တန်ဟက် ပြန် ပစ်မှတ်ထားလာတဲ့ ကစားသမားကြောင့် စိတ်ဝမ်းကွဲကုန်ကြတဲ့ မန်ယူ ပရိသတ်များ

လာမယ့် နွေရာသီဈေးကွက်မှာ ဂျူဗင်တပ် ကွင်းလယ်လူ အေဒရီယန် ရာဘီယော့ကို မန်ယူအသင်းဆီ ခေါ်တော့မယ်ဆိုတဲ့ သတင်းကြောင့် သရဲနီပရိသတ်တွေ အချင်းချင်း သဘောထားကွဲလွဲမှုတွေ ဖြစ်လာခဲ့ပါတယ်။

ပြင်သစ်က လာတဲ့ သတင်းတွေအရ နည်းပြ အဲရစ်တန်ဟတ်ဟာ လာမယ့် နွေရာသီမှာ ရာဘီ ယော့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်မယ်လို့ သိရပြီး ကက်စ်မီရိုရဲ့ အရန် ကစားသမားအနေနဲ့ အစားထိုးဖို့ ခေါ်ဖို့ ကြိုးစားမှာဖြစ်တယ်လို့ ဆိုပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ချက်စတာ ယူနိုက်တက်ဟာ ရာဘီယော့ကို ခေါ်ဖို့အတွက် ပြီးခဲ့တဲ့ နွေရာသီက တည်းက ကြိုးစားခဲ့တဲ့ အသင်းဖြစ်ပြီး ကစားသမားရဲ့ မိခင်က ဝင်ပြီး ရှုပ်ခဲ့လို့သာ အပြောင်းအရွှေ့ မဖြစ်ခဲ့တာပါ။

ဒါပေမဲ့ အသက် ၂၈ နှစ်အရွယ် ရာဘီယော့ဟာ ရာသီအကုန်မှာ ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်း ကုန်တော့မှာဖြစ်တဲ့အတွက် ပြင်သစ်သားဟာ နည်းပြ တန်ဟတ်ရဲ့ ရေဒါထဲကို ပြန်ရောက်လာပြီဖြစ်ပြီး အဆက်အသွယ် လုပ်ခဲ့ပြီးဖြစ်တယ်လို့ ပြင်သစ်သတင်းဝက်ဘ်ဆိုက် L’Equipe က ရေးသားဖော်ပြပါတယ်။

ဒီလိုသတင်းထွက်လာချိန်မှာ ရာဘီယော့နဲ့ ပတ်သက်ပြီး အလိုမကျတဲ့ ပရိသတ်တွေရှိသလို သဘောကျတဲ့ ပရိသတ်တွေ ရှိနေတာကိုလည်း တွေ့ရပါတယ်။

“မလုပ်ပါနဲ့ကွာ။ ဘောင်မဝင်တဲ့ ကိစ္စကြီးပါ ” လို့ ပရိသတ် တစ်ယောက်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါ တယ်။

” ကျေးဇူးပြုပြီး မခေါ်ပါနဲ့ကွာ ” လို့ မန်ယူအသင်းကို အားပေးတဲ့ ဂျပန် နိုင်ငံသား တစ်ယောက်ကလည်း လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

နောက်ထပ်တစ်ယောက်ကလည်း ” ဒီကောင်က ၂၈ နှစ်တောင် ရှိနေပြီလေ။ လူငယ်တွေနဲ့ ပိုပြီးကောင်းအောင် လုပ်ရမှာပါဟ” လို့ ရေးသားခဲ့ပါတယ်။

မန်ယူအသင်း အားပေးသူ တခြား ပရိသတ်တစ်ယောက်ကတော့ ” ဘာလို့လဲဟ။ ဒီလို မဟုတ်တရုတ်တွေ ငါတော့ မလိုချင်ဘူးကွာ ” လို့ ရေးသားခဲ့ပါတယ်။

ဒါပေမဲ့ ရာဘီယော့ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး လိုလိုလားလားရှိတဲ့ သရဲနီ ပရိသတ်တွေကလည်း ဟိုဘက်ရပ်ကွက်မှာ ရှိနေပြန်ပါတယ်။

” မိုးရွာ တုန်း ရေခံထားဟ။ ကြာနေလို့မရဘူး ” လို့ သရဲနီ ပရိသတ် တစ်ယောက်က တွစ်တာမှာ ရေးခဲ့ပါတယ်။

ဒုတိယ တစ်ယောက်ကတော့ ” မိုက်ပြီဟေ့။ ငါကတော့ ရာဘီယော့ကို ကြိုက်တယ်။

တတိယ တစ်ယောက်ကလည်း ” ကောင်းဖို့အတွက် ခေါ်တာပဲလေ။ ပိုက်ဆံမပေးဘဲ ရမှာဖြစ်လို့ ငါတော့ ဘာမှ မပြောလိုပါဘူး ” လို့ ရေးသားခဲ့ပါတယ်။

နောက်ထပ် တစ်ယောက်က တော့ ” အဓိပ္ပာယ်ရှိတယ်။ သူက ပုံမကျဘူးဆိုရင် ငါတို့ ရောင်းပစ်မယ်လေ။ အမြတ်ရတာပေါ့” လို့ ရေးသားခဲ့ပါတယ်။