မန်ယူ စိတ်ကြိုက် ခေါ်ခန့်ထားတဲ့ နည်းပြကြီး တန်ဟက်က ဆိုးရှားလောက်တောင် မစွံဘူးလို့ ဝေဖန်မှုတွေ ထွက်ပေါ်
မန်ချက်စတာ ယူနိုက်တက် လက်ရှိ နည်းပြ အဲရစ်တန်ဟတ် လက်ထက် မန်ယူအသင်းဟာ နည်းပြဟောင်း ဆိုးရှား လက်ထက် မန်ယူအသင်းထက် ရှုံးပွဲတွေ ပိုများနေတယ်ဆိုတဲ့ စစ်တမ်းတစ်ရပ် ထွက်လာပါတယ်။
မန်ယူနိုက်တက်ဟာ သူတို့ စိတ်ကြိုက် စောင့်ကြည့်ပြီးမှ ခန့်အပ်ထားတဲ့ နယ်သာလန်သား နည်းပြရဲ့ လက်အောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်ခုတည်းမှာတင် ရှုံးပွဲက ၉ ပွဲအထိ ရှိထားပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

တန်ဟတ် မတိုင်ခင် ယခင် နည်းပြဟောင်း ဆိုးလ်ရှားလက်ထက် မန်ယူဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာဆိုရင် ပရီးမီးယားလိဂ် ရှုံးပွဲ ၈ ပွဲ၊ ၂၀၂၀-၂၁ ဘောလုံးရာ သီမှာဆိုရင် ရှုံးပွဲ ၆ ပွဲပဲ ရှိခဲ့တာပါ။
ဒါပေမဲ့ လက်ရှိဘောလုံးရာသီ နည်းပြ တန်ဟတ်လက်ထက်မှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ရှုံးပွဲ ၉ ပွဲအထိ ရှိလာခဲ့ပါပြီ။
ဒီအချက်အလက်တွေကို လီဗာပူးကစားသမားဟောင်းဖြစ်တဲ့ ဟိုဆေးအင်းနရစ်က ထောက်ပြခဲ့တာဖြစ်ပြီး နော်ဝေသား နည်းပြရဲ့ ၂ ရာသီ စွမ်းဆောင်ရည်ဟာ ပရီးမီးယားလိဂ်မှာတော့ တန်ဟတ်ထက် သာလွန်နေတယ်ဆိုတာကို ဆွဲထုတ်ပြခဲ့တာ ဖြစ်ပါတယ်။
အသင်းရဲ့ ဂန္ထဝင် ကစားသမားဟောင်း တစ်ယောက်ဖြစ်တဲ့ ဆိုးရှား လက်ထက် ၂၀၂၀-၂၁ ဘောလုံးရာသီမှာဆိုရင် မန်ယူဟာ ၆ ပွဲပဲ ရှုံးခဲ့တာဖြစ်ပြီး ရာသီပြီးသွားချိန်မှာ အဆင့် ၃ နေရာကို အရ ယူနိုင်ခဲ့ပါတယ်။
မန်ယူအသင်းနဲ့အတူ ၂၀၂၁ ယူရိုပါလိဂ် ဖိုင်နယ်အဆင့်အထိရောက်ခဲ့တဲ့ ဆိုးရှား ဟာ ယူနိုက်တက်နည်းပြအဖြစ်နဲ့ ဖလား ရခဲ့တာမျိုးတော့ မရှိပါဘူး။
တန်ဟတ်ကတော့ အသင်းကို စရောက်လာတဲ့ နှစ်မှာတင် ကာရာဘောင်ဖလားကို ရယူနိုင်ခဲ့သလို အက်ဖ်အေ ဖလား ဗိုလ်လုပွဲအဆင့်ကိုလည်းရောက်နေပါတယ်။
ဒါပေမဲ့ ပရီးမီးယားလိဂ်ကို အသားပေးတဲ့ သရဲနီပရိသတ်တွေကတော့ တန်ဟတ်ဟာ ဆိုးရှား လောက်တောင် မစွံဘူးလို့ လူမှုကွန်ရက်မှာ ဝေဖန်နေကြပါတယ်။
” ဆံပင်တစ်ချောင်းမှ မရှိတဲ့ တန်ဟတ်က ဆိုးလ်ရှားထက် ဆိုးပါတယ်ကွာ ” လို့ ရေးသားခဲ့ပါတယ်။
ဒုတိယတစ်ယောက်ကတော့ ” ဆိုးလ်ရှားရေ၊ ခင်ဗျားကို ကျွန်တော် တောင်းပန်ရတော့မှာပဲ။ ခင်ဗျားက အခုလောက်တော့ မဆိုးသေးဘူးဗျာ။ အခုအချိန်ကစပြီး တန်ဟတ်ကို ကျွန်တော် ရာထူးက ထုတ်လိုက်ပြီ ” လို့ ရေးခဲ့ပါတယ်။
တတိယ တစ်ယောက်ကလည်း ” တန်ဟတ်က ဒီလောက်မဟုတ်ဘူး။ ဆိုးလ်ရှားက ပိုကောင်းတဲ့ မှတ်တမ်းရှိတယ်” လို့ ရေးသားခဲ့ပါတယ်။
နောက်ထပ် တစ်ယောက်ကလည်း ” တန်ဟတ်က အကြံအဖန် လုပ်သွားတာပါ။ သူနဲ့ ဆိုးရှားကြားမှာ ပြောစရာရှိတာဆိုလို့ ကာရာဘောင်ဖလားပဲ ရှိတယ်” လို့ ရေးသားခဲ့ပါတယ်။