ဆိုးလ်ရှားတုန်းကထက်တောင် ရှုံးပွဲ ပိုများနေတဲ့ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း
နယ်သာလန်နိုင်ငံသား နည်းပြကြီး တန်ဟက်ရဲ့ ပထမဆုံးရာသီတွင် ပရီးမီးယားလိဂ်တစ်ခုတည်းမှာပင် ရှုံးပွဲက ၉ ပွဲ အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်တွင် ဆိုးလ်ရှားရဲ့လက်အောက် ၂ ရာသီထက် တန်ဟက်ရဲ့လက်ထက်မှာ ရှုံးပွဲပိုများနေတာ ဖြစ်ပါတယ်။ လီဗာပူး ကစားသမားဟောင်းဖြစ်တဲ့ ဂျိုဆေးအင်းနရစ်က အဆိုပါအချက်ကို တွစ်တာမှာ ထောက်ပြခဲ့ပြီး ဆိုးလ်ရှားကိုင်တွယ်ခဲ့တဲ့ ၂ ရာသီထက် ရှုံးပွဲပိုများနေတာလည်း ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ယူနိုက်တက်ဟာ ဆိုးလ်ရှားကိုင်တွယ်ခဲ့တဲ့ ၂၀၁၉-၂၀ ရာသီတွင် ၈ ပွဲ၊ နောက်တစ်ရာသီတွင် ၆ ပွဲရှုံးနိမ့်ခဲ့ကာ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နဲ့ ၂ တို့တွင် အသီးသီးရပ်တည်နိုင်ခဲ့ပါတယ်။
သို့သော်လည်း ၂၀၂၁-၂၂ ရာသီအစတွင် ကစားပုံကျဆင်းခဲ့ပြီး ၁၂ ပွဲတွင် ၅ ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက် နော်ဝေနိုင်ငံသားရဲ့နည်းပြ အလုပ်ကတည်း အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။
ဆိုးလ်ရှားဟာ အိုးထရက်ဖို့ဒ်နည်းပြအဖြစ် ဆုဖလားရယူပေးနိုင်ခဲ့ခြင်းမရှိဘဲ ၂၀၂၁ ခုနှစ် ယူရိုပါလိဂ်ဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
တန်ဟက်ကတော့ ကာရာဘောင်ဖလားကို ရယူထားနိုင်ပြီး နောက်ထပ် ဖလားရရှိဖို့ အက်ဖ်အေဖလား ဖိုင်နယ်သို့ ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။ သို့သော်လည်း အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ယူနိုက်တက် ပရိသတ်တွေကတော့ အေဂျက်စ်နည်းပြဟောင်းရဲ့အကြောင်းကို ပြောနေကြပြီဖြစ်ပါတယ်။
“တန်ဟက်က ဆိုးလ်ရှားက ပိုပြီးဆိုးရွားပါတယ်” လို့ ပရိသတ်တစ်ဦးက ရေးသားထားပါတယ်။ ဒုတိယ တစ်ဦးကတော့ “ဆိုးလ်ရှားရေ ခင်ဗျားအပေါ် အကြွေးတင်မိတဲ့အတွက် တောင်းပန်လိုပါတယ်။ ခင်များက ဒီလောက်အထိ မဆိုးခဲ့ပါဘူး။ တန်ဟက်ကို အသင်းကနေ ထွက်သွားစေချင်ပါတယ်” လို့ရေးသားထားပါတယ်။ ”
ကျွန်တော့်အတွက်တော့ တန်ဟက်က ဆိုးလ်ရှားကို ပြန်မြင်ရသလိုပါပဲ” လို့ တတိယတစ်ဦးက ဟာသလုပ်ထားပါတယ်။ “တန်ဟက်ထက် ဆိုးလ်ရှားကမှာ မှတ်တမ်းကောင်းရှိပါတယ်” စတုတ္ထမြောက် ပရိသတ်က ရေးသားထားပါတယ်။
“ဆိုးလ်ရှားနဲ့ တန်ဟက်ကြား ကွာဟချက်ကတော့ ကက်စ်မဲရိုးပါပဲ။ ဒီ့ထက်ပိုပြီး ပြောစရာမရှိပါဘူး” လို့ ပဉ္စမမြောက် ပရိသတ်က ပြောထားပါတယ်။ ဆဌမမြောက် ပရိသတ်ကလည်း “တန်ဟက် လိမ်ညာနေတာက ဆိုးလ်ရှားနဲ့ သူနဲ့ကြားကွာဟချက်က ကာရဘောင်ဖလားပါပဲ” လို့ ပြောထားပါတယ်။
နောက်တစ်ဦးက ရော်နယ်ဒိုရဲ့ ပရိသတ်ဖြစ်ပုံရပြီး “သူ့ရဲ့လုပ်ဆောင်မှုနဲ့အတူ တန်ဟက် CR 7 ကို အဆုံးသတ်ခဲ့တာပါ။ တန်ဟက်က ဆိုးလ်ရှားထက် ပိုကောင်းအောင်လုပ်နိုင်တဲ့ နည်းပြဟုတ်ရဲ့လား” လို့ ပြောထားပါတယ်။
တန်ဟက်ရဲ့ ၉ ပွဲမြောက်ရှုံးပွဲဖြစ်တဲ့ ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့ရခြင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အပေါ် သက်ရောက်မှုတွေရှိလာခဲ့ပါတယ်။ ရာသီအစမှာ ရလဒ်ကောင်းခဲ့သော်လည်း မတ်လ အန်ဖီးလ်တွင် လီဗာပူးကို ၇-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ လက်ရှိ အချိန်မှာလည်း ကလော့ပ်အသင်ရဲ့ အထက် ၁ မှတ်အသာဖြင့်သာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဆိုးလ်ရှားကိုင်တွယ်ခဲ့တဲ့ ၂ ရာသီအတွင်း နိုင်ပွဲ ရာခိုင်နှုန်းက ၅၁.၃၁ ဖြစ်ပြီး လက်ရှိအချိန်အထိ တန်ဟက် အတွက်ကတော့ ၅၅ သာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ စိတ်ပျက်ဖွယ်ရလဒ်ဖြစ်ခဲ့ပြီးနောက် တန်ဟက်ဟာ အသင်းကို ပြန်လည် တည်ဆောက်ဖို့အတွက် ကြိုးစားနေရတာဖြစ်ပါတယ်။