ဗီလာပါ့ခ် က ရှုံးကြွေးကို ဆပ်ပြီး အမ်မရီရဲ့ နိုင်ပွဲတွေကို ဘရူနို သွင်းဂိုးနဲ့ ရပ်တန့်ပစ်လိုက်တဲ့ မန်ယူ

ချန်ပီယံလိဂ်ဝင်ခွင့်တနေရာအတွက် နိုင်ပွဲ လိုအပ်နေသေးတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီည အိုးထရက်ဖို့ဒ်မှာ ခြေစွမ်းမာကျောတဲ့ အက်စတွန်ဗီလာကို ဘရူနို ဖာနန်ဒက်စ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင် ရရှိသွားခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ပထမ တကျော့ ဗီလာပါ့ခ်ကွင်းက ရှုံးကြွေးကို မန်ယူတို့ ပြန်ဆပ်နိုင်ခဲ့ပြီး အမ်မရီရဲ့ (၁၀)ပွဲဆက် ရှုံးပွဲမရှိမှုကို ရပ်တန့်ခဲ့ပစ်နိုင်ခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက်တို့ ဂိုးသွင်းဖို့ အခွင့်အရေးကောင်းတွေ ရခဲ့သေးပေမယ့် အဆုံးသတ် မသေချာ ခဲ့တာကြောင့် တဂိုးတည်းနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဘရူနိုဖာနန်ဒက်စ်ရဲ့ သွင်းဂိုးသာ မရခဲ့ဘူးဆိုရင် တန်ဟက်ဂ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တောင် ဖိအားတွေ များနေခဲ့ ရဦးမှာပါ။ ရက်ရှ်ဖို့ဒ်ကလည်း အပိုင်လုံးတွေကို လက်လွှတ်ခဲ့ရပြီး ဗီလာက ဒီနေ့မှ ခြေပျက်နေခဲ့လို့ သက်သာရာရခဲ့တာပါ။ ဗီလာတို့ ပြီးခဲ့တဲ့ပွဲတွေက ခြေစွမ်းအတိုင်းသာဆိုရ်င် ယူနိုက်တက်တို့ မလွယ်ပါဘူး။

တဂိုးရပြီးနောက်မှာ အနိုင်သေချာစေဖို့အတွက် နောက်ထပ်ဂိုးတွေကို ထပ်မသွင်းနိုင်တဲ့ အားနည်းချက်ကို အခုထိ တန်ဟက် မပြင်ဆင်နိုင်သေးပါဘူး။ ပြိုင်ဘက်ကသာ ချေပဂီုးသွင်းခဲ့မယ်ဆိုရင် ထုံးစံအတိုင်း အသည်းအသန် လိုက် ကစားရမှာဖြစ်ပြီး ဗီလာက ညံ့နေခဲ့လို့သာ ဂိုးပြန်မပေးခဲ့ရတာပါ။

ဒီပွဲအနိုင်ရလဒ်ကြောင့် မန်ချက်စတာ ယူနိုက်တက်တို့ အဆင့် ၄ နေရာမှာ ဆက်ရှိနေခဲ့ပြီး စပါးကို အမှတ် ထပ် ဖြတ်နိုင်ခဲ့ပါတယ်။

တဖက်မှာ နယူးကာဆယ်ကလည်း ဆောက်သမ်တန်ကို ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်သွင်းကာ ဂိုးပြတ်အနိုင်ရခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာအတွက် သေချာသည်ထက် သေချာလာခဲ့ပြီဖြစ်ပါတယ်။