အာဆင်နယ်တော့ မကြိုက်ဘူး၊ မန်ယူ ဆိုရင်တော့ ပြောင်းချင်တယ် လို့ ပေါ်တင် ဆိုလာတဲ့ တိုက်စစ်မှူး

ဒီရာသီ ဘယ်ဂျီယံလိဂ်မှာ တောက်ပနေတဲ့ နိုင်ဂျီးရီးယား တိုက်စစ်သမား ဂစ်အော်ဘန်က အနာဂတ်မှာ ပရီးမီးယားလိဂ် ထံ ပြောင်းရွှေ့ ကစားလိုကြောင်း ထုတ်ပြောလာပါတယ်။

အသက် ၂၀ နှစ်အရွယ် တိုက်စစ်သမားက ဘယ်ဂျီယံကလပ် ဂျန့်အသင်းမှာ ဒီရာသီ သွင်းဂိုး ၂၀ သွင်းထားခဲ့ကာ အလားအလာရှိ တိုက်စစ်သမားအဖြစ် အသင်းကြီးတွေ စတင် မျက်စိကျလာခြင်း ခံရသူပါ။ ဘယ်ဂျီယံ သတင်းစာတွေက အနာဂတ်မှာ ဘယ်လို ကလပ်ထံ သွားကစားလိုသလဲ ကစားသမားလေးရဲ့ အိပ်မက်ကို မေးမြန်းခဲ့ကြတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ယူရိုပါကွန်းဖရန့်လိဂ်မှာ ဟက်ထရစ်သွင်းမှုကြောင့် သတိထားခံလာရတဲ့ အော်ဘန်က ဘဝရဲ့ အရူးသွပ်ရဆုံး အိပ်မက်ကို မေးခံရချိန်မှာ “ အမှတ်ပေးလိဂ်ကြီးတွေမှာ ကစားရဖို့ပေါ့ဗျာ ” လို့ ပြန်ဖြေပေးပါတယ်။

ဒီတလော လန်ဒန်ကလပ် အချို့နဲ့ သတင်းထွက်နေတဲ့အပေါ် သူကပဲ ” ကျနော် ကစားရ သက်သောင့်သက်သာ ရှိမယ့် ကလပ်မှာ ကစားရဖို့ပါပဲ။ ပရီးမီးယားလိဂ်ကတော့ အဓိက အိပ်မက်ပါ။ မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူး ဒါမှမဟုတ် မန်စီးတီးလို ကလပ်တွေမှာ ကစားရဖို့ပေါ့ဗျာ။

အာဆင်နယ်ကိုတော့ အဲ့လောက်ကြီး မကြိုက်လှပါဘူး။ သူတို့က ဆုဖလားတွေ အနိုင်ရမယ့် အသင်းမျိုး မဟုတ်ဘူး။ သူတို့က ဘောလုံးကောင်းကောင်း ကစားမယ်၊ ကစားသမားတွေ ထုတ်ရောင်းမယ် အဲ့လိုမျိုး အသင့်ပါပဲ။

ကျနော်က ကြီးမားတဲ့ ဆုဖလားတွေအတွက် ယှဉ်ပြိုင်လိုတဲ့ ကလပ်တွေထံ သွားချင်တာပါ။ ရီးရဲလ်မက်ဒရစ်ဆိုရင် တီတီတာကာ ကစားဟန်မျိုး မကစားဘူး ဒါပေမယ့် သူတို့က ဖလားပေါင်းစုံ လိုက်သိမ်းနေတာလေ ” လို့ တိုက်စစ်သမားက ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။