရင်းထဲမှာ ပထမဆုံး ပါဝင်တဲ့ နာမည်တစ်ခုဖြစ်တယ်ဆိုတာ ငြင်းလို့မရနိုင်ပေမယ့်လည်း ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ အသက် ၃၀ အရွယ်ရှိနေပြီ ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

တန်ဟက်က ဆောက်သမ်တန်ကြယ်ပွင့် ရိုမီယို လာဗီယာကို နှစ်သက်သူဖြစ်ပြီး ကာစီမီရိုရဲ့နေရာအတွက် ကာလရှည် အစားထိုးခေါ်ယူမှုအဖြစ် ရှုမြင်ထားတာပါ။
ကာစီမီရိုက မန်ယူအသင်းနဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပေမယ့်လည်း တန်ဟက်က ယခုနွေရာသီမှာ ကွင်းလယ် ကစားသမားသစ် ခေါ်ယူဖို့ စီစဉ်ထားပြီးဖြစ်ပြီး အသင်းကလည်း ဘရာဇီးလ်ကြယ်ပွင့် မပါဝင်နိုင်ချိန်မှာ စွမ်းဆောင်ရည် ကျဆင်းနေခဲ့တာကို သတိပြုမိထားတာ ဖြစ်ပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လာဗီယာဟာ ၂၀၂၀ မှာ မန်ချက်စတာစီးတီးကို မပြောင်းရွှေ့ခင် အန်ဒါလက်ချ် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး နောက်ထပ် ၂ နှစ်အကြာမှာ ဆောက်သမ်တန်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးက လာဗီယာရဲ့ သဘောတူညီမှုမှာ ရောင်းကြေး ၂၀ ရာခိုင်နှုန်း ပေးချေရမယ်ဆိုတဲ့ အချက်နဲ့ ပြန်လည်ဝယ်ယူခွင့်ကို ထည့်သွင်းခဲ့ပြီး ဆောက်သမ်တန်ကြယ်ပွင့်ဟာ ဥရောပတလွှားကနေ စိတ်ဝင်စားမှုတွေ အများအပြားကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
မန်ယူ နည်းပြ တန်ဟက်က လာဗီယာကို ကာစီမီရိုအတွက် ကာလရှည် အစားထိုးခေါ်ယူမှုအဖြစ် ရှုမြင်ထားပြီး ကွင်းလယ်ကစားသမားရဲ့ တိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ အခြား ဦးစားပေးတွေလည်း ရှိနေပြီး တန်ဟက်က ထိပ်တန်း အထောင်တိုက်စစ်မှူး၊ ညာနောက်ခံလူနဲ့ အဆင်သင့်အသုံးပြုနိုင်တဲ့ ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။