အက်စတွန်ဗီလာက အိုးထရက်ဖို့ဒ်မှာ မန်ယူကို အနိုင်ကန်မယ် လို့ ခရစ်ဆက်တန် ဟောကိန်း ထုတ်

မန်ယူအသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ အက်စတွန်ဗီလာ အသင်းနဲ့ တွေ့ဆုံနေပါတယ်။ ဒီနှစ်သင်းဟာ အိုးထရက်ဖို့ဒ်မှာ လာမယ့် ဧပြီ ၃ဝ၊ တနင်္ဂနွေနေ့ည ၇ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ဗီလာနည်းပြ အူနိုင်း အမ်မရီဟာ ဒီရာသီ အက်စတွန်ဗီလာ ကို စ ကိုင်တဲ့ ပွဲဦးထွက်တုန်းကလည်း ဗီလာပါ့ခ်မှာ မန်ချက်စတာ ယူနိုက်တက်ကို ၃-၁ နဲ့ အနိုင်ယူပြီး အဖွင့်လှထားခဲ့တာ ဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က ဒီအပတ် မန်ယူနဲ့ အက်စတွန်ဗီလာ တို့ ပွဲ အတွက် ခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” အက်စတွန်ဗီလာက ဒီပွဲမှာ ၃ မှတ်ရရင် မန်ချက်စတာ ယူနိုက်တက်နဲ့ အမှတ်ကွာဟချက် အတော် နည်းပြီး နီးကပ် သွားမှာပါ။ ဒါပေမယ့် အဲရစ်တန်ဟက် အသင်းကတော့ ပွဲကျန် ၂ပွဲ ရှိနေသေးတယ်။

ဗီလာက အခုလောက်ထိ ဘာလို့ ကောင်းလာသလဲ ကျနော် သဘောပေါက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဝက်ကင်းစ်က တကယ် ခြိမ်းခြောက်နိုင်သလို ဘွန်ဒီယာကလည်း ဖန်တီးနိုင်စွမ်း ရှိတယ်။ သူတို့ နှစ်ယောက်က ကွင်းလယ်မှာ တကယ်ကို ဟန်ချက်ညီနေတော့တာ။

သူတို့က လွတ်လွတ်လပ်လပ်နဲ့ အတော်လည်း လှုပ်ရှား ကစားပါတယ်။ ဒီပွဲက အတော် အကြိတ်အနယ် ရှိမယ် ဆိုပေမယ့် ကျနော်ကတော့ ဗီလာဘက် ပို အသားပေးချင်တယ်။

ယူနိုက်တက်က သူတို့ဦးစားပေး ဗဟိုခံစစ်မှုးတွေ ဖြစ်တဲ့ မာတီနက်ဇ်နဲ့ ဗာရန်းကို ကို လက်လွှတ်ထားရတယ်။ တိုက်စစ် ဆင်လာတဲ့ အသင်းတွေနဲ့ ဆိုရင် ယူနိုက်တက်က ယုံကြည်မှု မရှိသလို ဖြစ်နေပါတယ်။ ဒါကြောင့် အူနိုင်း အမ်မရီရဲ့ အသင်း အသာရသွားမယ် ကျနော် ထင်တာပါ။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာယူနိုက်တက် ၁-၂ အက်စတွန်ဗီလာ ဖြစ်ပါတယ်။

လက်ရှိ အမှတ်ပေးဇယားမှာ ယူနိုက်တက် က ၃၁ ပွဲ ကစား၊ ရမှတ် ၆၀ နဲ့ အဆင့် ၄ မှာ ရှိနေပြီး အက်စတွန် ဗီလာက ၃၃ ပွဲ ကစား၊ ၅၄ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။