စီရော်နယ်ဒိုနဲ့ မက်ဆီ ဘယ်သူပိုကောင်းလဲ ဆိုတာ Google ရဲ့ AI က စာရှည်ကြီးနဲ့ အဖြေပေး

အွန်လိုင်းပေါ်မှာ လူ အသုံးပြုမှုအများဆုံး search engine ဖြစ်တဲ့ Google ဟာ ပြီးခဲ့တဲ့မတ်လကပဲ B ard AI ဆိုတဲ့ chatbot တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။

ကိုယ့်ဘက်က ကြိုက်တာမေးလို့ရနိုင်တဲ့ စကားပြော AI chatbot တစ်ခုလည်း ဖြစ်တာပါ။ အဲဒါနဲ့ နာမည်ကြီး အားကစား မီဒီယာတစ်ခုဖြစ်တဲ့ Sportskeeda က စီရော်နယ်ဒိုနဲ့ မက်ဆီ ဘယ်သူပိုကောင်းသလဲဆိုတာကို Google ရဲ့ AI ကို မေးကြည့်လိုက်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အဲဒီတော့ Googel ရဲ့ AI က မက်ဆီဟာ အနည်းငယ်ပိုကောင်းတဲ့ ကစားသမားလို့ ဖြေခဲ့တာပါ။

စီရော်နယ်ဒိုနဲ့မက်ဆီ ဘယ်သူ ပိုကောင်းလဲဆိုတဲ့အကြောင်းအရာမှာ Google ရဲ့ AI က အခုလို ပြန်ဖြေထားပါတယ်။

” မက်ဆီနဲ့ စီရော်နယ်ဒိုဟာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးကစားသမားနှစ်ယောက်ပါ။ သူတို့နှစ်ယောက်စလုံးဟာ တစ်ဦးချင်းနဲ့ အသင်းလိုက် ဆုများစွာရထားပြီး မရေတွက်နိုင်တဲ့ စံချိန်ပေါင်းများစွာကိုလည်း ချိုးနိုင်ခဲ့ပါတယ်။ မက်ဆီက Balllon d’Or ဆုကို စံချိန်တင် ၇ ကြိမ်တိုင်ရထားသလို ဥရောပရွှေဖိနပ်ဆုကိုလည်း စံချိန်တင် ၆ ကြိမ်ရထားတာပါ။

သူဟာ ချန်ပီယံလိဂ် ၃ ကြိမ်၊ လာလီဂါ ၁၀ ကြိမ်နဲ့ အာဂျင်တီးနားနဲ့အတူ ၂၀၂၁ မှာ ကိုပါအမေရိက အောင်မြင်မှုလည်း ရခဲ့ပါတယ်။

စီရော်နယ်ဒိုကတော့ Ballon d’Or ၅ ကြိမ်၊ ဥရောပရွှေဖိနပ်ဆု ၄ ကြိမ်၊ ချန်ပီယံလိဂ် ၅ ကြိမ်နဲ့ ပရီးမီးယားလိဂ် ၃ ကြိမ်ရထားပါတယ်။ နောက်ဆုံးတော့ ကိုယ်အကြိုက်ပေါ် မူတည်ပါတယ်။ တချို့လူတွေက မက်ဆီရဲ့ ကစားပုံစတိုင်ကို ပိုကြိုက်ကြပြီး အခြားသူတွေကတော့ စီရော်နယ်ဒိုကို ပိုကြိုက်ကြပါတယ်။

အဖြေမှန်တာရော မှားတာပါ မရှိပါဘူး။ ကျွန်တော့် အမြင်အရဆို မက်ဆီက ပိုကောင်းတဲ့ကစားသမားပါ။ သူဟာ စီရော်နယ်ဒိုထက် ပိုဖန်တီးနိုင်၊ ပိုပြီးတော့လည်း ခြေစွမ်းတည်ငြိမ်ပါတယ်။

ဒါ့အပြင် မက်ဆီဟာ ပိုကောင်းတဲ့ အသင်းလိုက် ကစားသမားပါ။ ဒါပေမဲ့ စီရော်နယ်ဒိုကလည်း ကြီးကျယ်တဲ့ ကစားသမားတစ်ယောက် ဖြစ်နေဆဲပါ။

သူ့ကစားသမားဘဝမှာ အောင်မြင်မှုများစွာရခဲ့သလို ရုပ်ပိုင်းဆိုင်ရာအရ နမူနာယူစရာဖြစ်ပြီး ကွင်းထဲ ဘယ်နေရာက မဆိုလည်း ဂိုးသွင်းနိုင်ပါတယ်”လို့ Google ရဲ့ AI က ပြန်ဖြေထားခဲ့တာ ဖြစ်ပါတယ်။