ကွန်တီရဲ့ တစ်ကျော့ပြန် ပရီးမီးယားလိဂ် ပွဲဦးထွက်က ရှုံမယ်ဆိုတဲ့ အိုဝင်ရဲ့ ဟောကိန်း

စပါးအသင်းဟာ အင်တာနဲ့ နွေရာသီတုန်းက လမ်းခွဲခဲ့တဲ့ အန်တိုနီယို ကွန်တီ ကို ခေါ်ယူ ခန့်အပ် လိုက်ပြီဖြစ်ကာ ဒီအပတ် အဲဗာတန်နဲ့ပွဲက စတင်ပြီး တာဝန်ယူမှာဖြစ်ပါတယ်။

ကွန်တီ စပါး ကို ရောက်လာပါပြီ။ လေ့ကျင့်ခန်းတွေကို စတင်ကြီးကြပ်ခဲ့သလို မနေ့ညက ကွန်းဖရန့်လိဂ် ပွဲကိုတောင် စတင် တာဝန်ယူခဲ့ ပါပြီ။ ဒါပေမယ့် အသင်းကို ချက်ချင်းကြီး ဆွဲတင်ဖို့ကတော့ ဖြစ်နိုင်ဖို့ ခဲယဉ်းမှာပါ။ အချိန်တခုတော့ ပေးရဦးမှာပါ။

ကွန်တီဟာ ရောက်လေရာ အသင်းတိုင်းလိုလို မှာ အောင်မြင်မှုတွေ ဆွတ်ခူး နိုင်ခဲ့တာကြောင့်လည်း ၂၀၀၉ ကတည်းက ဖလား မရတော့တဲ့ တော့တင်ဟမ် ဟော့စပါး ကို အသက်သွင်း ပေးနိုင်မလားဆိုတာ သိလိုစိတ် ပြင်းတဲ့ မေးခွန်းတခု ဖြစ်နေတာ အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် ပထမဆုံးတော့ ပရီးမီးယားလိဂ်ပွဲမှာ ရလဒ်ကောင်းမှာ မဟုတ်ဘူးလို့ အိုဝင်က ဆိုပါတယ်။

အိုဝင်က ” ရာဖာရဲ့ အပြာရောင်တွေက အခုဆို ရှုံးပွဲ ၃ ပွဲ ဆက်နေပြီ။ သူ့ အပေါ် ဖိအားတွေကတော့ တော်တော် ရှိနေမှာပါ။ တနင်္လာနေ့ကပွဲမှာ ပွဲချိန် ဒုတိယပိုင်းမှာ အသင်း စိတ်ဓာတ်ကောင်း တချို့ ပြသခဲ့ပေမယ့် လုံလောက်တဲ့နားကို မရောက်လိုက်ပါဘူး။

စပါးရဲ့ ပြီးခဲ့တဲ့အပတ်က ယူနိုက်တက်နဲ့ ပွဲ ခြေစွမ်းက ဆိုးဝါးလွန်းခဲ့ပါတယ်။ အိမ်ကွင်းမှာ ဆိုးဝါးလွန်းပြီး ဂိုးပေါက်တည့်တဲ့ ကန်ချက် တစ်ကြိမ်မှကို မရှိတာ မြင်ခဲ့ရတာက ဘုတ်အဖွဲ့အတွက် လုံလောက် သွားခဲ့တယ် ထင်တယ်။

အန်တိုနီယို ကွန်တီကတော့ မှတ်တမ်းတွေနဲ့ သက်သေရှိပြီးသား အောင်နိုင်သူပါ။ ဒါပေမယ့် သူက စပါးအသင်းကို ဘယ်လောက် မြန်မြန် ပြောင်းလဲ ပေးနိုင်မလဲ ?

ဒီပွဲက ဘင်နီတက်ဇ် အတွက် ပွဲကြီး တစ်ပွဲလို့ ခံစားမိနေတယ်။ အဲဗာတန်ကပဲ ကပ်နိုင်သွားမယ် ကျနော် ထင်တယ်။ ကွန်တီက သူ့ရဲ့ စပါးအသင်းကို သေချာ စီမံ ပြင်ဆင်ဖို့ လုံလောက်တဲ့အချိန် မရသေးပါဘူး ” ဆိုပြီး ခန့်မှန်းခဲ့သလို ရလဒ်ကိုတော့ အဲဗာတန် ၂-၁ တော့တင်ဟမ် စပါး ရယ်လို့ ဟောကိန်း ထုတ်သွားခဲ့ပါတယ်။