ဂျင်း တစ်ယောက် ဖြစ်နေတဲ့ ဆန်ချို မန်ယူကနေ ထွက်သွားဖို့ နည်းလမ်း တစ်ခုပဲ ရှိတယ်လို့ ဖာဒီနန် ဖွင့်ချ
မန်ချက်စတာ ယူနိုက်တက် မျှော်လင့်ချျက် ကြီးကြီး ထားပြီး ခေါ်ယူခဲ့တဲ့ အင်္ဂလန် တောင်ပံ တိုက်စ်စသမား ဂျေဒန် ဆန်ချို ဟာ ဒေါ့မွန် အသင်းမှ မန်ယူအသင်းဆီ ပြောင်းလာခဲ့တဲ့နောက် ခြေစွမ်းကောင်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာခဲ့တဲ့နောက် ပြိုင်ပွဲစုံ ၇၅ ပွဲအထိ ပါဝင် ကစားထားခဲ့ရာမှာ ကိုယ်တိုင် ၁၁ ဂိုး သွင်း ၊ ၅ ကြိမ်သာ ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ် ။ ဒါ့ဟာ ပေါင် သန်း ၇၀ ကျော်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားအတွက် ဝေဖန်စရာ ဖြစ်ခဲ့ရပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အခုတော့ လာမယ့်နွေမှာ မန်ချက်စတာ ယူနိုက်တက် အသင်းမှ ဆန်ချို ထွက်ခွာကောင်း ထွက်ခွာသွားနိုင်တယ်လို့ ဖော်ပြနေခဲ့ ကြပါသေးတယ်။
ဒါပေမဲ့ ယူနိုက်တက် ဂန္တဝင် ဖာဒီနန် က ဆန်ချိုရဲ့ မြင့်မားတဲ့ လစာကြောင့် အပြောင်းအရွှေ့ ဖြစ်လာမှာ မဟုတ်ကြောင်း နဲ့ ဖြစ်နိုင်ခြေ ရှိတဲ့ တစ်ခုတည်းသော နည်းလမ်းကို ပြောခဲ့လိုက်ပါတယ်။
” အချက်အလက် တစ်ခုကို ပြောပြရမယ်ဆိုရင် ဆန်ချိုလို ကစားသမားမျိုး အတွက် ပေးချေရတဲ့ လစာငွေ ဟာ မြင့်မားလှပါတယ် ။ သူ့လို ကစားသမားမျိုးကို အသင်းမှ ထွက်ခွာစေဖို့ ဆိုတာကြီးက ခက်ခဲလွန်းလှပါတယ် ”
” အကယ်လို့ တစ်စုံတစ်ယောက်က သူ့ရဲ့ကစားပုံကို ကြည့်ရှုပြီး မင်းက တစ်ဝက်ပဲ တန်တယ်လို့ ပြောဖြစ်မယ်ဆိုရင် သူဟာ အဲ့ဒီ လစာငွေ နဲ့ အသင်းပြောင်းမှာ မဟုတ်ပါဘူး ။ အငှား ပြောင်းရွှေ့တာမျိုးကတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ” လို့ ဖာဒီနန် က ပြောဆိုခဲ့လိုက်ပါတယ်။
မန်ယူ နည်းပြဟောင်း အိုလီ ဂန်နာ ဆိုးလ်ရှား က အင်္ဂလန်သားကို ညာတောင်ပံတိုက်စစ် ပြသနာကို ကာလရှည် ဖြေရှင်းပေးနိုင်မယ့် ကစားသမား အဖြစ် သတ်မှတ်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ကစားသမား ကိုယ်တိုင်က မျှော်လင့်ထားသလို မတောက်ပနိုင်ခဲ့ပါဘူး။
ဒါ့ကြောင့် ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟတ် က အဆိုပါ နေရာအတွက် အေဂျက်ဇ်အသင်းမှ တပည့်ဟောင်း ဖြစ်သူ အန်တိုနီ ကို ခေါ်ယူပြီး အင်အားဖြည့်တင်းခဲ့လိုက်တာပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက် ဆန်ချို ရဲ့ ပွဲထွက်ခွင့်တွေ အကန့်အသတ် ဖြစ်သွားခဲ့ရပါတယ်။