ဒီည မသေချာတဲ့ ရက်ရှ်ဖို့ဒ်၊ ဝေဖန်သူတွေအား ပြန်ထောက်တဲ့ ဘရူနို၊ ဗီလာဂိုးသမားကို ချိန်နေခြင်းနဲ့ နောက်ဆုံးထွက် မန်ယူ သတင်းများ

ဒီအပတ် ဝုဗ်နဲ့ ကစားမယ့်ပွဲမှာ မန်ယူအသင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တစ်ယောက် ပါဝင်ဖို့ မသေချာသေးကြောင်း သိရပါတယ်။

အရည်အသွေး ရှိတဲ့ ကစားသမား တော်တော် များများက မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာချင်နေကြပြီး ဒီနွေမှာ ကစားသမားတွေ ခေါ်ဖို့ စည်းရုံးရတာ အတော် လွယ်ကူလာမှာ ဖြစ်ကြောင်း နည်းပြ တန်ဟက်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒဏ်ရာ ရနေခဲ့တဲ့ ဗာရန်းဟာ မန်ချက်စတာ ယူနိုက်တက်တို့ မန်စီးတီးနဲ့ ကစားရမယ့် FA ဖလား ဖိုင်နယ်ပွဲမှာ ကြံ့ခိုင်မှု အပြည့်နဲ့ပါဝင်ကစားပေးဖို့ အခွင့်အလမ်းကောင်းနေပြီလို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က ရာသီအစလောက်က ယူနိုက်တက် အသင်းအပေါ် သံသယ ရှိနေခဲ့သူတွေဟာ အဆင့် ၆ အတွင်းတောင် ဝင်နိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ကြတာကို ပြန်ထောက်ပြလိုက်ပါတယ်။

မန် ယူနိုက်တက်၊ ချယ်ဆီးနဲ့ စပါးတို့ဟာ ဗီလာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို ခေါ်ဖို့ စိတ်အား ထက်သန်နေပါတယ်။ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ရှိနေပေမယ့် သူ့စာချုပ်မှာ စာချုပ် ဖျက်သိမ်းကြေး မပါတာကြောင့် ဗီလာအတွက် အသာစီးရနေတဲ့ အနေအထား ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ပစ်မှတ် ဂျာရီယန် တင်ဘာဟာ စိတ်ပျက်စရာ ရာသီအပြီး အေဂျက်ကနေ ထွက်ခွာဖို့ အခွင့်အရေး ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

ဂလေဇာ မိသားစု ဟာ သူတို့ပိုသဘောကျတဲ့ ကမ်းလှမ်းသူအဖြစ် ဆာဂျင်ရတ်ကလစ်ကို ရွေးချယ်လိုက်ပြီး မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချဖို့အတွက် အဆင်သင့် ဖြစ်နေပါပြီ။ ပိုင်ရှင်သစ်လက်ထက်မှာ ဂလေဇာတို့က ရှယ်ယာရှင်တွေ အဖြစ် ဆက်ရှိနေမှာပါ။

မန်ယူ၊ အာဆင်နယ်၊ စပါးတို့ စိတ်ဝင်စားနေတဲ့ ခံစစ်မှူး မက်ဂူဟီကို ဒီနွေမှာ ပဲလေ့စ်တို့ ရောင်းချမယ်ဆိုရင် အသင်းဟောင်း ချယ်ဆီးဟာ ပေါင် ၁၀ သန်းကျော် ကော်မရှင် ပြန်ရဖို့ ရှိနေပါတယ်။

မန်ယူအသင်းနည်းပြ တန်ဟတ်ဂ်ကတော့ ၎င်းတို့ရဲ့ လက်ရှိ အသင်းဟာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်လိုက်ပါက အများကြီး တိုးတက်ပြောင်းလဲလာကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်း နောက်ခံလူဟောင်း ဂျွန်အိုရှေးလ်ဟာ အိုင်ယာလန် လက်ရွေးစင် အသင်းနဲ့ ပူးပေါင်းဖို့အတွက် စတုတ် နည်းပြအဖွဲ့ထဲမှ နှုတ်ထွက်လိုက်ကြောင်း သတင်းရရှိပါတယ်။