တနင်္ဂနွေနေ့ည ကန်မယ့် ဝက်စ်ဟမ်း – မန်ယူ ပွဲအတွက် ဘီဘီစီ ဆရာကြီး ခရစ်ဆက်တန်ရဲ့ သုံးသပ်ချက် ထွက်ပါပြီ

ဒီအပတ် ပရီးမီးယားလိဂ်မှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ လန်ဒန်အခြေစိုက် ကလပ် ဝက်စ်ဟမ်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ကစားကြမယ့် ပွဲချိန်ကတော့ မနက်ဖြန် တနင်္ဂနွေနေ့ည ၁၂ နာရီခွဲမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က ဝက်စ်ဟမ်း v မန်ချက်စတာ ယူနိုက်တက် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ကိစ္စတွေ ပြောင်းလဲနိုင်သေးပေမယ့် အခုချိန်မှာ ဝက်စ်ဟမ်းတို့ တန်းတင်ကျရစ်ဖို့ရာ ရမှတ် အနည်းငယ်တော့ လိုနေပါတယ်။ သူတို့က တန်းဆင်းဇုန် ထိပ်ဆုံးနားက ဖောရက်စ်ထက် ၄ မှတ်ပဲ သာနေတာပါ။ ဂိုးကွာခြားချက်မှာတော့ ပိုကောင်းပါတယ်။

ဒီပွဲမှာတော့ ဝက်စ်ဟမ်းက ရမှတ်တွေ ရမှာ မဟုတ်ပါဘူး။ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူစာရင်းက ဒဏ်ရာပြဿနာတွေ ရှိနေတယ်ဆိုပေမယ့် သူတို့အသင်းမှာ အရည်အချင်းကောင်းတွေ ရှိပါတယ် အထူးသဖြင့် ကောင်တာ-တိုက်စစ်လို အခြေအနေမှာပေါ့။ သူတို့ ချက်ခြင်းကြီး ရလဒ်တွေ ဆိုးရွားမှာ မဟုတ်ပါဘူး။

တကယ်တမ်းမှာ မန်ချက်စတာ ယူနိုက်တက်က နိုင်ပွဲတွေရဖို့ နည်းလမ်း ရှာနေရတယ်။ သူတို့အပေါ် အပြည့်အဝကြီး တော့ ယုံကြည်လို့ မရဘဲ ဒီပွဲက အကြိတ်အနယ် ရှိမယ်လို့ ထင်ပါတယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်။ ။ ဝက်စ်ဟမ်း ၁-၂ မန်ချက်စတာ ယူနိုက်တက်