မန်ယူက နောက်ရာသီဆိုရင် ပရီးမီးယားလိဂ် စိန်ခေါ်နိုင်ပြီ လို့ အခိုင်အမာ ဆိုလိုက်တဲ့ သရဲနီဟောင်းကြီး
နည်းပြ တန်ဟက် လက်ထက် တာထွက်ကောင်းခဲ့ပြီးနောက် လာမယ့်ရာသီမှာတော့ သူ့အသင်းဟောင်းမန်ယူဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်မှာလို့ နီမန်ဂျာမာတစ်က ယုံကြည်နေပါတယ်။
အသက် ၃၄ နှစ်အရွယ် ဆားဘီးယားလက်ရွေးစင်ဟောင်းက ၂၀၂၃-၂၄ ရာသီမှာ သူ့အသင်းဟောင်းဟာ ချန်ပီယံဆုအတွက် မန်စီးတီးတို့လို အသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်မှာလို့ တစ်ပေးခဲ့တာပါ။
ဒါ့အပြင် မာတစ်ဟာ တန်ဟက်လက်ထက် အသင်းရဲ့ ကစားပုံစတိုင်ကိုလည်း စကိုင်းစပေါ့ နဲ့ အင်တာဗျူးမှာ ချီးကျူးခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

နယ်သာလန်သားနည်းပြလက်ထက် ဒီရာသီမှာ ယူနိုတက်ဟာ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာခဲ့ပြီး အခုဆို ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရရှိတော့မှာပါ။
တန်ဟက်ရဲ့ဦးဆောင်မှုနဲ့ ကာရာဘောင်းမှာ ဗိုလ်စွဲပြီး ၆ နှစ်ကြာဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
နောက်ပြီး လာမယ့်မေလမှာ မြို့ခံပြိုင်ဘက်ကို အနိုင်ယူနိုင်ခဲ့ရင် အက်ဖ်အေဖလားမှာလည်း ထပ်မံဗိုလ်စွဲနိုင်တာပါ။
”တန်ဟက ကစားစေချင်တဲ့ပုံစံကို ကျွန်တော်ကြိုက်ပါတယ်။ ယူနိုက်တက် ကစားနေတဲ့ပုံကိုလည်း ကျွန်တော် သဘောကျတယ်။
အနိမ့်အမြင့်အတက်အကျအချို့ရှိခဲ့ပေမယ့် နည်းပြသစ်နဲ့ဆိုတော့ အဲဒါဟာ ပုံမှန်ပါပဲ။ ဒါပေမဲ့ သူတို့တိုးတက်လာပုံအတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ လာမယ့်ရာသီဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို သူတို့စိန်ခေါ်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ မာတစ်က ပြောခဲ့ပါတယ်။
ပုံမှန်အောက်ရောက်ခဲ့တဲ့ ၂၀၂၁-၂၂ နဲ့စာရင် လက်ရှိမန်ယူဟာ အများကြီးတိုးတက်လာတယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီတုန်းက ၅၈ မှတ်နဲ့ အဆင့် ၆ သာရခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ ၁၃ မှတ်တောင် ကွာခဲ့တာပါ။
ဒီရာသီမှာတော့ ၆ ပွဲကစားဖို့ ကျန်နေသေးချိန်မှာတောင် မန်ချက်စတာ ယူနိုက်တက် ၆၃ မှတ်ရထားပါတယ်။