တန်ဟက် ကြိုက်နေတဲ့ ဘိုင်ယန်ကွင်းလယ်၊ ဂါနာချို အောင်ပွဲခံဟန်၊ အိုဆင်ဟန်၊ ရာဘီရော့ဘ်တို့နဲ့ နောက်ဆုံးရ မန်ယူ သတင်းထူးများ

မန်ချက်စတာ ယူနိုက်တက်ဟာ နွေရာသီမှာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ရိုင်ယန် ဂရာဗင်ဘက်ချ်ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ အဲရစ်တန်ဟက်က သဘောကျသူ ဖြစ်ပေမယ့် လီဗာပူး၊ မန်စီးတီးတို့နဲ့ အပြိုင်ကြိုးစားရမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဝုဗ် အသင်းတို့ အို့ထရက်ဖို့ဒ် ကွင်းအတွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် လူငယ်ကစားသမား ဂါနာချိုရဲ့ ဂိုးသွင်းပြီး အောင်ပွဲခံပုံစံက ပရိတ်သတ်တွေကို အမြန်ဆန်းစေခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ပွဲအပြီးမှာ ဂါနာချိုက ‘ကျွန်တော် ဘောလုံးကစားခြင်းကို ချစ်မြတ်နိုးပါတယ်။ ဒီလိုပါပဲ အန်ဇိုရေ ငါမင်းကို စောင့်ကြိုနေပါတယ်”ဆိုတဲ့ စာသားနဲ့အတူ အောင်ပွဲခံနေတဲ့ ပုံနဲ့တကွ အင်စတာဂရမ်မှာ ပူးတွဲ ပို့စ်တင်ကာ သူ့ ရင်သွေးလေး အတွက် ရည်ရွယ်ကြောင်း ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

မန်ယူနဲ့ နဲ့ နယူးကာဆယ်တို့ဟာ ပီအက်စ်ဂျီမှ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်လူ ရာဘီရော့ကို အပြိုင်အဆိုင် ချိတ်ဆက်သွားမယ် သတင်းထွက်နေပါတယ်။

နာပိုလီ တိုက်စစ်မှုး အိုဆင်ဟန် ကို ခေါ်ယူရေးမှာ မန်ချက်စတာ ယူနိုက်တက်က ရှေ့ဆုံးကနေ အလေးသာနေကြောင်း အီတလီ သတင်းတွေက ဖော်ပြနေပါတယ်။

မန်ယူနိုက်တက်ဟာ နောက်ရာသီမှာ အဲဗာတန်ကွင်းလယ်လူ အိုနာနာကို ခေါ်ဖို့ စိတ်ဝင်စားနေပေမယ့် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀လောက် ပေးရမှာ ဖြစ်ပါတယ်။ အဲဗာတန်ဟာ မနှစ်က သူ့ကို ပေါင် ၃၃သန်းနဲ့ ဝယ်ူခဲ့တာဖြစ်ပေမယ့် အခုချိန်မှာ သန်း ၅၀ ရမှသာ သူ့ကို လက်လွှတ်ပေးမှာပါ။

မန်ယူ ကစားသမားဟောင်း ဖြစ်သူ အိုဝင် ဟားဂရေ့ဗ် က ဝုလ်ဗ် နဲ့ ပွဲစဉ်မှာ အခွင့်အရေးတွေကို လွဲချော်ခဲ့ရတဲ့ တောင်ပံတိုက်စစ် ကစားသမားဖြစ်သူ အန်တိုနီ ဟာ အဆုံးသတ် စွမ်းရည်ပိုင်း တိုးတက်ဖို့ လိုအပ်နေကြောင်း ပြောခဲ့လိုက်ပါတယ်။