စကေးလ် အပြချင်လွန်ပြီး ဂွမ်းနေတဲ့ အန်တိုနီ အား မန်ယူ ပရိသတ်တွေ ဒေါကန်နေကြ
မန်ချက်စတာ ယူနိုက်တက်ပရိသတ်များဟာ မနေ့က ဘုန်းမောက်နှင့် ကစားခဲ့တဲ့ ပွဲစဉ်မှာ မိုက်မဲစွာနဲ့ ဘုန်းမောက် နောက်ခံလူတွေ ခေါင်းပေါ်ကနေ ဘောလုံးကို ကျော်ဖြတ်ဖို့လုပ်ရာမှာ မအောင်မြင်ခဲ့တဲ့ အန်တိုနီရဲ့ လှည့်ကွက်တွေကို ဝေဖန်ခဲ့ကြပါတယ်။
အသက် ၂၃ နှစ်အရွယ် ဘရာဇီးသား ဟာ ဘုန်းမောက်နှင့်ရင်ဆိုင်ခဲ့ရသော ယခုတစ်ပတ် ပွဲစဉ်တွင် ဘုန်းမောက် နောက်ခံလူတွေကို ရဲရဲတင်းတင်းနဲ့လှည့်စားဖို့ကြိုးစားပေမယ့် အောင်မြင်ခဲ့ခြင်းမရှိခဲ့ပါဘူး။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ပြီးတော့ ရှက်စရာကောင်းတဲ့ အခိုက်အတန့် အပေါ် သရဲနီပရိသတ်တွေက သူ့ကို ဆိုရှယ်မီဒီယာမှာ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
တစ်ဦးက “အဲဒီမှာ အန်တိုနီ ကြိုးစားခဲ့တဲ့ မိုက်မဲမှုက ဘာလဲ။”
နောက်တစ်ယောက်ကတော့ “အန်တိုနီ အဲဒီနေရာကို စမ်းကြည့်တာ ဘာအသုံးမကျတဲ့ အရည်အချင်းရှိလဲ”
တတိယတစ်ယောက်က “ငါ့မျက်လုံးတွေက ငါ့ကိုလှည့်စားနေတာလား ဒါမှမဟုတ် အန်ထော်နီက နောက်ခံလူကို ကျော်ဖို့ကြိုးစားတာလား”
စတုတ္ထတစ်ယောက်က “အန်တိုနီရဲ့ ဦးနှောက်မှာ တစ်ခုခုမှားနေပြီ။ ဘောလုံးကို ဘုန်းမောက်နောက်ခံလူ ခေါင်းပေါ်ကနေကျော်ဖို့ ကြိုးစားတာ ဘောလုံးက မြောက်တက်သွားအောင်မလုပ်ပဲ သူ့နောက်ကျောကို သူ့ဖိနပ်နဲ့ပဲ ရိုက်မိနေတာလား?” ဆိုတဲ့ မှတ်ချက်တွေနဲ့ ရေးသားဝေဖန်ခဲ့ကြပါတယ်။
အန်တိုနီဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၄၆ ပွဲကစားပြီး ၁၀ ဂိုးသွင်းယူကာ ၅ ဂိုးဖန်တီးထားပါတယ်။
သူ့ရဲ့ စွမ်းဆောင်ရည်တွေက ယူနိုက်တက်ရဲ့ ပရိတ်သတ်တွေနဲ့ ဝေဖန်သူတွေကြားမှာ အမြင်ကွဲလွဲစေခဲ့ပါတယ်။
ယူနိုက်တက်ဂန္ထဝင် ပီတာရှမိုက်ကယ်ကလည်း ယခုလအစောပိုင်းက ဘရိုက်တန်ကိုရှုံးခဲ့သောပွဲစဉ်အပြီး ဘရိုက်တန် ကစားသမား မက်အဲလစ်စတာကို ရန်ပြုခဲ့တဲ့လုပ်ရပ်အတွက် တောင်အမေရိကတောင်ပံကစားသမား အန်တိုနီအား ဒေါသတကြီးဝေဖန်ခဲ့ပါတယ်။
“ကျွန်တော်သူ့ရဲ့တုံ့ပြန်တာတွေကိုမကြိုက်ဘူး၊ ဒါကအရူးလိုလုပ်ရပ်ပဲ၊ သူကအနီကတ်မထိပဲ ကွင်းထဲမှာနေနေတာ ကံကောင်းပါတယ်၊ နောက်ပြီး ပြိုင်ဖက်တွေကိုလည်း နိုင်အောင်မစွမ်းဆောင်နိုင်တဲ့အပြင် သူကဒီလိုတုံ့ပြန်တယ်။ ယူနိုက်တက် ကစားသမားတစ်ယောက်အနေနဲ့ အဲလိုလက်စားချေတာ မလုပ်သင့်ဘူး။ ၊ ဘောလုံးပွဲတွေမှာ အဲလို လုပ်လို့မရဘူး။” လို့ ပီတာရှမိုက်ကယ်က ဝေဖန်ခဲ့ပါတယ်။
ထိုကဲ့သို့ တုန့်ပြန်ခဲ့သော အန်တိုနီရဲ့ လုပ်ရပ်ကြောင့် တန်ဟက်အနေနဲ့ ဘရိုက်တန်အသင်းအား ရှုံးနိမ့်ခဲ့သွားခြင်းထက်ပို၍ပင် စိတ်ပျက်မိကြောင်းလဲပြောခဲ့ပါတယ်။