အနားယူ အားပြည့်နေတဲ့ မန်ယူအသင်း ဒီအပတ် ကြမ်းပြီ လို့ ဟောကိန်းထုတ်လိုက်တဲ့ ပေါမာဆန်ကြီး

တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဝုဗ် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ကစားကြမယ့် ပွဲချိန်ကတော့ မနက်ဖြန် စနေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲ အချိန် ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က မန်ချက်စတာ ယူနိုက်တက် နဲ့ ဝုဗ် အသင်းတို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

” ကျနော်ကတော့ ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် အနိုင်ရဖို့ မျှော်လင့်ပါတယ်။ ဝက်စ်ဟမ်းကို ရင်ဆိုင်တုန်းက ယူနိုက်တက်တို့ ခြေစွမ်း ညံ့ဖျင်းထားခဲ့ပြီး အခုချိန်မှာတော့ ကာလတစ်ခု ကြာအပြီးမှာ ပထမဆုံးအဖြစ် တစ်ပတ် အပြည့် နားရက် ရခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်က ဒီပွဲကို အနိုင်ရဖို့ လိုပါတယ်။ ဒီပွဲကို ရှုံးသွားမယ်ဆိုရင် သူတို့အပေါ် ဖိအားတွေ တိုးသွားပါလိမ့်မယ်။ သူတို့ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ဆိုရင် ရာသီကုန်ထိ ၃ ပွဲ အနိုင်ရဖို့ လိုအပ်နေပါတယ်။

သရဲနီတေါအတွက် ပွဲစဉ်ဇယားတွေက အညှာအတာ ကင်းလွန်းနေတယ် ဆိုပေမယ့် ဒီပွဲကတော့ ခြားနားပါတယ်။ ဝုဗ်ကို ရင်ဆိုင်ပြီး ယူနိုက်တက်တို့ စွမ်းဆောင်ရည် ကောင်းမယ်လို့ ကျနော် မျှော်လင့်ထားတယ်။ ” လို့ ပေါမာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန်ကြီးရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၃-ဝ ဝုဗ် ဖြစ်ပါတယ်။