ပြင်းထန်တဲ့ ဖာမီနို ဒဏ်ရာ၊ ဆန်ချိုအတွက် စိတ်မကောင်းသူ၊ အာဆင်နယ်ပစ်မှတ်နဲ့ နံနက်ခင်း သတင်းများ
လီဗာပူး တိုက်စစ်မှုး ဖာမီနို ရထားတဲ့ တံကောက်ကြော ဒဏ်ရာက ပြင်းထန်ကြောင်း နည်းပြ ကလော့ပ်က အတည်ပြုလိုက်ပြီး နိုင်ငံပွဲတွေ အပြီးမှာတောင် ပြန် ပါဝင် ကစားနိုင်ဖို့ မသေချာဘူးလို့ ပွဲကြိုရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။
လီဗာပူး အသင်းဟာ ဂိုးသမား ကာရီးယက်စ်ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ရောင်းထုတ်နိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ အသက်၂၈ နှစ်အရွယ် ဂိုးသမားကို ဇန်နဝါရီမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာခွင့်ပြုမှာပါ။
ကာတာကလပ် အယ်ဆတ်က သူတို့အနေနဲ့ စာချုပ်ဖျက်သိမ်းကြေး သဘောတူညီမှု ရရှိအပြီးမှာ ဇာဗီကို ဘာစီလိုနာထံ ရောင်းချဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း အတည်ပြု သတင်း ထုတ်ပြန်ခဲ့ပါတယ်။

မန်ယူအသင်းမှာ တိုက်စစ်ကစားသမားဆန်ချို ရုန်းကန်နေရတာနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်း လီဗာပူးဂန္ထဝင်ဟောင်း ဂျွန်ဘန်းစ် က ဆိုလိုက်ပါတယ်။
မန်ယူအနေနဲ့ ဆန်ချိုကိုခေါ်ခဲ့တာ အမှားမဟုတ်ဘဲ စီရော်နယ်ဒိုကို ခေါ်ခဲ့တာသာ အမှားဖြစ်နိုင်ကြောင်း၊ မန်ယူရဲ့ဟန်ချက်ဟာ ညီမျှခြင်းမရှိကြောင်း ဘန်းစ်က သုံးသပ်ခဲ့ပါတယ်။
ဘာစီလိုနာရဲ့ ဇန်နဝါရီ ဦးစားပေး ပစ်မှတ်က လိုက်ပဇစ်တောင်ပံကစားသမားအိုမိုကို ခေါ်ယူရေးဖြစ်ကြောင်း AS က ဖော်ပြထားပါတယ်။
အက်သလက်တီကိုအနေနဲ့ အင်တာမီလန်ကွင်းလယ်လူ ဘရိုဇိုဗစ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။ ဘရိုဇိုဗစ်ရဲ့ စာချုပ်သက်တမ်းဟာ ရာသီကုန်မှာကုန်ဆုံးမှာဖြစ်ပြီး သူ့ကို ဘိုင်ယန်နဲ့ ပီအက်စ်ဂျီတို့က စောင့်ကြည့်နေကြပါတယ်။
အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ဆိုစီဒက်တိုက်စစ်မှူး အီဆစ်က တချိန်မှာ ပရီးမီးယားလိဂ်မှာ ကစားရရင် ပျော်စရာ ကောင်းမှာ ဖြစ်ပေမယ့် လောလောဆယ် လက်ရှိကလပ်မှာပဲ ပျော်နေတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
မန်ယူ ကွင်းလယ်ကစားသမား ပေါ့ဘာ ဟာ သူကိုယ်တိုင်က ကို မန်ချက်စတာ ကလပ်နဲ့ စာချုပ် သက်တမ်းတိုးမြှင့်လိုခြင်း မရှိတော့တာဖြစ်ကြောင်း မန်ချက်စတာ သတင်းဌာနကက ဖော်ပြထားပါတယ်။

