ကွင်းလယ်လူ ဖရက်ဒ်ကို တန်ဟက် ဘာလို့ မသုံးသလဲ သရဲနီဟောင်းကြီး နဗီးလ် ဖော်ထုတ်
သရဲနီဟောင်းကြီး ဂယ်ရီ နဗီးက နည်းပြ အဲရစ် တန်ဟက်က ဘာကြောင့် ကွင်းလယ်လူ ဖရက်ဒ်ကို ပွဲထွက်လူစာရင်းထဲ မရွေးချယ်ခဲ့တာလဲဆိုတာကို အတွင်းကျကျ ရှင်းပြ လာခဲ့ပါတယ်။ ဒါ့အပြင် မန်ယူက မန်စီးတီးနဲ့ ရင်ဆိုင်ရာမှာ အာဆင်နယ်လို ဗျူဟာ မသုံးရင် အနိုင်ရမယ်လို့လည်း ထောက်ပြခဲ့ပါတယ်။
လာမယ့်ဇွန်လအစ ဝင်ဘလေကွင်းမှာ မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ အက်ဖ်အေ ဖလား လုပွဲ ဖိုင်နယ် ရင်ဆိုင် သွားရမှာ ဖြစ်ပြီး ဒါ့အပြင် ဂွါဒီယိုလာရဲ့အသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ချက်စတာစီးတီးဟာ ဆုဖလား ၃ လုံး တပြိုင်နက် ဆွတ်ခူးနိုင်မယ်လို့ ယူဆခြင်းခံနေရပေမယ့်လည်း နဗီးက ယူနိုက်တက်ဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မှန်ကန်တဲ့ပုံစံနဲ့ ရင်ဆိုင်သွားမယ်ဆိုရင် မြို့ခံပြိုင်ဘက်တွေရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးနိုင်စွမ်းရှိတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။
“ယူနိုက်တက်က ရီးရဲလ်မက်ဒရစ်ထက် ပိုပြီး အခွင့်အရေးရှိတယ်လို့ ထင်ပါတယ်။ ယူနိုက်တက်က ဝင်ဘလေမှာ တစ်ပွဲပဲ ကစားရမှာပါ။ ဗဟိုခံစစ်ကစားသမားတွေက ပြန်ပါလာလိမ့်မယ်။ သူတို့တွေ အဲဒီပွဲမှာ ပြန်လာနိုင်မယ်လို့ မျှော်လင့်မိပြီး ကျွန်တော်တို့ ကစားသမားတွေ ကြံ့ခိုင်မှု ရနေပါပြီ။
ကျွန်တော်တို့ ဒီလို ပုံစံမျိုးနဲ့သာ သွားမယ်ဆိုရင် ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ အဲဒီပွဲကို ညာတောင်ပံမှာ ဘရူနို ဖာနန်ဒက်စ်နဲ့ သွားမယ်။ ကွင်းလယ်မှာ မက်တော်မီနေး(အထိုင်)၊ ကာစီမီရို၊ အဲရစ်ဆင် ဒါမှမဟုတ် ဆာဘစ်ဇာတို့ကို ထားမယ်။ ကျွန်တော်တို့ ဒီပွဲထဲမှာ နည်းနည်း ပိုပြီး တွေးစရာတွေ ရှိလာမှာပါ။
အာဆင်နယ်က ကွင်းလယ်မှာ တိုက်စစ်လိုက်ပါခဲ့တဲ့ ၃ ဦးနဲ့ ကစားခဲ့တဲ့အတိုင်းလုပ်ရင် မှားယွင်းတဲ့ လှုပ်ရှားမှုပါ။ ကျွန်တော်တို့ နည်းနည်းပိုပြီး ခံစစ်ပုံစံကစားဖို့ လိုပါတယ်။ တန်ဟက်က ဒီလိုမျိုး လုပ်ရတာကို မနှစ်သက်ပါဘူး။ သူက ဘောလုံးပိုင်ဆိုင်မှု အသာစီးရချင်တယ်။ သူက ဘောလုံးကို ထိန်းချုပ်ထားချင်တယ်။
တန်ဟက်က ပြီးခဲ့တဲ့လအနည်းငယ်မှာ ဖရက်ဒ်ကို ချန်လှပ်ထားခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက အဲရစ်ဆင်ကို သုံးချင်လို့ပါ။ ကျွန်တော် ဖရက်ဒ် ဘာလို့မကစားရဘဲ ဆာဘစ်ဇာက ကစားနေရလဲဆိုတာ နည်းနည်း အတွင်းကျကျ ပြောပြမယ်။ ဘာလို့လဲဆိုတော့ သူက ဘောလုံးမကိုင်ထားနိုင်လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။