ဒီည ဘရိုက်တန်နဲ့ ပွဲ မတိုင်ခင် မန်ယူ ကစားသမားတွေရဲ့ ဒဏ်ရာရ အခြေအနေတွေအား တန်ဟက် အသိပေး

မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်က ဘရိုက်တန်နဲ့ ပွဲမတိုင်ခင် သတင်းစာရှင်းပွဲမှာ ကစားသမားတွေရဲ့ ဒဏ်ရာရ အခြေအနေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မန်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက အက်စ်တွန်ဗီလာကို ၁-၀ နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဒီဇာဘီရဲ့ ဘရိုက်တန် အသင်းကလည်း ချန်ပ်ီယံလိဂ်ဝင်ခွင့်ရဖို့ နီးစပ်နေတာဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

တန်ဟက်ကတော့ ဗာရာနီနဲ့ တိုမီနေးလ်တို့ ဒဏ်ရာ ရနေဆဲဖြစ်ပြီး ဂါနာချိုလည်း ပြန်လနိုင်ဖို့ လိုနေသေးတယ်လို့ ဆိုပါတယ်။ အာဂျင်တီးနသားဟာ မတ်လ ၁၂ ရက်နေ့က ဆောက်သမ်တန်ကို ဂိုးမရှိ သရေကျကတည်းက မပါဝင်နိုင်တာဖြစ်ပါတယ်။

“ဗာရာနိက တိုမီနေးလ်ထက် နီးစပ်ပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ အခုလာမယ့် ၂ ပွဲကို ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဂါနာချိုလည်း မကြာခင်မှာ ပြန်လာနိုင်မှာပါ”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။

ဂါနာချိုဟာ မကြာသေးခင်တုန်းက ၂၀၂၈ မတိုင်ခင်အထိ စာချုပ်သစ်ချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။ တန်ဟက်က အသက် ၁၈ နှစ်သားကို အသင်းမှာ ပုံမှန်ကစားခွင့်ပေးချင်နေပါတယ်။

“ပထမဆုံး ပြောချင်တာက စာချုပ်သစ်က သူ့ကိုဆုချတာပါ အဲ့တာက ဆုတစ်ခုပါပဲ။ သူက နောက်ဆုံးခြေလှမ်းအထိ လုပ်နိုင်တယ်ဆိုတာ သိပါတယ်။ အခုက ပြန်လည်စတင်ရမယ့်အချိန်ပါ။ ဘာလို့လဲဆိုတော့ တောင်းဆိုမှုက မြင့်မားတာကြောင့်ပါ။

တောင်းဆိုမှုမြင့်မားလာတာနဲ့အမျှ သူ့အနေနဲ့ သန်မာအောင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အလုပ်ကြိုးစားမှလည်း နေရာတစ်နေရာရလာမှာပါ။ အဲ့တာက လူငယ်တွေအတွက် အခွင့်အရေပါ။ ဒါပေမယ့် သူတို့က အဲ့တာနဲ့ ထိုက်တန်ပါတယ်။ ဂါနာချိုက အနာဂတ်မှာတောက်ပလာမယ့် လူငယ်ပါ။ သူက ပွဲထွက်လူစာရင်းနဲ့ ထိုက်တန်ပါတယ်”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။

ဒီည မန်ယူနဲ့ ပွဲမှာ ဘရိုက်တန် နည်းပြ ဒီဇာဘီ ဖျားနေတာကြောင့် သူ့အသင်းကို ကြီးကြပ်နိုင်ဖွယ် မရှိသေးဘူး လို့လည်း သတင်း ထွက်နေပါတယ်။