မန်ယူကနေ ထွက်တော့မယ့် ဖီးဂျုံးစ် ကို နည်းပြ တန်ဟက်က ဘယ်နှမိနစ်ပဲ တွေ့ခဲ့ဖူးလဲ ဖော်ထုတ်လာ
မန်ချက်စတာ ယူနိုက်တက်ရဲ့ ဝါရင့် နောက်ခံလူကြီး ဖီးဂျုံးစ် ဟာ ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးပြီ ဖြစ်လို့ မန်ချက်စတာ ကနေ အလွတ်နဲ့ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
မက်ဂွဲရားမတိုင်ခင် ယူနိုက်တက်ရဲ့ Lord တစ်ဦးအဖြစ် လှောင်ပြောင် ထိုးနှက်မှုများစွာ ရင်ဆိုင်ခဲ့ရတဲ့ ဖီးဂျုံးစ်ဟာ မန်ချက်စတာကလပ်မှာ ၁၂ နှစ်ကြာ ရှိနေခဲ့သူပါ။ သူဟာ ဆာအဲလက်စ် ဖာဂူဆန်နဲ့အတူ ၂၀၁၂ မှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒီနွေမှာတော့ ယူနိုက်တက်ကို လက်ပြနှုတ်ဆက်သွားမယ့် ဖီးဂျုံးစ်နဲ့ ပတ်သတ်ပြီး ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ အခုလို မှတ်ချက်ပြုခဲ့ပါတယ်။
” ဟုတ်ကဲ့။ ကျနော် သူ့ကို ဒီနှစ်ထဲ ထရိန်နင်မှာ မြင်ရတာက မိနစ် ၂ဝ လောက်ပါပဲ။ အဲဒါ ပထမဆုံး အကြိမ်ပဲ။
သူက ကောင်းမွန်တဲ့ ကစားသမားဘဝ ပိုင်ဆိုင်ထားသူပါ။ သူ ရရှိထားခဲ့တာတွေက အက်ဖ်အေဖလား၊ နောက် ယူရိုပါလိဂ်၊ ကမ္ဘာ့ဖလားမှာ နှစ်ကြိမ် ပါဖူးသလို မန်ချက်စတာ ယူနိုက်တက်မှာ တကယ့် ကစားသမား လမ်းကြောင်း ကောင်းတွေ ရှိခဲ့တယ်။ ဒါတွေကို အသိအမှတ် ပြုရပါမယ်။ ” လို့ တန်ဟက်က ဆိုခဲ့တာပါ။
ဖီးဂျုံးစ် မရှိတော့တဲ့နောက် ယူနိုက်တက်မှာ ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖူးတဲ့ ကစားသမားက ဒီဂီယာ တစ်ဦးတည်း ကျန်ရှိပါတော့မယ်။ မန်ချက်စတာ ယူနိုက်တက် အတွက် ဖီးဂျုံး နောက်ဆုံး ကစားပေးခဲ့တာကတော့ ပြီးခဲ့တဲ့ ရာသီကုန်တုန်းက ဘရန့်ဖို့ဒ်ကို ၃-၀ နဲ့ နိုင်တဲ့ပွဲ ဖြစ်ခဲ့ပါတယ်။
ခံစစ်မှူးကတော့ ယူနိုက်တက်ကို ခွဲခွာရတာက ခက်ခဲကြောင်းနဲ့ ကလပ်မှာ ကြံ့ခိုင်နေဖို့၊ ပွဲတွေ အများကြီး ကစားနိုင်ဖို့ ကြိုးစားခဲ့ပါကြောင်း လူမှုကွန်ယက်ကနေ နှုတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။