ခွဲစိတ်ရမယ့် ဟန်ဒါဆန်၊ ဂနာချိုကို ဖခင်လို စောင့်ရှောက်သူ၊ ဗြိတိန်သူဌေးရဲ့ပြတ်သားတဲ့ ကမ်းလှမ်းမှုနဲ့ နောက်ဆုံးထွက် မန်ယူ သတင်းများ

ဗြိတိန် သူဌေး ဆာ ဂျင် ရက်ကလစ်ဖ်ကတော့ အပြောင်းအရွှေ့မှာ အပြည့်အဝ ချက်ချင်း ထိန်းချုပ်ခွင့် ပါဝင်တဲ့ မန်ချက်စတာ ကလပ်ကို ဝယ်ယူဖို့ နောက်ဆုံး ကမ်းလှမ်းမှုမှာ ထည့်သွင်းခဲ့ပါတယ်။ သောကြာနေ့က တင်သွင်းခဲ့တဲ့ ကမ်းလှမ်းမှုဟာ ကာတာ အုပ်စုထက်တောင် တန်ကြေး ပိုများတယ်လို့လည်း သိရပါတယ်။

နော်တင်ဟမ် ဖောရက်စ်မှာ အငှားထွက် ကစားပြီး ဒဏ်ရာ ရရှိနေတဲ့ မန်ယူ ဂိုးသမား ဒင်းဟန်ဒါဆင် ကတော့ ဒဏ်ရာကို ခွဲစိတ်ကုသဖို့ လိုအပ်လာခဲ့ပြီး လာမယ့် သြဂုတ်လ လောက်ထိ နားရနိုင်တယ်လို့ သတင်း ထွက်လာခဲ့ ပါတယ်။

ဟန်ဒါဆင် ဟာ မန်ချက်စတာ ယူနိုက်တက် သာ ဒီဂီယာ ကို ဆက်ထိန်းထားခဲ့ပြီး နောက်ထပ် ဂိုးသမားသစ် ခေါ်ယူခဲ့ပါက အပြီးသတ် ပြောင်းရွှေ့မှု ပြုလုပ်နိုင်ချေ ရှိနေပါတယ်။

နည်းပြ တန်ဟက်ဟာ လာမယ့်နွေမှာ ကစားသမား ၂ ယောက်ကို သေချာပေါက် ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ခဲ့ပါတယ်။

ထိုနှစ်ဦးကတော့ အဲရစ် ဘိုင်လီနဲ့ တဲလက်စ်တို့ ဖြစ်ပါတယ်။ လက်ရှိမှာ ဘိုင်လီက မာဆေးမှာ အငှား ကစားနေပြီး တဲလက်စ်က မာဆေးလ် အသင်းမှာ ကစားနေပါတယ်။

ဒါ့အပြင် တန်ဟက်ဟာ ယခင်က လင်ဒီလော့ဖ်ကိုလည်း ရောင်းချချင်ခဲ့ပေမယ့် လတ်တလော ခြေစွမ်းများကြောင့် ၎င်းထက် မက်ဂွဲရားကိုသာ အရောင်းစာရင်း ပိုထည့်ချင်နေပါတယ်။

လက်စတာ အသင်း တန်းဆင်းရရင် ကွင်းလယ် ကစားသမား ဂျိမ်းစ် မက်ဒီဆင်ကို လျှော့ဈေးနဲ့ ခေါ်ယူနိုင်ဖို့ အသင်းကြီးတွေ စောင့်ကြည့်နေကြပြီး ယူနိုက်တက်လည်း ပါဝင်နေပါတယ်။

မန်ယူ လူငယ်ကြယ်ပွင့်လေး ဂနာချိုက အသင်း အဝတ်လဲခန်းထဲမှာ မာတီနက်ဇ်၊ ဘရူနို ဖာနန်ဒက်စ်နဲ့ ဒေးဗစ် ဒီဂီယာ တို့က သူ့ကို ဂရုတစိုက် ပံ့ပိုး ကူညီပေးနေကြပြီး မာတီနက်ဇ် ဆိုရင် သူ့ရဲ့ အဖေ ပုံစံမျိုးကို ပြုမူစောင့်ရှောက် နေကြောင်း ဖွင့်ဟလာပါတယ်။

စီးပွားရေး လုပ်ငန်းတွေ အဆင်မပြေတာကြောင့် ဒေဝါလီ ခံလိုက်ရပြီး ဇနီးနဲ့လည်း ကွာရှင်းလိုက်ရတဲ့ ယူနိုက်တက် ကစားသမားဟောင်းကြီး ဝက်စ်ဘရောင်းကို အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ ရွန်းနီနဲ့ ကားရစ်တို့က ကူညီပေးနေကြပါတယ်။

ဒါ့အပြင် ယူနိုက်တက် တိုက်စစ်မှုး ရက်ဖို့ဒ်ကလည်း သူ့ အိမ် တစ်လုံးကို ဈေးသက်သက်သာသာနဲ့ ဝက်စ်ဘရောင်းကို ငှားပေးထားကာ ကူညီထားကြောင်း အင်္ဂလန် သတင်းတွေက ဖော်ထုတ်ခဲ့ပါတယ်။