မန်ယူ ရှုံးခဲ့တာ သူ့ လက်ထိဘော ပင်နယ်တီကြောင့်တင် မဟုတ်ဘူးလို့ စိတ်ပျက်စွာ ဆိုလာတဲ့ လုခ်ရှော
မနေ့ညက ရှုံးပွဲမှာ ဘရိုက်တန် ဘက်ကို ပွဲပြီးခါနီးမှ သူ့လက်ထိဘောကြောင့် ပင်နယ်တီ ပေးခဲ့ရတာက ရူးမိုက်လွန်းတဲ့ အမှား ဖြစ်ကြောင်း မန်ယူ နောက်ခံလူ လုခ်ရှောက ဝန်ခံစကား ဆိုခဲ့ပါတယ်။
ဒါပေမယ့် ပွဲ အရှုံးရလဒ်အတွက်တော့ စောတည်းက ဂိုး မသွင်းနိုင်ခဲ့တဲ့ အသင်းဖော်တွေ အပေါ် ရှောက ပြစ်တင် စကား ဆိုခဲ့ပြန်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ပွဲပြီးတော့မယ့် နောက်ဆုံး မိနစ်၊ ပွဲချိန် ၉၈ မိနစ်ကျမှ ရှောရဲ့ လက်ထိဘောကြောင့် ယူနိုက်တက်တို့ ပင်နယ်တီ ပေးခဲ့ရပြီး ထို ပင်နယ်တီကိ မက် အယ်လစ်စတာက အမှားအယွင်း မရှိ ကန်သွင်းခဲ့တာကြောင့် ယူနိုက်တက်တို့ သရေ ရလဒ်တောင် မယူနိုင်ခဲ့ဘဲ အရှုံးနဲ့ ကြုံခဲ့ရတာပါ။
ရှောက ” ကျနော်တို့ ပြသနာက ဘာလဲ ဆိုတာ သိပါတယ်၊ ပြသနာကတော့ ကျနေ်ာတို့ ဂိုး မသွင်းနိုင်တာပဲ။ ပထမပိုင်းမှာ ဆိုရင် ကျနော်တို့ အခွင့်အရေးကြီး ၃-၄ ကြိမ်လောက်ကို ရတယ်၊ ဂိုးသွင်းနိုင်ခဲ့သင့်တာ။ ဒါမျိုးက ဒီရာသီ အတော်ကြီးကို ကြုံနေရတယ်လို့ ထင်တယ်။
ပထမပိုင်းကသာ အခွင့်အရေးတွေ အသုံးချနိုင်ရင် ကျနေ်ာတို့ ၃-၀ နဲ့ ဦးဆောင်နေပြီ။ ဒါပေမယ့် အဆုံးမှာတော့ ကျနော့် အမှားက သက်ရောက်မှုကြီး ဖြစ်သွားတယ်။ ဒါပေမယ့် အခွင့်အရေးတွေ ရတဲ့အချိန်မှာ ဂိုးတွေ သွင်းနိုင်ခဲ့သင့်တာ။
စောစောကသာ ဂိုးတွေ သွင်းနိုင်ရင် ပွဲက အတော်ကြီး ခြားနာသွားမှာ။ ကျနော်တို့ လုံလောက်တဲ့ ထက်မြက်မှု မရှိခဲ့ဘူး။ ဒါကလွဲရင် ဘာပြောရမှန်းတောင် မသိဘူး။ အဆုံးမှာ ရမယ့် တစ်မှတ်တောင် ဆုံးရှုံးသွားစေခဲ့မိတယ်။ ဒါပေမယ့် ပထမပိုင်းကို ကြည့်ရင် ကျနော်တို့ ၃-၀ ဖြစ်နေသင့်တာဗျာ။ ” လို့ ရှောက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လက်ထိဘောနဲ့ ပတ်သတ်ပြီးလည် ရှောက ” သိပ်ကို နာကျင်စေတာပေါ့ဗျာ။ နောက်ဆုံး မိနစ် နောက်ဆုံး လှုပ်ရှားမှုမှာ ဖြစ်သွားတာ။ ကျနော် နည်းနည်း ထိမိသွားခဲ့တယ်။ ဒါပေမယ့် လက်က အဲဒီမှာကို မရှိနေခဲ့သင့်တာပါ။ ဒါ ကျနော့် အမှားပါပဲ။
ဒါက ပွဲကို သက်ရောက်မှုကြီး ဖြစ်သွားခဲ့တယ်။ တကယ်ကို ခက်ခဲ့ပါတယ်။ ကျနော့် လက်မောင်း ဘာလို့ အဲဒီမှာ ဘာလို့ ရောက်နေလဲ ရှင်းတောင် မရှင်းပြတတ်တော့ပါဘူး။ ” လို့ ပွဲအပြီးမှာ စိတ်ပျက်စွာ ဆိုခဲ့ပါတယ်။