ဗီလာက ဘောလုံးမယ် ချောချောလေးကို ကူညီ ကာကွယ်ပေးခဲ့တဲ့ ပရဟိတ ဆရာလေး ရက်ဖို့ဒ်

ပြီးခဲ့တဲ့ အက်စတွန်ဗီလာကို ၁-၀ နဲ့ နိုင်တဲ့ ပွဲ အပြီး နားရက်မှာ တိုက်စစ်မှုး ရက်ဖို့ဒ် က မန်ချက်စတာ ကလပ်အတွက် ဂုဏ်တက်ဖွယ် အပြုအမူတစ်ရပ်ကို ပြုလုပ်ကာ ကွင်းပြင်မှာ ဗီလာကို ကူညီပေးခဲ့ပါတယ်။

အက်စ်တွန်ဗီလာ အသင်းနဲ့ ပွဲစဉ်တွင် အနိုင်ရခဲ့အပြီး နားရက်ရထားတဲ့အတွင်း မားကပ် ရက်ဖို့ဒ် က ချစ်သူဖြစ်သူ လူစီယာလွိုင်နဲ့အတူ ကလပ်တက်နေစဉ် ကူညီပေးစရာ ပေါ်လာခဲ့တာပါ။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ထို နိုက်ကလပ်မှာ အမျိုးသမီးလိဂ်ပြိုင်ပွဲဝင် အက်စ်တွန်ဗီလာအသင်းရဲ့ ကစားသမား လီမန်း အလစ်ရှာအား အမျိုးသား အုပ်စုတစ်စုက နှောက်ယှက်နေချိန် ရက်ဖို့ဒ် က ကြားဝင်ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဖြစ်ရပ်ဖြစ်ရပ်နဲ့ ပက်သက်လို့ ကလပ်အတွင်းမှာ မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သူ တစ်ဦးက ခုလို ပြောခဲ့ပါတယ်။

“ရက်ရှ်ဖို့ဒ်က အလီရှာကို ယခုတစ်ခေါက် ပထမအကြိမ်အနေနဲ့ ဆုံဖူးတာပါ။ သူမရဲ့ ဖြစ်ရပ်ကိုတွေ့တော့ သူက ကူညီပေးဖို့ ရွေးချယ်ခဲ့တာပါ။ စကားအနည်းငယ်ပြောအပြီးမှာတော့ လူစုကွဲသွားခဲ့ပြီး ကိုယ့်အုပ်စုနဲ့ ကိုယ် ပါတီပွဲကို ဆက်လက်ဆင်နွှဲခဲ့ကြပါတယ်။ ပြီးတော့ အလီရှာက ရက်ရှ်ဖို့ဒ်ကို ကျေးဇူးတင်စကား ပြောခဲ့ပါတယ်” လို့ထုတ်ဖော် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ရက်ဖို့ဒ်ဟာ အလှူအတန်းလည်း ရက်ရောသလို ကူညီပေးတတ်တဲ့ ပရဟိတ စိတ်ဓာတ်ကြောင့် ပုံရိပ်ကောင်းလည်း ရှိသူ ဖြစ်ပါတယ်။ အခုလို အမျိုးသမီး တစ်ခုကို ကူညီလိုက်တဲ့ အပြုအမူကလည်း ထပ်ပြီး ချီးကျူးစရာ ဖြစ်လာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ ပြီးခဲ့တဲ့ ဗီလာအသင်းနဲ့ ပွဲစဉ်မှာ အနိုင် ၃မှတ်ရယူနိုင်ခဲ့တာကြောင့် ၃၂ပွဲ ကစားအပြီးမှာ ရမှတ် ၆၃မှတ်ဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ကစားခွင့်ရရန် အတွက် များစွာ အခြေအနေကောင်း နေတာပဲ ဖြစ်ပါတယ်။