ZG
လီဗာပူး တိုက္စစ္မႈး ဖာမီနို ရထားတဲ့ တံေကာက္ေၾကာ ဒဏ္ရာက ျပင္းထန္ေၾကာင္း နည္းျပ ကေလာ့ပ္က အတည္ျပဳလိုက္ျပီး နုိင္ငံပြဲေတြ အျပီးမွာေတာင္ ျပန္ ပါဝင္ ကစားနုိင္ဖို႔ မေသခ်ာဘူးလို႔ ပြဲၾကိဳရွင္းလင္းပြဲမွာ ေျပာဆိုသြားခဲ့ပါတယ္။
လီဗာပူး အသင္းဟာ ဂိုးသမား ကာရီးယက္စ္ကို ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ေရာင္းထုတ္ႏုိင္ဖုိ႔ ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္။ အသက္၂၈ ႏွစ္အရြယ္ ဂိုးသမားကို ဇန္န၀ါရီမွာ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႔ ထြက္ခြာခြင့္ျပဳမွာပါ။
ကာတာကလပ္ အယ္ဆတ္က သူတုိ႔အေနနဲ႔ စာခ်ဳပ္ဖ်က္သိမး္ေၾကး သေဘာတူညီမႈ ရရွိအၿပီးမွာ ဇာဗီကို ဘာစီလိုနာထံ ေရာင္းခ်ဖုိ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ေၾကာင္း အတည္ျပဳ သတင္း ထုတ္ျပန္ခဲ့ပါတယ္။
မန္ယူအသင္းမွာ တိုက္စစ္ကစားသမားဆန္ခ်ိဳ ရုန္းကန္ေနရတာနဲ႔ပတ္သက္ၿပီး စိတ္မေကာငး္ျဖစ္မိေၾကာငး္ လီဗာပူးဂႏၳ၀င္ေဟာငး္ ဂၽြန္ဘန္းစ္ က ဆိုလိုက္ပါတယ္။
မန္ယူအေနနဲ႔ ဆန္ခ်ိဳကိုေခၚခဲ့တာ အမွားမဟုတ္ဘဲ စီေရာ္နယ္ဒိုကို ေခၚခဲ့တာသာ အမွားျဖစ္ႏုိင္ေၾကာငး္၊ မန္ယူရဲ႕ဟန္ခ်က္ဟာ ညီမွ်ျခင္းမရွိေၾကာငး္ ဘန္းစ္က သံုးသပ္ခဲ့ပါတယ္။
ဘာစီလိုနာရဲ႕ ဇန္န၀ါရီ ဦးစားေပး ပစ္မွတ္က လိုက္ပ္ဇစ္ေတာင္ပံကစားသမားအိုမိုကို ေခၚယူေရးျဖစ္ေၾကာင္း AS က ေဖာ္ျပထားပါတယ္။
အက္သလက္တီကိုအေနနဲ႔ အင္တာမီလန္ကြင္းလယ္လူ ဘရိုဇုိဗစ္ကို ေခၚယူႏဳိင္ဖုိ႔ ႀကိဳးပမး္လ်က္ ရွိေနပါတယ္။ ဘရုိဇုိဗစ္ရဲ႕ စာခ်ဳပ္သက္တမ္းဟာ ရာသီကုန္မွာကုန္ဆံုးမွာျဖစ္ၿပီး သူ႔ကို ဘိုင္ယန္နဲ႔ ပီအက္စ္ဂ်ီတုိ႔က ေစာင့္ၾကည့္ေနၾကပါတယ္။
အာဆင္နယ္ ပစ္မွတ္ထားေနတဲ့ ဆုိစီဒက္တုိက္စစ္မွဴး အီဆစ္က တခ်ိန္မွာ ပရီးမီးယားလိဂ္မွာ ကစားရရင္ ေပ်ာ္စရာ ေကာင္းမွာ ျဖစ္ေပမယ့္ ေလာေလာဆယ္ လက္ရွိကလပ္မွာပဲ ေပ်ာ္ေနတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။
မန္ယူ ကြင္းလယ္ကစားသမား ေပါ့ဘာ ဟာ သူကိုယ္တိုင္က ကို မန္ခ်က္စတာ ကလပ္နဲ႕ စာခ်ဳပ္ သက္တမ္းတိုးျမွင့္လိုျခင္း မရွိေတာ့တာျဖစ္ေၾကာင္း မန္ခ်က္စတာ သတင္းဌာနကက ေဖာ္ျပထားပါတယ္။