ကစားသမားကောင်းတွေ အများကြီး မန်ယူကို လာချင်လွန်းလို့ တန်းစီနေပြီ ဆိုလာတဲ့ တန်ဟက်

အဲရစ် တန်ဟက်က ယခုနွေရာသီမှာ အရည်အသွေးရှိတဲ့ ကစားသမားအများအပြားက မန်ချက်စတာယူနိုက်တက်ကို လာချင်နေကြတယ်လို့ ပြောကြားခဲ့ပြီး အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာအောင် စည်းရုံးဖို့က အများကြီး ပိုမို လွယ်ကူလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ တန်ဟက် ပထမဆုံး တာဝန်ယူခဲ့တဲ့ နွေရာသီတုန်းက ထိပ်တန်းပစ်မှတ်ဖြစ်တဲ့ ဖရန်ကီ ဒီယုံးကို မခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး လပေါင်းများစွာ ပြောဆိုခဲ့ပြီးနောက် ဘာစီလိုနာမှာပဲ ဆက်နေဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ထိပ်တန်းအဆင့်ကစားသမားတွေကို ဆွဲဆောင်နိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပေမယ့်လည်း တန်ဟက်က ဒီတစ်ကြိမ်မှာတော့ ၎င်းရဲ့ ပစ်မှတ်တွေကို အရခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။

ဒါ့အပြင် အသင်းအပေါ် ခံယူချက်ကလည်း ဒီရာသီတလျှောက်လုံးမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ကာ အသင်းက ပိုကောင်းလာတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ကြီးမားတဲ့ ကွဲပြားခြားနားမှုကို ကျွန်တော် မြင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကစားသမားတွေနဲ့ စကားပြောတဲ့အခါမှာ သံသယတွေ အများကြီးရှိနေခဲ့ပါတယ်။ အခုတော့ ကစားသမားအများအပြားက စီမံကိန်းကို မြင်နေကြပြီ။ ဘာတွေဖြစ်နေလဲ။ ဒီစီမံကိန်းရဲ့ တက်ကြွမှုနဲ့ရည်မှန်းချက်တွေ အထူးသဖြင့် အရည်အသွေးကို မြင်နေကြပါပြီ။ သူတို့တွေ တကယ်လာချင်နေကြပါတယ်။ ကျွန်တော် အဲဒါကို သတိထားမိတယ်။”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ တိုက်စစ်မှူး ခေါ်ယူဖို့ ကြိုးပမ်းရာမှာလည်း မအောင်မြင်ခဲ့ပေမယ့်လည်း ယခုနွေ ရာသီမှာတော့ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟာရီကိန်းနဲ့ နာပိုလီတိုက်စစ်မှူး အိုဆီမန်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

အခြား ပစ်မှတ် ကစားသမားတွေ ရှိနေသေးပေမယ့် တန်ဟက်ရဲ့ နွေ ဦးစာပေးကိစ္စကတော့ တိုက်စစ်မှုးကောင်း အရင် ရရေး ဖြစ်နေပါတယ်