ပွဲဦးထွက် ရာသီမှာတင် ခြေစွမ်းတွေ ကောင်းလွန်းလို့ မာတီနက်ဇ်တို့ လစာ တိုးပါတော့မယ်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ အသင်းနဲ့ အတူ တောက်ပတဲ့ ပွဲဦးထွက်ရာသီကို ပိုင်ဆိုင်ထားတဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် အား လစာတိုးပေးတော့မှာ ဖြစ်ပါတယ်။

အင်္ဂလန်မှာ သူ့ရဲ့ ပထမဆုံး ၂ပွဲဟာ ပရိသတ်တွေနဲ့ သုံးသပ်သူတွေထံကနေ ဝေဖန်မှုတွေ ခံခဲ့ရပြီး သူဟာ ပရီးမီးယားလိဂ်မှာ နောက်ခံလူအနေနဲ့ ကစားဖို့ အရမ်း လူကောင် သေးလွန်းတယ်လို့ အများက ယူဆခဲ့ကြတာပါ။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါပေမယ့် သူက အဲ့ဒီ့ဝေဖန်မှုတွေကို မြန်မြန်ပဲ တုံ့ပြန်ခဲ့ပြီး လိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူတစ်ယောက်အဖြစ် သူ့ကိုယ်သူ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ မာတီနက်ဇ် ကို အေဂျက်ကနေ ပေါင်သန်း ၆၀ နီးပါးပေးပြီး ခေါ်ယူခဲ့ကာ အိုးလ်ထရက်ဖို့ဒ်မှာ တစ်ပတ်လုပ်ခ ပေါင် ၁၂၀,၀၀၀ ပေးထားပါတယ်။

ဒါပေမယ့် ယူနိုက်တက်က သူ့ကို တစ်ပတ်လုပ်ခ ပေါင်၅သောင်း ထပ်တိုးပေးပြီးတော့ ချီးမြှင့်ဖို့ ရည်ရွယ် စီစဉ်နေတာပါ။

လစာ တိုးပေးမှာဖြစ်ပေမယ့်လဲ လက်ရှိစာချုပ်က နောက် ၄နှစ်အထိ သက်တမ်းကုန်ဦးမှာမဟုတ်သေးလို့ စာချုပ်သစ်တော့ ချုပ်မှာ မဟုတ်ဘဲ လစာကိုပဲ ပြင်ဆင်မှာ ဖြစ်ပါတယ်။

နည်းပြ အဲရစ်တန်ဟက်ကလဲ အသင်းမှာ မာတီနက်ရဲ့ အရေးပါမှုကို ဒီလိုနည်းနဲ့ အသိအမှတ်ပြုတဲ့အပေါ် ကြိုဆိုခဲ့တယ် လို့ သိရပါတယ်။