အငှား ထွက်ချင်တဲ့ ဆန်ချို၊ အပြီး စွန့်ချင်တဲ့ ဂရင်းဝုဒ်၊ တောင်းဆိုမှု မရခဲ့တဲ့ ဂနာချိုနဲ့ နောက်ဆုံးရ မန်ယူ သတင်းများ

ဂျေဒန်ဆန်ချိုဟာ အိုးလ်ထရက်ဖို့ဒ်မှာ သူရုန်းကန်နေရတာတွေကြောင့် မန်ချက်စတာယူနိုက်တက်ကနေ ဒေါ့မွန်ကို အငှားနဲ့ ပြန်သွားချင်နေတယ်လို့ သိရပါတယ်။

ဆန်ချိုဟာ ၂၀၂၁ မှာ ယူနိုက်တက်ကို ပြောင်းလာပြီးကတည်းက ကစားချိန်အတွက် ရုန်းကန်ခဲ့ရတာပါ။ သူဟာ မကြာခင်မှာ ဒေါ့မွန်ကို ယာယီအငှားနဲ့ ပြန်သွားဖို့ ဆန္ဒပြင်းပြနေတာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က ဆောက်သမ်တန်ကြယ်ပွင့် ရိုမီယို လာဗီယာကို နှစ်သက်သူ ဖြစ်ပြီး ကာစီမီရိုရဲ့နေရာအတွက် ကာလရှည် အစားထိုးခေါ်ယူမှုအဖြစ် ရှုမြင်ထားပါတယ်။

(Read More နှိပျပွီး သတငျးကို အဆုံးထိ ဆကျလကျ ဖတျရှုနိုငျပါတယျ။)

အမှုကနေ လွတ်ကင်းလာ ပေမယ့် ကလပ်အသင်းဘက်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ အတွက် ဘောလုံးပြန် မကစားနိုင်သေးဘဲ စောင့်ဆိုင်း နေရတဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးလေး မေဆင် ဂရင်းဝုဒ် ဟာ မန်ယူ ကို စွန့်ခွာမယ်လို့ မိတ်ဆွေ သူငယ်ချင်းတွေကို ထုတ်ဖော် ပြောဆိုခဲ့ကြောင်း သတင်း ထွက်လာခဲ့ပါတယ်။

မန်ယူနိုက်တက် ခံစစ်မှူး ဟယ်ရီ မက်ဂွဲယား ဟာလည်း ယူရို ၂၀၂၀၄ ပြိုင်ပွဲမှာ အင်္ဂလန် အသင်းနဲ့ ဆက်လက် ပါဝင်ခွင့် ရရှိနိုင်ဖို့ အတွက် ပုံမှန် ပွဲထွက်ခွင့် ရနိုင်မယ့် အသင်းတသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ကူးနေတယ်လို့ သိရှိရ ပါတယ်။

မန်ယူ ချိန်ရွယ်တယ် သတင်းထွက်ထားတဲ့ ဂျူ့ဒ် ဘယ်လင်ဟမ်ကို ယူရို သန်း ၁၅၀ ရမှ ရောင်းမယ်လို့ ဒေါ့မွန်က ဈေးခေါ်လိုက်ပါတယ်။

ကာတာ ဘီလီယံနာ ရှိတ် ဂျာဆင်း နဲ့ ဗြိတိန် ဘီလီယံနာ ဆာ ဂျင် ရတ်ကလစ် တို့ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဝယ်ယူဖို့ အတွက် နောက်ဆုံးအကြိမ် ကမ်းလှမ်းမှု ပြုလုပ် လိုက်ကြပြီလိ့ု သိရပါတယ်။

မန်ယူအသင်းဟာ အသက် ၂၀ အောက် ကမ္ဘာ့ဖလားသွားရောက်ဆင်နွှဲဖို့ တောင်းဆိုထားတဲ့ ဂနာချိုရဲ့ တောင်းဆိုမှုကို ပယ်ချလိုက်ကြောင်း သတင်းရရှိပါတယ်။ ဒါပေမယ့် ဂနာချိုနဲ့ မန်ယူတို့ကတော့ ၅ နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။